ကျောက်မဲမြို့နယ်

ကျောက်မဲမြို့နယ် မျှစ်ရှာသူများကို လက်နက်ကိုင်တပ်ဖွဲ့ အခွန်ကောက်မည်ဟုခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပိုင်တနိုင် မျှစ်ရှာရောင်းသူများကို လက်နက်ကိုင် တပ်ဖွဲ့က အခွန်ဆောင်ရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ အတွင်းမှ စပြီး တောထဲတွင် အလေ့ကျပေါက်နေသည့် မျှစ်ပေါက်ချိန်ဖြစ်ပြီး ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာထဲတွင် မျှစ်ရှာရောင်းသူများကို လက်နက်ကိုင်တပ်ဖွဲ့က ငွေတောင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ “ကျနော်တို့ ကျောက်မဲမြို့နယ်ထဲမှာဆိုရင် တစ်ချို့က...

ကျောက်မဲမြို့ လောင်းကစားကြောင့် လူသတ်မှုအထိရှိလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တစ်လနီးပါးဖွင့်လှစ်လာသည့် လောင်းကစားကြောင့် မြို့တွင်းခိုးယူမှု များပြားလာသည့် အပြင် လူသတ်မှုများလည်းရှိလာကြောင်း စုံစမ်းသိရသည်။ လက်ရှိ ကျောက်မဲမြို့ ရပ်ကွက် (၂) တွင် လောင်းကစား (၃) ရက်ဖွင့်ပြီးနောက် ဆိုင်ကယ် (၂) စီး ခိုးယူမှုလည်း ရှိခဲ့ကြောင်းသိရသည်။ “ ရပ်ကွက် (၂) မှာ...

ကျောက်မဲမြို့နယ် စစ်ကောင်စီ နှင့် TNLA တို့ စစ်ရေးတင်းမာမှု ရှိနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ စစ်ရေးတင်းမာမှု ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက် ကျောက်မဲမြို့နယ် မန်ခါကျေးရွာအုပ်စု၏ အနောက်ဘက်ရှိ ဘုန်းကြီးကျောင်း အနီး တွင်...

ကျောက်မဲမြို့နယ် စာသင်ကျောင်းများ CDM ပညာရေးဝန်ထမ်းများသာ ခန့်အပ်ရန် TNLA ညွှန်ကြား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းများတွင် CDM ဆရာ/ ဆရာမ များကိုသာ ခန့်အပ်ရန် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) တို့မှ ညွှန်ကြားထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံစာသင်ကျောင်းများတွင်...

ကျောက်မဲမြို့ လောင်းကစား တလနီးပါး ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တွင် တစ်လနီးပါးဖွင့်လှစ်သည့် လောင်းကစားကြောင့် လူငယ်များ အကျင့်စရိုက် ပျက်စီးလာကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့အတွင်း ရပ်ကွက် (၆) ရှိ စစ်အာဏာရှင် လက်အောက်ခံ အရာရှိများက လောင်းကစားရုံများကို စိတ်ကြိုက်ဖွင့်လှစ်ပေးပြီး လူငယ်များက လောင်းကစား သွားရောက်ကာ မူးယစ်ဆေးဝါးများသုံးစွဲလာပြီး အကျင့်စရိုက်များ ပျက်စီးလာသဖြင့်...

ကျောက်မဲမြို့နယ် TNLA ခြိမ်းခြောက်မှုကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်များ စားဝတ်နေရေးခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းမူးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များ တစ်ချို့ စားဝတ်နေရေးအတွက် ခက်ခဲနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ဇွန် ၁၇ ရက်က ထိုစစ်ရှောင်များကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမည်ဟုခြိမ်းခြောက်သောကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် သူများသာဖြစ်ကြောင်း ကောင်းကျေးရွာမှ စစ်ရှောင် အမျိုးသမီးတစ်ဦး က...

ကျောက်မဲမြို့နယ် စစ်ရှောင်ထဲ RCSS တပ်သားရှိသည့်ဟုဆိုကာ TNLA ဝင်ရောက်စစ်ဆေးမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းမူးကျေးရွာတွင် နေထိုင်သည့် စစ်ရှောင်များကြားတွင် RCSS/SSA တပ်သားများရှိသည်ဟုဆိုကာ TNLA ဝင်ရောက်စစ်ဆေးမှု ကြမ်းနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဆေးမှုသည် လွန်ခဲ့သည့် ဇွန် (၁၃) ရက်နေ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ‌ကောင်းမူးကျေးရွာ အုပ်ချုပ်ရေးမှူးကို...

လားရှိုး – ကျောက်မဲလမ်းတွင် စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေး၊ ပိုက်ဆံကောက်ယူနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ - လားရှိုး လမ်းကြားတွင် စစ်ကောင်စီတပ်သား နှင့် ရဲ တို့သည် ခရီးသည်များ နှင့် ကားသမားများကို တင်းကြပ်စွာ စစ်ဆေးပြီး ပိုက်ဆံ ကောက်ယူနေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့က လားရှိုး - ကျောက်မဲ...

ကျောက်မဲမြို့နယ် ကလေးငယ်နှစ်ဦး မိုင်းနင်းမိပြီး ဆေးကုသဖို့ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအတွင်းတွင် နေထိုင်သည့် ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဆေးကုသရန်အတွက် အခက်အခဲရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၅ ရက် မွန်းလွဲပိုင်းအချိန်တွင် ကျေးရွာ နှင့် တစ်မိုင်ခန့်ကွာဝေးသည့် ယာတောဘက် မြင်းသွားရှာသည့် ပန်လင်ကျေးရွာမှ ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား ကြောင်း...

ကျောက်မဲမြို့နယ်တွင်း ဓားပြတိုက်မှုဖြစ်/ အိမ်ရှင်တစ်ဦး ခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှနေအိမ်တစ်လုံးတွင် ဓားပြတိုက်ခံရပြီး အိမ်ရှင်တစ်ဦးလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းခံလိုက်ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဧပြီ၃၀ )ရက် နံနက် ၂ နာရီတွင် ကားနှစ်စီးနှင့် ဓားပြတိုက်သူတစ်စုတို့သည် ကျောက်မဲမြို့နယ် တိလင်ရပ်ကွက် ၁၉ ရှိ နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ပြီး မိသားစုဝင်တစ်ဦးကို ဖမ်းခေါ်သွားကြောင်း ဒေသခံ...

Latest news