လားရှိုး – ကျောက်မဲလမ်းတွင် စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေး၊ ပိုက်ဆံကောက်ယူနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ – လားရှိုး လမ်းကြားတွင် စစ်ကောင်စီတပ်သား နှင့် ရဲ တို့သည် ခရီးသည်များ နှင့် ကားသမားများကို တင်းကြပ်စွာ စစ်ဆေးပြီး ပိုက်ဆံ ကောက်ယူနေကြောင်း သတင်း ရရှိသည်။

ကျောက်မဲ-လားရှိုးလမ်းကြား စကစ စစ်ဆေး

ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့က လားရှိုး – ကျောက်မဲ အသွားလမ်းတွင် စစ်ကောင်စီ နှင့် ရဲ တပ်ဖွဲ့တို့က မှတ်ပုံတင် နှင့် လိုင်စင်များကို စစ်ဆေးနေပြီး ငွေတောင်းယူခြင်း၊ ဆဲဆိုမှုများလည်း ရှိကြောင်း ကြုံတွေ့ရသူများက ပြောသည်။

“ အဲ့နေ့က ကျောက်မဲလမ်းခွဲ မှာ စစ်သားနဲ့ ရဲတွေ စစ်ဆေးနေတယ်။ ကျန်းမာရေးကဒ် နဲ့ မှတ်ပုံတင် ကို စစ်ဆေးနေတာ။ ကားသမားတွေကို လိုင်စင် စစ်ဆေးပြီး ကားငယ်ဆိုရင် သူတို့ ပိုက်ဆံ ၁ သောင်းခွဲ ပေးခိုင်းတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရီးသည် တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးရာတွင်လည်း စစ်သားများက ဆဲဆိုပြီး ပိုက်ဆံကို အတင်းအဓမ္မတောင်းယူနေကြောင်း သိရသည်။

“ စစ်ဆေးတာကလည်း ကောင်းကောင်းမစစ်ဘူး။ အဆဲပါတယ်။ ရိုင်းစိုင်းတဲ့ စကားတွေဆဲပြီး စစ်ဆေးနေတာ။။ ပိုက်ဆံလည်း အတင်းတောင်းတာ။ ခရီးသည်စစ်ဆေးခံရတဲ့သူက ကျနော်ပါ” ဟု ၎င်းက ဆိုသည်။

ယခင်က စစ်တပ်အာဏာမသိမ်းခင်ကာလတွင် ခရီးသွားလာရာမှာ လွယ်ကူပြီး စိုးရိမ်စိတ်မရှိပဲ သွားလာလို့ရကြောင်း၊ လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်၊ စစ်ကောင်စီ နှင့် လက်နက်ကိုင် အတုယောင်ဆောင်များကိုလည်း ကြောက်နေရကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်တုန်းက ဒီအာဏာမသိမ်းခင်ဆိုရင် ခရီးသွားလာရတာလွယ်ကူတယ်။ ဘာမှ မကြောက်ရဘူးပေါ့။ နားစရာလည်းမလိုဘူး။ ပြီးတော့ အခုက စစ်တပ်က အာဏာသိမ်းလိုက်တော့ ဟိုက်ဝေးလမ်းမကြီး‌ ပေါ်တွေမှာဆိုရင် လက်နက်ကိုင်တွေနဲ့ စစ်ဆေးနေတာလည်းများတယ်။ တစ်ချို့က အရပ်ဝတ်တွေနဲ့ စစ်ဆေးနေတာတွေလည်းရှိတယ်။ အဲ့လိုအရပ်ဝတ်တွေနဲ့ စစ်ဆေးနေတာက လက်နက်ကိုင် အတုတွေလည်းရှိတယ်။ သွားလာရတာ အခုကတော့ ကြောက်ရတာပေါ့” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လမ်းခရီးများတွင် စစ်ကောင်စီက မှတ်ပုံတင်စစ်ဆေးပြီး ငွေတောင်းယူနေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက စစ်ဆေးမှုများရှိသည့်အပြင် ဖမ်းဆီးမှုများလည်းရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...