Tuesday, January 27, 2026

ကျောက်မဲ နမ့်ဟူးတောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၇ (၁) မှ ပြန်လွှတ်ရန် ဒေသခံ ၅၀၀ ကျော် တောင်းဆို

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးတောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချို ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) မှ ပြန်လွှတ်ရန် ဒေသခံ ၅၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။

Photo Credit to Sai Myint Bo- နမ့်ဟူးတောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချို ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) မှ ပြန်လွှတ်ရန် ဒေသခံ ၅၀၀ ကျော် လက်မှတ်ရေးထိုးကာအသနားခံစာပေးပို့

ဦးစိုင်းတင်ချို ကို သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ သျှမ်းပြည်တိုးတက်ရေး ပါတီ SSPP တို့အတွက် ကျောက်မဲမြို့နယ် ကျေးလက်ရပ်ရွာများတွင် ငွေကြေး ကောက်ခံပေးနေသည်ဟု ဆိုကာ ဧပြီလ ၂၆ ရက်က နေအိမ်အထိ အစိုးရ၏တပ်မတော် မှ ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ နမ့်ဟူးတောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ကျနော်ညီ ပြန်လွှတ်ပေးဖို့ ဒေသခံ ပြည်သူတွေ ၅၇၀ လက်မှတ် ကောက်ခံရပါတယ်။ အဲ့လက်မှတ်နဲ့အတူ သက်ဆိုင်ရာ ကို အသနားခံစာ တင်သွားပါမယ်” ဟု ဦးစိုင်းတင်ချို အကိုတော်စပ်သူ ဦးစိုင်းမြင့်ဘို ကပြောသည်။

Photo Credit to Sai Myint Bo- နမ့်ဟူးတောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချို ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) မှ ပြန်လွှတ်ရန် ဒေသခံ ၅၀၀ ကျော် လက်မှတ်ရေးထိုးကာအသနားခံစာပေးပို့

ကောက်ခံရသည့် ဒေသခံများ၏ လက်မှတ်နှင့် အတူ ညီဖြစ်သူအား မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) မှ ပြန်လွှတ်လာအောင် အသနားခံစာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ကျောက်မဲမြို့ ရှိ (၅၀၂) စကခ တပ်သို့ တင်ပြသွားမည်ဟုလည်း ဦးစိုင်းမြင့်ဘို က ထပ်လောင်းပြောသည်။

SSA(ဝမ်ဟိုင်း) နှင့် SSA ( ရွက်ဆစ်) အဖွဲ့ ဆက်ကြေး တာဝန်ခံ အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်သူ ဦးစိုင်းတင်ချို အသက် ၅၆နှစ် (ဘ) ဦးသာလှိုင် အား ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ဆက်ကြေး ကောက်ခံ ရရှိငွေ ကျပ် ၁၅သိန်း၊ စာရွက်စာတမ်း များနှင့်အတူ ဖမ်းဆီးရမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှလည်း ထုတ်ပြန်ထားသည်။

Photo Credit to Sai Myint Bo- နမ့်ဟူးတောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချို ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) မှ ပြန်လွှတ်ရန် ဒေသခံ ၅၀၀ ကျော် လက်မှတ်ရေးထိုးကာအသနားခံစာပေးပို့

ဦးစိုင်းတင်ချိုကို ဧပြီ ၂၆ ရက်နေ့တွင် တပ်မတော် မှလာရောက်ဖမ်းဆီး စစ်ဆေးခဲ့ပြီး ကျောက်မဲမြို့ ရဲစခန်းသို့ မေလ ၉ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ပြီး ယနေ့ထိတိုင် တရားရုံး မထုတ်သေးကြောင်း အကိုဖြစ်သူ ဦးစိုင်းမြင့်ဘို က ပြောသည်။

“တရားရုံးမှာ တချိန်မျှ မစစ်ဆေးရသေးဘူး။ ၄ လပိုင်း ၂၆ ရက်မှာ ဖမ်းတယ်။ တလကျော်ကြာပေမယ့် တရားရုံးမှာ တခါမှ မပြောရသေးဘူး။ တပ်မတော် က တရားလို အဖြစ် တရားစွဲထားတာပါ” ဟု ဦးစိုင်းမြင့်ဘို က ဆိုသည်။

