Wednesday, January 28, 2026

အထက်ရဲရွာရေကာတာအပေါ် သျှမ်းပြည်နယ်မြစ်ချောင်းများ အတွက် လှုပ်ရှားမှု အဖွဲ့ အမြင် (ဆက်သွယ်မေးမြန်းခန်း)

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ပေါ် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာ စီမံကိန်း ရပ်တန့်ရန် ဒေသခံများ အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုခဲ့သည်။

ရေကာတာ စီမံကိန်းကြောင့် တာလုံကျေးရွာ လယ်ယာမြေများ၊ ကျောင်းများ၊ ဘုရားကျောင်းများနှင့် စေတီပုထိုးများရေလွှမ်းမိုးနိုင်သည်။

ရေကာတာ စီမံကိန်း စတင်ချိန် ၂၀၀၈ ခုနစ် မတိုင်မီ ကတည်း က ဆွေးနွေးမှု မရှိဘဲ ၂၀၁၄ ခုနစ်မှသာ ရေကာတာ ကြောင့် ထိခိုက်မည့် ရွာသားများကို တခြား နေရာသို့ ပြောင်းရွှေ့ပေးမည် ဟု အကြောင်းကြားခဲ့သဖြင့် ဒေသခံများ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

တာလုံကျေးရွာ ဒေသခံ များသည် ရေကာတာကိုဆန့်ကျင်ကြောင်း ကို ယခ င်သမ္မတဦးသိန်း စိန် အစိုးရ လက်ထ နှင့် လက်ရှိ (NLD) အစိုးရလက်အောက်ဖြစ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်များထံသို့ အကြိမ်ကြိမ် တင်ပြ တောင်းဆို သော်လည်း ဒေသခံများ၏ တောင်းဆိုမှု ကို လျစ်လျူရှုခဲ့ကြသည်။

လက်ရှိ ကျောက်မဲမြို့နယ် နမ္မတူ(ခေါ် ) မြစ်ငယ်မြစ်ပေါ် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် ပတ်သတ်ပြီး ဒေသခံများ ကြုံလာနိုင်သည့် ပြသာနာနှင့် သဘာဝ ပတ်ဝန်းကျင် မည်မျှထိခိုက်မှု ရှိနိုင်သည် ကို သျှမ်းပြည်နယ်မြစ်ချောင်းများ အတွက် လှုပ်ရှားမှု အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင် ကို နန်းဆိုင်နွမ် မှ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ နမ္မတူ(ခေါ် ) မြစ်ငယ်မြစ်ပေါ် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် ပတ်သတ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဘယ်လို ရှိနိုင်ပါသလဲ။

ဖြေ ။ ။ သဘာဝ ပတ်ဝန်းကျင်း ရှုထောင့် ကနေ ကြည့်မယ်ဆိုရင် မတည်ဆောက်ခင်ကတည်း က နေရာ ရှင်းလင်းမှုတွေ ရှိတဲ့အတွက် သစ်တော ဖြုန်းတီးမှုတွေ အများကြီးရှိတယ်။ နောက်တခုက ရေကာတာ ဆောက်လုပ်ရင် မြစ်ချောင်း တလျှောက်မှာ ရှိတဲ့ ရေ အရင်း အမြစ်တွေက ပျက်စီးသွားမယ်။ ဇီဝ မျိုးကွဲ တွေပျက်စီးသွားမယ်။

ရေကာတာ ကျိုး သွားရင် သူကို အမှီပြုနေတာတွေ အားလုံး ပျက်စီးသွားမယ်။

နမ္မတူ(ခေါ်) မြစ်ငယ်မြစ်ပေါ် တည်ဆောက်မှာက ရေကာတာ တခုတည်း မဟုတ်ဘူး။ ၄ခု ဆောက်မှာ ဖြစ်ပြီး၊ တခုနဲ့ တခု ကြားမှာ ရေကို ကာထားတဲ့အတွက် သက်ရှိ ဇီဝ မျိုးကွဲ ဖြစ်တဲ့ ကုန်းပေါ် ၊ ရေပေါ် အားလုံး ပျက်သွားမယ်။ နဂို ရှိရင်းစွဲ မြစ်တွေကလည်း ရေသတ္တဝါတွေ ရှိတော့မယ် မဟုတ်ဘူး။ ဥပမာ လက်ရှိ ပေါင်းလောင်း ချောင်း ထဲမှာ ဆိုရင် ငါးက မရှိသလောက် ဖြစ်သွားပြီ။ ရေကာတာ ရှိလာရင် အညစ်အကြေး တွေများလာမယ်။

လူသား အရင်းအမြစ်ကို ကြည့်မယ်ဆိုရင် ရေကာတာ ကြောင့် ထိခိုက်ခံရမယ့် သူတွေ မနည်း ဘူး။ ခြံတွေ မြေတွေ စိုက်ခင်းတွေ လယ်ယာတွေ တနေ့တနေ့ဝင်ငွေ တွက်ကြည့်ရင် ရေကာတာ ဘေးမှာ နေတဲ့သူတွေရဲ့ ဝင်ငွေက နည်းတာ မဟုတ်ဘူး။

ရေကာတာ က ရေကို ပိတ်ရတော့ အပေါ်ပိုင်းမှာ ရေလွှမ်းသွားမယ်။ နောက်တခုက ရေကို လွှတ်လိုက်ရင် ရေအောက်ပိုင်း က ရေလွှမ်းသွားမယ်။

လက်ရှိ တည်ဆောက်မယ့် အထက်ရဲရွာ ရေကာတာ နေရာ က ငလျင်ကြောမှာ ရှိနေတယ်။ ငလျင်ကလည်း ဒီ အရင်တုန်းက လှုပ်ခဲ့ဖူးတယ်။ အဲဒါတွေကလည်း စိုးရိမ်စရာပါ။ ရေကာတာ က ဘယ်လောက်ခံမယ်ဆိုတာ ကျနော်တို့ ပြောလို့မရဘူး။ ပေါက်လာရင် ကျိုးပေါက်လာရင် မထိန်းနိုင်တာတွေ မဖြစ်စေချင်ဘူး။ ထိခိုုက်မှုတွေ က သဘာဝ ပတ်ဝန်းကျင် မက လူသား အသက် တွေ လူသား အသက်မွေးဝမ်းကျောင်းတွေ ဘဝလုံခြံုရေးကလည်း မကာမိဘူး။ ဒါကြောင့် သမ္မတ ဦးသိန်းစိန် လက်ထက် ကနေ လက်ရှိ အစိုးရ လက်ထက်ထိ ကန့်ကွက်နေရခြင်းဖြစ်တယ်။

မေး ။ ။ လက်ရှိ အထက်ရဲရွာ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သတ်ပြီး သဘာဝ ပတ်ဝန်းကျင့် အနေနဲ့ရော မြစ်ချောင်း များ အတွက် လေ့လာသူ အနေနဲ့ ဘယ်လိုတွေ တွေ့ရှိထားပါသလဲ။။

ဖြေ ။ ။ ရေကာတာ ဆောက်ပြီးပေမယ့် လက်ရှိ အသုံးပြု မှု တွေ က ဘယ်မှာ ဘယ်လောက်သုံးမလဲ။ ဘယ်လောက် ထွက်လဲ ဆိုတာ လုပ်တာနဲ့ မှန်းထားတာ မကိုက်ဘူး။

ဒါကြောင့်မလို့ မီးဘယ်လောက်ရပြီလဲ ဆိုတာ မသိရဘူး။

နောက်တခုက အခုဆိုရင် ရေ ကြီးတာတွေဖြစ်ကြတယ်။ မိုးရာသီဆိုရင် ရေကာတာ က ရေ လှောင်နိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် လွှတ်တဲ့အချိန် ဆို အောက်ပိုင်း ဖြစ်တဲ့ မန္တလေး ၊ သီပေါ ဘက်မှာ ရေကြီးတာတွေ ဖြစ်တယ်။

နောက်တခုက ရေကာတာ တည်ဆောက်မယ့်နရာ တွေမှာ လက်နက်ကိုင် အဖွဲ့တွေ အများကြီးရှိတယ်။ အဲ့မှာ လည်း သူလက် ကိုယ့်လက်ဆိုတာလည်း ရှိကြတယ်။ တကယ်လို့အချင်းချင်း မတည့်ကြရင် စစ်ခဏခဏ ဖြစ်ကြမယ့် အပိုင်းတွေ ရှိတယ်။

ထို့အတူ နမ္မတူ တလျောက်မှာ တွင်းထွက်ပစ္စည်းတွေလည်း ရှိတဲ့အတွက်ကြောင့်မလို သူ့တွင်း ကိုယ့်တွင်း ဆိုပြီးတော့ အချင်းချင်း မပြေလည်တာတွေလည်း များတယ်။

လက်တလောမှာ စစ်ပွဲတွေ ရေကြီးမှုတွေ ကလည်း ရှိနေတယ်။ ခြံတွေထိခိုက်မှုတွေ ရှိနေတယ်။ နောက် တခုက ၂၀၁၄မှာ ရွာသားတွေကို ရွေ့ဖို့ ပြောဖို့ ပြောလာတာတွေ ရှိတယ် ဒါတွေကလည်း ဒေသခံတွေ ကျေးရွာတွေကို မထိခိုက်ဘူးလို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ မထိခိုုက်ရင် ရွာသားတွေကို ရွှေ့ပြောင်းစရာ အကြောင်းမရှိဘူး။

မေး ။ ။ ရေကာတာ စီမံကိန်း နဲ့ ပတ်သတ်ပြီး ယခင် အစိုးရ လက်ထက်မှာ ကတည်း က လက်ရှိ အစိုးရတဲ့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် လက်ရှိ အစိုးရ က တာဝန် မရှိဘူးဆိုတဲ့ ပုံစံ တွေ လျစ်လျူရှုမှုတွေ ရှိနေတဲ့အပေါ် ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ ဒါကတော့ သူ (အစိုးရ) ကတော့ တာဝန် ယူရမှာပေါ့။ ဘာအစိုးရပဲဖြစ်ဖြစ် အစိုးရ က အစိုးရပါပဲ။ခေတ်အဆက်ဆက်က လုပ်ထားခဲ့ပေမယ့် ကျနော်တို့ အမြဲတမ်းပြီး တော့ ဒါက ဖြေရှင်းရမယ်။

ဟိုအစိုးရ ဒီအစိုးရနဲ့ မဆိုင်ပါဘူး။ ဥပမာ ကမ္ဘာ ဘဏ်မှာ အကြွေးယူတဲ့အခါ ဘယ်အစိုးရပဲတက်တက် ပြန် ပြီး ဆပ်ရမှာပဲ။ အခုဟာက ကျနော်တို့ ပြည်သူလူထုရဲ့ အသက်ကို ထိခိုက်တဲ့အတွက်ကြောင့် ကျနော်တို့ ဘယ်လို ဖြစ်ဖြစ် ဘယ်အစိုးရပဲတက်တက် ဖြေရှင်းရမယ်။
မေး ။ ။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော် မှာ တင်သွင်းပေမယ့် လျစ်လျူရှုခံနေရတဲ့အပေါ်ရော ဘာများပြောချင်ပါသလဲ။ လက်ရှိ အစိုးရ က ရှမ်းပြည် ပြသာနာကို ရော အရေုးစိုက်မှုတွေ ပြုလုပ်နေတယ်လို့ မြင်ပါသလား။

ဖြေ ။ ။ အစိုးရအနေနဲ့ ပြည်နယ် အရေး မစိုက်လို့ မဟုတ်ပါဘူး။ ရေကာတာ စီမံကိန်း ကိစ္စ က အကျိုးအမြတ်နဲ့လည်းဆိုင်တယ်။ နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု နဲ့လည်းဆိုင်တယ်။ နောက် တခု က သူ (အစိုးရ ) တို့ အပေး အယူတွေနဲ့ လည်း ဆိုင်တယ်။

ရှင်းရှင်းပြောရရင် မြန်မာပြည်က ကျနော်တို့ မြေပဲ ကျနော်တို့ မလုပ်ပါဘူး။ ရေကာတာ က လူထု ထိခိုက်မှုရှိတဲ့အတွက် ရပ်လိုက်ပြီ လို့ ပြောချင်ရင် ပြောတာကြာပြီ။

အဲ့ဒေသတွေက သူတို့ရင်းနှီးမြှပ်နှံလာလုပ်တဲ့ တခြားနိုင်ငံက ပါနေတယ်။ ပါဝင်တဲ့ နိုင်ငံတွေကလည်း မြန်မာ အစိုးရတပ် ကို ထောက်ခံအားပေးနေတဲ့ နိုင်ငံတွေပဲ ဖြစ်နေတယ်။ ဒါ့ကြောင့်မလို့မပြောရဲတာလည်း ပါတယ်။ အဲ့နိုင်ငံတွေနဲ့ ဘယ်လို ညှိ ရမယ်ဆိုတာ ဒါမှ မဟုတ်ရင် ပိုက်ဆံယူထားပြီး အကျိုး အမြတ်တွေ ပါလို့ မပြောရဲတာ ဖြစ်မယ်။ အဲ့ နိုင်ငံရဲ့ သြဇာ အာဏာအောက်မှ ရှိနေတာကြောင့် ခက်ခဲနေတာပါ။

