ကျောက်မဲမြို့နယ် နမ့်မန်းရွာ ဒေသခံ ၃ ဦး လက်နက်ထိမှန်  

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းရွာ အတွင်း လက်နက်ကိုင်တပ်ဖွဲ့ မှ လက်နက်ကြီး ဖြင့် လှမ်းပစ် သဖြင့် ရွာသား ၃ ဦး ဒဏ်ရာရရှိကာ ကျောက်မဲမြို့ ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Photo Google Map

ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက နမ့်မန်းရွာတွင်လက်နက်ကြီးထိမှန်ခဲ့သူများမှာ အသက် (၄၆) နှစ်အရွယ် မသန်းအေး၊ အသက် (၅၀)အရွယ် ဦးစိုင်း နှင့် အသက် ၈နှစ် အရွယ် ကလေး နန်းဆိုင်လင်း တို့ဖြစ်ကြောင်း၊ ၄င်းတို့သည် ကျောက်မဲ ဆေးရုံကို နေ့လည်ပိုင်းက ရောက်ရှိလာကြောင်း၊ လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများ အခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေး အသင်း မှ ဦးတင်မောင်သိန်း က ပြောသည်။

“ မသန်းအေးကတော့ ပေါင်တွေ၊ တင်ပါးတွေ မှာဒဏ်ရာရတယ်။ နန်းဆိုင်လင်းက ညာညှပ်ရိုးနဲ့လက်မောင်း၊ ၊ဦးစိုင်းကတော့ညာပေါင် ဒူးခေါင်းနဲ့ ညာလက်မောင်းမှာဒဏ်ရာရတာပါတယ်။ မသန်းအေး က ဒဏ်ရာ ပြင်းထန်တယ်။ ဒါပေမယ့် ဒီနေ့ ခွဲစိတ်ပြီးတော့ အခြေအနေ ကောင်းပါတယ်။ စိုးရိမ်စရာ မရှိတော့ဘူး” ဟု ဦးတင်မောင်သိန်း ကဆိုသည်။

အဆိုပါဒေသ ရွာဘက်ပိုင်းတွင် RCSS/SSA တပ်များဖြတ်သန်းသွားလာပြီး တောပိုင်းတွင်မူ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် တအာင်းတပ်များလှုပ်ရှားနေကြောင်း၊ သို့သော် ရွာဘက်သို့လက်နက်ကြီးပစ်ခတ်သည့်အဖွဲ့ကိုမသိရကြောင်း ရွာသားများကပြောသည်။

“အရင်နေ့တွေတုန်းက သျှမ်းတပ်က သွားလာတော့ ဒီမှာသျှမ်းတပ်ရှိနေတယ်အထင်နဲ့ပစ်လိုက်တာထင်တယ် တပ်ပေါင်းစုဘက်က ”- ဟု ကျောက်မဲရောက် ဒေသခံကပြောသည်။

အဆိုပါဒေသတွင် အစိုးရတပ်၊ RCSS/SSA နှင့် TNLA တို့ လှုပ်ရှားပါသည်။

ထိုနည်းတူ သျှမ်းပြည်နယ် တောင်ပိုင်း နမ့်လန် လွယ်ငင်းကျေးရွာ ဘက်တွင် RCSS နှင့် SSPP ကြားတိုက်ပွဲကြောင့် မိုင်းထိမှန်သူ ၂ ဦးကို မကယ်ထုတ်နိုင်သေးပေ။

သျှမ်းပြည် မြောက်ပိုင်း နှင့် တောင်ပိုင်း တွင် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားကာ သီပေါမြို့နယ် အတွင်း စစ်ဘေးရှောင် ၁၂၀၀ ကျော် ထိ တိုးလာကာ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေး အခက်အခဲ ကြုံနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...