ကျောက်မဲမြို့ နယ် အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် နယ်မြေ လုံခြုံရေး အနေအထားအရ လက်နက်ကိုင် အဖွဲ့အစည်းများကို ဆန့်ကျင်ခြင်း၊ လွန်ဆန်နိုင်ခြင်း မရှိကြောင်း လည်း နမ့်ဟူးတောင်းကျေးရွာဒေသခံများ ၏ အသနားခံစာ တွင် ရေးသားထားသည်။

“ လက်နက်ကိုင် အဖွဲ့ကို သွားဆက်သွယ်တာ မဟုတ်ဘူး။ လက်နက်ကိုင်တွေ က သူ့ကိုု ( အုပ်ချုပ်ရေးမှူး ) ကိုလာဆက်သွယ်တာ။ သျှမ်းပြည်မှာ အုပ်ချုပ်ရေးမှူး တယောက် အနေနဲ့ဖြစ်စေ သာမာန်ပြည်သူ တယောက်အနေနဲ့ဖြစ်စေ ဘယ်လက်နက်ကိုင်အဖွဲ့ကဘဲ လာဆက်သွယ် ဆက်သွယ် ကျနော်တို့ ထွက်ပြေးလို့ မရဘူး။ ငြင်းပယ်လို့လည်းမရဘူး” ဟု ဦးစိုင်းမြင့်ဘို က ပြောသည်။

ဦးစိုင်းတင်ချို သည် ၂၀၁၃ ခုနစ်မှ စတင်ကာ နမ့်ဟူးတောင်း ကျေးရွာ အုပ်စု တွင် အုပ်ချုပ်ရေးမှူး အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ နှုတ်ထွက်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ကျေးရွာပြည်သူများ၏ တောင်းဆိုချက်အရ ဆက်လက်လုပ်ကိုင်နေသူ တဦးဖြစ်ကြောင်းလည်း ဒေသခံ များပြောကြားချက် အရ သိရသည်။

သျှမ်းပြည်နယ် အတွင်း စစ်ပဋိပက္ခ ဖြစ်ပွားသည့်နေရာတွင် နေထိုင်သူများသည် ရပ်ကျေး အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ယူရန် ကြောက်ရွံ့နေကြပြီး၊ လက်နက်ကိုင် တပ်ဖွဲ့ များနှင့် တပ်မတော်ကြား ဆက်ဆံရသဖြင့် အချိန်မရွေး ဖမ်းဆီးခံနိုင်ကြသည်။

“ ကျနော်တို့ အုပ်ချုပ်ရေးမှူးက စိတ်ထားကောင်းသူပါ။ လက်နက်ကိုင် အဖွဲ့တွေ လာပြီး အကူအညီတောင်းရင်လည်း ဘယ်သူမှ ငြင်းလို့မရဘူး။ သာမာန်ပြည်သူတွေ အုပ်ချုပ်ရေးမှူးတွေက ၂ဖက်စလုံးကို ညှိပြီး နေနေရတာပါ။ အပြစ်မရှိတဲ့သူကို အမြန်ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု နမ့်ဟူးတောင်း ကျေးရွာမှ ဒေသခံ အမျိုးသား တဦးက ပြောသည်။

နမ့်ဟူးတောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချို သည် တရားမျှတမှု မရှိသည့် အမှုကို ရင်ဆိုင်နေရသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် သျှမ်းပြည် အတွင်းရှိ နိုင်ငံရေး ပါတီများအနေဖြင့်လည်း ကူညီပေးရန်တောင်းဆိုခြင်းကြောင်း လည်း နမ့်ဟူးတောင်း ပြည်သူများက တောင်ဆိုလိုက်သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် အချိန်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ နာမည် ကို တပ်ကာ အမှု စွဲဆိုခြင်းသည် ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေကြောင်းလည်း နမ့်ဟူးတောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...

ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ရုပ်အလောင်း (၆)လောင်းထက်မနည်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက်...

ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ည ၁၀နာရီကျော် ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ပိန်ဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေးနင်းကျေးရွာအုပ်စု ကုန်းကော်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး...