ကျောက်မဲမြို့ ဂက်စ်ပိုက်လိုင်းအနီးတွင်လယ်သမားတဦးအား စစ်တပ်မှပစ်ခတ်

“ဘယ်တရားဥပဒေနဲ့မှ အမှုမဖွင့် တော့ဘူး၊ ဒီအမှုကို ဒီမှာတင်ပြီးပါစေ”ဟု သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အသက် ၃၄ နှစ်အရွယ် စိုင်းအိုက်ထွန်း ၏ မိခင်က ပြောသည်။

Photo by – Shar Htat Paing / စစ်တပ်မှ မှားယွင်းပစ်ခတ်သော ကျောက်မဲကလယ်သမား စိုင်းအိုက်ထွန်း အသက် ၃၄ နှစ်

စိုင်းအိုက်ထွန်းသည် ကျောက်မဲမြို့နယ် နောင်အန်းရွာတွင် နေထိုင်သည့် သူဖြစ်ပြီး၊ ကျောက်မဲမြို့ နှင့် ၁၀ မိုင် ဝေးကွာသည့် တောင်ယာ သွားသည့် သူတဦးဖြစ်သည်။

အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်း အချိန်တွင် တရုတ် နှင့် မြန်မာ သွယ်တန်းထားသည့် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းအနီး ရှိ အစိုးရတပ် ခြေမြန်တပ်ရင်း ခမရ (၅၀၄) တပ်မှ ဆိုင်ကယ်စီးနင်းလာသည့် လယ်သမား စိုင်းအိုက်ထွန်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လယ်ယာမှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် စိုင်းအိုက်ထွန်း ကို ခမရ (၅၀၄) တပ်မှ တပ်သား မှ ဆိုင်ကယ်ရပ်ရန် လှမ်းအော်သည် ကို မရပ်ပေးသဖြင့် သေနတ်ဖြင့် နောက်လိုက်ပစ်ခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက်နေ့ ထုတ် သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သားဖြစ်သူ စိုင်းအိုက်ထွန်း သေဆုံးမှုနှင့် ပတ်သတ်ပြီး မိခင် က အောက်တိုဘာ ၁ ရက် ည ၉ နာရီတွင် ကျောက်မဲမြို့နယ် ရဲစခန်းသို့ သွားရောက် အမှုဖွင့်ခဲ့သေးသည်။

သို့သော် အောက်တိုဘာ ၂ရက်နေ့တွင် အစိုးရတပ် ခမရ(၅၀၁)နှင့် ခမရ(၅၀၄) တပ်တို့မှ အရာရှိနှင့် အင်အား ၁၅ယောက်တို့သည် ကားသုံးစီးဖြင့် နောင်အန်ကျေးရွာသို့ သေနတ်ပစ်ခံရသည့် စိုင်းအိုက်ထွန်း ၏ မိခင်ထံ လာရောက်တောင်းပန်ခဲ့သေည်။

အစိုးရ တပ်မှ အရာရှိများက သေဆုံးသူ စိုင်းအိုက်ထွန်းမိခင်ကို ” တရား ရုံး တက်ပြီး တရားဥပဒေ အတိုင်း သွားရင်တော့ ခင်ဗျာ့တို့နှင့်ကျုပ်တို့အတွက် အချိန်ကုန် မယ် အချိန်ကြာလိမ့်မယ်၊ တရားရုံးကလည်း ခင်ဗျာ့တို့သား အသက်ပြန်ရှင်လာအောင် မလုပ်ပေးနိုင် ပါဘူး” ဟု ပြောဆိုခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်တွင် ဖော်ပြထားသည်။
အဆိုပါ အစိုးရများက သေဆုံးသူ စိုင်းအိုက်ထွန်းမိခင်အား ဆန် ၁ အိတ်၊ စားဆီ ၃ ပုလင်း၊ သကြား(၁)ကီလို၊ ကော်ဖီ ၁ ထုပ်နှင့် ငွေသား(၁၀)သိန်း ပေးအပ်ပြီး နှစ်သိမ်ခဲ့ကြောင်း လည်း သိရသည်။

“ စိုင်းအိုက်ထွန်း အမှုက တော့ မဖွင့်တော့ဘူး။ ပြီးသွားပြီး။ တပ်ကတော့ ဆန်တွေ၊ဆီတွေလာပေးတယ်။ ဒါတွေက လျော်ကြေးငွေမဟုတ်ဘူး။ နှစ်သိမ့်အနေနဲ့လာပေးတာ” ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က စိုင်းဟော်ရှဲန် က ပြောသည်။

၄င်းသေဆုံးမှုနှင့် ပတ်သက် ပြီး ကျေအေးပါကြောင်း ကျေနပ်ပါကြောင်း သဘောတူလိုက်ရကြောင်း လည်း စိုင်းဟောဲရှဲန် က ထပ်လောင်းပြောသည်။

သေဆုံးသွားသည့် စိုင်းအိုက်ထွန်း တွင် ဇနီးတဦး နှင့် ၆လ အရွယ် သမီးငယ်တဦးကျန်ရှိကြောင်းသိရသည်။
“ သူ( စိုင်းအိုက်ထွန်း) တို့ အိမ်က သူ့ကိုပဲ အားကိုးနေရတာ။ သူမရှိတော့ အစစအရာရာ ခက်ခဲမယ်။ လသား သမီးကလည်းရှိတယ်” ဟု စိုင်းဟော်ရှဲန် က ဆိုသည်။

ကျောက်မဲမြို့နယ် အတွင်း အစိုးရတပ်များ၊ လက်နက်ကိုင်များစွာ ကျင်လည် သည့်နေရာတတခုဖြစ်ပြီး၊ မကြာခဏ အရပ်သားများကို အမည်မသိ အဖွဲ့အစည်းမှ သေနတ်ပစ်ခတ်မှုများရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...