ကျနော်တို့ မြန်မာ ပြည်မှာ အစိုးရ နဲ့လွှတ်တော်လည်း ဆုံးဖြတ်နိုင်တယ် ဒီရေကာတာ ကို ရပ်ဖို့ လူထု ကို ထိခိုက်တယ်ဆိုပြီး လုပ်လို့ရတယ်။ နိုင်ငံကြီး တွေ ရဲ့ သြဇာ တွေ အကျိုးအမြတ်တွေ ကြည့်တာကြောင့် ပါ။

မေး ။ ။ လာအို နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ရေကာတာ ကျိုးဖောက်မှု နဲ့ ပတ်သတ်ပြီး မြန်မာ နိုင်ငံ အနေနဲ့ ဘယ်လို နမူနာ တွေ ယူသင့်ပါသလဲ။

ဖြေ ။ ။ မြန်မာ နိုင်ငံမှာ ရေကာတာ အသစ်တွေ မဆောက်သင့်တော့ဘူး။ ဘာလို့လည်း ဆိုတော့ အဟောင်းတွေကလည်း ဘယ်ဟာ ကောင်းတယ်။ ဘယ်ဟာ မကောင်းဘူး ဆိုတာ စစ်ဆေးရအုံးမယ်။

ယခုနောက်ပိုင်း မြန်မာပြည် မှာ ရေကြီးမှုတွေ တော်တေ်ာများများ တွေ့ရတယ်။ မိုးရွာသွန်းမှုကြောင့် ရေကြီးတယ် ဆိုပြီးပြောကြတယ်။ သဘာဝ အရ မိုးရွာတယ်ဆိုရင် တမျိုးပေါ့။ မိုးရွာတဲ့ အချိန်ကြောင့် ရေတွေ ရေလှောင်တမံတွေ ထဲ ရှိတဲ့အချိန်ကြောင့် သူခံနိုင်ရည်နှုန်း ပိုသွားရင် ရေလွှတ်ရမယ်။ ရေလွှတ်လိုက်ရင် နဂိုက မိုးရွာလို့ရေကြီးနေတဲ့ ရေ နဲ့ ရေကာတာ က ရေပါ လွှတ်ချလိုက်ရင် အခု ရေကြီးနေမှုတွေ ဖြစ်ရတာ။

တချို့ကတော့ ရေကာတာနဲ့ မဆိုင်ဘူးလို့ ပြောကြတယ်။

မြန်မာပြည်မှာ ကျနော်တို့အများကြီး ဥပမာတွေ ရှိပါတယ်။ လာအို မှ မဟုတ်ပါဘူး။ လာအိုက နည်းနည်း ကြီးတဲအတွက်ကြောင့် ဒီ ကျိုးဖောက်တဲ့အတွက် လူတွေ ထိခိုက်မှုများတာပါ။ ကျနော်တို့ မြန်မာပြည်က ဆည်တွေက ကျိုးဖောက်တဲ့ဆည်တွေ ရှိသလို အခု ရေလွှတ်တဲ့ဆည်တွေလည်း ရှိတယ်။

မေး ။ ။ နမ္မတူ(ခေါ် ) မြစ်ငယ်မြစ်ပေါ် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် ပတ်သတ်ပြီး ရေကာတာ နဲ့ ဘာများဆက်ပြောချင်ပါသေးလဲ။

ဖြေ ။ ။ ဒီ ရွာသူ ရွာသား ပြည်သူလူထုတွေ တောင်းဆို ရေကာတာ တည်ဆောက်မှု ရပ်တန့်မှုကို အစိုးရ အနေနဲ့ လိုက်လျောပေးဖို့ ထပ်မံတောင်းဆိုချင်ပါတယ်။

အထက်ရဲရွာရေကာတာသည်နမ္မတူမြစ်ပေါ် ရေကာတာစီမံကိန်းလေးခုအနက် အဆင့်မြင့် ဆုံး တစ်ခု ဖြစ်သည်။

အထက်ရဲရွာရေကာတာသည် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တည်ရှိပြီး တရုတ်၊ ဆွစ်ဇလန်၊ ဂျာမနီ နှင့်ဂျပန်နိုင်ငံ ကုမ္ပဏီများက ပါဝင်ပတ်သက်မှုရှိေ နသော ရေကာ တာ တစ်ခုလည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး

0
သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့...

စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး

0
စစ်ကော်မရှင်သည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် နမ့်ဆန်မြို့နယ်ကို ယနေ့ (အောက်တိုဘာ ၁၇)ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲကာ အရပ်သား (၃)ဉီး သေဆုံးပြီး၊ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် သူများသည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှ အမျိုးသား(၁)ဉီးနှင့် အမျိုးသမီး (၂)ဉီးဖြစ်ကြောင်း စစ်ရေး...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...