အစိုးရတပ်အား TNLA ချောင်းပစ် မိုင်းငေါ့မြို့ခံတဦးထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ အတွင်း အစိုးရတပ်မတော် စစ်ကြောင်း တခုအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကစောင့်ကြပ်ပစ်ခတ်ရာ စျေးရောင်းဖို့သွားသည့် ဒေသ ခံ အမျိုးသမီး တဦးအားထိမှန်ကြောင်း သတင်းရရှိသည်။

Photo Credit to ကျောက်မဲမြို့သတင်းရပ်ဝန်း- ကျည်ဆန်ထိမှန်သော မိုင်းငေါ့မြို့သူ နန်းခမ်းလှအား ဆေးရုံသို့ပို့ဆောင်စဉ်

မတ်လ ၉ ရက် နံနက် ၁၀ နာရီကျော်အချိန် မိုင်းငေါ့မြို့ အနောက်ဘက် ရန်ကင်းတောင်ဘုရားကုန်းပေါ်တွင် အခြေ ချသည့်အစိုးရတပ်မတော် ဗျူဟာစခန်း မှ လူအင်အား ၁၀ ကျော်ရှိ ဆေးတပ်ဖွဲ့ မြို့ပေါ် ကြံံ့ခိုင်ရေးရုံးသို့ ဆေးစစ်ပေးရန် အသွားချောင်းပစ်ခတ်ခံရကြောင်း၊ ပစ်ခတ်ချိန် ၁၀ မိနစ် ခန့်ကြာ မြင့်ကြောင်း၊ ပစ်ခတ်နေစဉ် စျေးရောင်းသွားသည့် ဒေသခံ နန်းခမ်းလှ အသက် ၅၀ က ကျည်ဆံထိမှန် ဒဏ်ရာ ရရှိသဖြင့် လက်ရှိတွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသထားကြောင်း ကြားသိရသည်။

“ပေါင်မှာ ဒဏ်ရာရတယ် ။ အခု သူ့ကို ကျောက်မဲ ဆေးရုံကိုပို့ပေးတယ်။ ဒဏ်ရာစိုးရိမ်ရတဲ့အနေ အထားတော့မရှိဘူး၊ ဒါပေမယ့် မြို့လယ် မှာ လာပစ်တော့ လူထွေထိတ်လှန့်တာပေါ့။ ” – ဟု ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေး အသင်း က ဦးတင်မောင်သိန်း ကပြောသည်။

Photo Credit to ကျောက်မဲမြို့သတင်းရပ်ဝန်း- ကျည်ဆန်ထိမှန်သော မိုင်းငေါ့မြို့သူ နန်းခမ်းလှအား ဆေးရုံသို့ပို့ဆောင်စဉ်

လက်နက်ကိုင်တပ်ဖွဲ့များ ကြားဖြစ်ပွားသော စစ်ရေးပဋိပက္ခများကြောင့် မိုင်းငေါ့မြို့တွင် လူစည်ကားမှု မရှိတော့ကြောင်း၊ ယခုလလည်ပိုင်းတွင်ကျင်းပရန် ပြင်ဆင်ထားသည့် ရိုးရာရှင်ပြုပွဲလည်း အစီအစဉ် ဖျက်သိမ်းလိုက်ရကြောင်း၊ လူထု အကျိုးရှေးရှုပြီး တိုုက်ပွဲများအမြန်ဆုံးရပ်တန့်ပေးကြရန် တောင်းဆိုလိုကြောင်း ရှင်လောင်းပွဲ ကျင်းပရေးကော်မတီ ၀င် တဦးကပြောသည်။

မိုင်းငေါ့မြို့ဘက်တွင် အစိုးရတပ်မတော် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ နှင် တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်များလည်း သွားလာ လှုပ်ရှားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

TNLA ထိန်းချုပ် မိုင်းငေါ့မြို့ကို စစ်တပ်လေကြောင်းဗုံးကြဲ၊ သားအမိ ၂ ဦးသေဆုံးပြီး ဖခင်ဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သားအမိနှစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်) ည ၈ နာရီကျော်တွင် ကျောက်မဲမြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့ကို...