Wednesday, January 28, 2026

ကျောက်မဲမြို့နယ် နမ့်မန်းရွာ ဒေသခံ ၃ ဦး လက်နက်ထိမှန်  

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းရွာ အတွင်း လက်နက်ကိုင်တပ်ဖွဲ့ မှ လက်နက်ကြီး ဖြင့် လှမ်းပစ် သဖြင့် ရွာသား ၃ ဦး ဒဏ်ရာရရှိကာ ကျောက်မဲမြို့ ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Photo Google Map

ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက နမ့်မန်းရွာတွင်လက်နက်ကြီးထိမှန်ခဲ့သူများမှာ အသက် (၄၆) နှစ်အရွယ် မသန်းအေး၊ အသက် (၅၀)အရွယ် ဦးစိုင်း နှင့် အသက် ၈နှစ် အရွယ် ကလေး နန်းဆိုင်လင်း တို့ဖြစ်ကြောင်း၊ ၄င်းတို့သည် ကျောက်မဲ ဆေးရုံကို နေ့လည်ပိုင်းက ရောက်ရှိလာကြောင်း၊ လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများ အခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေး အသင်း မှ ဦးတင်မောင်သိန်း က ပြောသည်။

“ မသန်းအေးကတော့ ပေါင်တွေ၊ တင်ပါးတွေ မှာဒဏ်ရာရတယ်။ နန်းဆိုင်လင်းက ညာညှပ်ရိုးနဲ့လက်မောင်း၊ ၊ဦးစိုင်းကတော့ညာပေါင် ဒူးခေါင်းနဲ့ ညာလက်မောင်းမှာဒဏ်ရာရတာပါတယ်။ မသန်းအေး က ဒဏ်ရာ ပြင်းထန်တယ်။ ဒါပေမယ့် ဒီနေ့ ခွဲစိတ်ပြီးတော့ အခြေအနေ ကောင်းပါတယ်။ စိုးရိမ်စရာ မရှိတော့ဘူး” ဟု ဦးတင်မောင်သိန်း ကဆိုသည်။

အဆိုပါဒေသ ရွာဘက်ပိုင်းတွင် RCSS/SSA တပ်များဖြတ်သန်းသွားလာပြီး တောပိုင်းတွင်မူ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် တအာင်းတပ်များလှုပ်ရှားနေကြောင်း၊ သို့သော် ရွာဘက်သို့လက်နက်ကြီးပစ်ခတ်သည့်အဖွဲ့ကိုမသိရကြောင်း ရွာသားများကပြောသည်။

“အရင်နေ့တွေတုန်းက သျှမ်းတပ်က သွားလာတော့ ဒီမှာသျှမ်းတပ်ရှိနေတယ်အထင်နဲ့ပစ်လိုက်တာထင်တယ် တပ်ပေါင်းစုဘက်က ”- ဟု ကျောက်မဲရောက် ဒေသခံကပြောသည်။

အဆိုပါဒေသတွင် အစိုးရတပ်၊ RCSS/SSA နှင့် TNLA တို့ လှုပ်ရှားပါသည်။

ထိုနည်းတူ သျှမ်းပြည်နယ် တောင်ပိုင်း နမ့်လန် လွယ်ငင်းကျေးရွာ ဘက်တွင် RCSS နှင့် SSPP ကြားတိုက်ပွဲကြောင့် မိုင်းထိမှန်သူ ၂ ဦးကို မကယ်ထုတ်နိုင်သေးပေ။

သျှမ်းပြည် မြောက်ပိုင်း နှင့် တောင်ပိုင်း တွင် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားကာ သီပေါမြို့နယ် အတွင်း စစ်ဘေးရှောင် ၁၂၀၀ ကျော် ထိ တိုးလာကာ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေး အခက်အခဲ ကြုံနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

0
ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့်...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...

ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ရုပ်အလောင်း (၆)လောင်းထက်မနည်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက်...