ကျောက်မဲမြို့နယ် မျှစ်ရှာသူများကို လက်နက်ကိုင်တပ်ဖွဲ့ အခွန်ကောက်မည်ဟုခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပိုင်တနိုင် မျှစ်ရှာရောင်းသူများကို လက်နက်ကိုင် တပ်ဖွဲ့က အခွန်ဆောင်ရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ အတွင်းမှ စပြီး တောထဲတွင် အလေ့ကျပေါက်နေသည့် မျှစ်ပေါက်ချိန်ဖြစ်ပြီး ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာထဲတွင် မျှစ်ရှာရောင်းသူများကို လက်နက်ကိုင်တပ်ဖွဲ့က ငွေတောင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ကျောက်မဲမြို့နယ်ထဲမှာဆိုရင် တစ်ချို့က မျှစ်ရှာရောင်းကြတယ်။ မျှစ်သွားရှာတဲ့သူတွေက တောထဲကပြန်လာပြီး လက်နက်ကိုင်တပ်ဖွဲ့တွေက နောက်တစ်ခါလာရှာရင် အခွန်ပေးရမယ်ပြောတယ်။ တစ်ချို့က ၅ သောင်းပေးရမယ်တဲ့။ တစ်ချို့ကလည်း ၅သောင်း ၅ ထောင်ပေးရမယ်လို့ပြောတယ်” ဟု အသက် ၂၃ နှစ်အရွယ်ရှိ ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသခံများ မျှစ် သွားရှာသည့် နေရာဒေသ

ယခင်တွင် မျှစ်ကို လွတ်လပ်စွာ ရှာဖွေရောင်းစားနိုင်ခဲ့သော်လည်း လက်ရှိမှာ တပိုင်တနိုင်ရှာဖွေသူများအတွက် အခက်အခဲများစွာ ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကျောက်မဲမြို့နယ်အတွင်း စစ်ရေး ပဋိပက္ခဖြစ်ပွားသည့် နေရာဒေသဖြစ်သည့်အတွက် တောထဲတွင် မျှစ်သွားရှာသည့်အခါ မကြာခဏ မြေမြှုပ်မိုင်းများ နင်းမိပြီး အသက်ဆုံးရှုံးမှုရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

မျှစ်

“ တကယ်လို့ ကျနော်တို့ ဒီလိုအချိန်မှာ မျှစ်မရှာရရင်တော့ စားဝတ်နေရေးအတွက် တကယ်ခက်ခဲတယ်။ မျှစ်ရှာပြီးသွားရောင်းရင်လည်း ပိုက်ဆံအများရတယ်။ နေ့စားသွားရင် ၅ ထောင်ပဲရတာ။ ပြီးတော့ အရင်ကဆို လွတ်လပ်သွားရှာလို့ရတယ်။ အခုက အဲ့လိုမဟုတ်တော့ဘူး။တောထဲမှာမြေမြှုပ်မိုင်းကိုလည်း ကြောက်ရတယ်လေ” ဟု မြစ်သွားရှာသည့် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ကျောက်မဲမြို့နယ်ထဲတွင် စစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်သည်။

မျှစ်ရှာရောင်းသည့် ပြည်သူများအနေမှ လွတ်လပ်စွာမျှစ်ပြန်ရှာခွင့်ပေးရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များကို တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...