ကျောက်မဲမြို့ လောင်းကစားကြောင့် လူသတ်မှုအထိရှိလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တစ်လနီးပါးဖွင့်လှစ်လာသည့် လောင်းကစားကြောင့် မြို့တွင်းခိုးယူမှု များပြားလာသည့် အပြင် လူသတ်မှုများလည်းရှိလာကြောင်း စုံစမ်းသိရသည်။

လောင်းကစား

လက်ရှိ ကျောက်မဲမြို့ ရပ်ကွက် (၂) တွင် လောင်းကစား (၃) ရက်ဖွင့်ပြီးနောက် ဆိုင်ကယ် (၂) စီး ခိုးယူမှုလည်း ရှိခဲ့ကြောင်းသိရသည်။

“ ရပ်ကွက် (၂) မှာ ဖွင့်လာတာ မကြာသေးဘူး။ (၃) ရက်ပဲ ရှိသေးတယ်။ ဆိုင်ကယ်က (၂) စီး လောက်ပျောက်နေပြီ။ စဖွင့်လာတုန်းကနဲ့ တွက်ရင်တော့ ကျောက်မဲမှာ ဆိုင်ကယ်ပျောက်ဆုံးတာ ၅ စီးထက်မနည်းရှိနေပြီ” ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ကျောက်မဲမြို့ ရပ်ကွက် (၁) တွင် ဇွန် ၃၀ ရက် ၌ လောင်းကစားရှုံးပြီး ငွေကြေးလိုသည့် သမီးက ဖခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။

“သမီးဖြစ်သူက ပိုက်ဆံလိုတော့ သူ့အဖေကို လာတောင်းတာ။ သူ့အဖေက မပေးလို့ထင်တယ်။ အဖေကို ဓားနဲ့ ပြန်ခုတ်သတ်လိုက်တာ။ သူ့အဖေက အသက် (၇၀) ကျော်လောက်ရှိနေပြီ။ လောင်းကစားကြောင့် ဒီလိုတွေဖြစ်လာနေတာ” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်ကြောင့် ယမန့်နေ ဇူလိုင် (၄) ရက်မှ စပြီး ကျောက်မဲမြို့ ရပ်ကွက် ၂ တွင် ဖွင့်ထားသည့် လောင်းကစားဝိုင်းကို ပိတ်ထားလိုက်ရကြောင်း သိရသည်။

လောင်းကစားကြောင့်ဖခင်ကိုသတ်

ထို့အပြင် ကျောက်မဲမြို့တွင် ညမထွက်ရအမိန့် ရှိနေစဥ် စစ်ကောင်စီမှ ညတွင် စစ်ဆေးမေးမြန်းမှုကြမ်းနေပြီး လောင်းကစားဝိုင်းမှ ပြန်လာသူများကို စစ်ဆေးမှုမရှိကြောင်း ဒေသခံများ က ပြောသည်။

“ သူတို့ ညဆိုရင် မြို့ထဲမှာ သွားလာနေတဲ့သူတွေကို စစ်ဆေး မေးမြန်းတာတွေရှိတယ်။ တကယ်လို့ လောင်းကစားဝိုင်းကနေပြန်လာတဲ့သူတွေကိုတော့ သူတို့ဘာမှ မမေးဘူး။ တစ်ခြားမြို့ကနေလာတဲ့သူ၊ လောင်းကစားဝိုင်းကနေလာတဲ့သူမဟုတ်ရင်တော့ သူတို့ မှတ်ပုံတင်တွေ၊ ကိုဗစ် စစ်ဆေးတာတွေလည်းရှိတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းများကို ပေါ်တင်ဖွင့်ပေးလာပြီး စစ်ကောင်စီလက်အောက်ခံ ရဲများ၊ လောင်းကစားရုံတွင် စစ်သားများ လုံခြုံရေးယူပေးနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ လောင်းကစားကြောင့်လည်း ပြည်သူများနေအိမ်၊ ခြံကို ပေါင်ပြီး ထွက်ပြေးနေရသူများလည်း ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...