ကျားဖြန့်
UWSA မှ ကျားဖြန့်လုပ်ကိုင်သူ (၇၂) ဦးကို တရုတ်ရဲလက်အပ်၊ ကျားဖြန့်ဂိုဏ်းအတွက် နေရာငှားပေးပါက အိမ်ခြံမြေသိမ်းမည်ဟုဆို
သျှမ်းပြည် UWSA ထိန်းချုပ် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့်ဂိုဏ်းအတွက် နေရာငှားရမ်းပေးပါက အိမ်ခြံမြေ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ‘ဝ’ဒေသတွင် နေထိုင်သူများအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ကူညီခြင်း မပြုရန် တားမြစ်ထားသည့် အချက်(၄) ချက်ပါ ကြေညာချက်တစ်ခုကို ဧပြီလ (၂၆)...
နမ့်စန်မြို့ ဖမ်းဆီးခံကျားဖြန့်များအတွက် အခမဲ့ ဝေပေးသည့်ထမင်းထုပ်ကို လဝကရုံးဝန်ထမ်းများ ပြန်ရောင်းစား
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ...
နမ့်စန်မြို့တွင် ထိန်းသိမ်းထားသည့် ကျားဖြန့် (၇၀၀) ကျော်ကို ပြည်သူများ ထမင်းထုပ်သွားဝေနေရ
သျှမ်းပြည်တောင်ပိုင်းတကြောရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီမှ ယခုရက်ပိုင်း အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ မတ် ၂၂ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ (၇၀၀)...
မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ဂိုဏ်းတခုကို SSPP က ဝင်ရောက်ဖမ်းဆီး
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် အခြေစိုက်လုပ်ကိုင်းနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဝင်ရောက် ဖမ်းဆီးလိုက်ကြောင်း ယနေ့ ( မတ်လ (၂၄)ရက် တွင် သတင်းထုတ်ပြန်သည်။ သျှမ်းပြည် မိုင်းရှူးမြို့နယ် နှင့် မိုင်းနောင်မြို့နယ် နယ်စပ်ကြားရှိ တောတွင်တစ်နေရာတွင် တရားမဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်း...
ရမခတိုင်းမှူး၊ တန့်ယန်းနှင့် မိုင်းရယ် စစ်ဗျူဟာမှူးတို့ကို ကျားဖြန့်ကိစ္စဖြင့် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ
သျှမ်းပြည် တန့်ယန်းမြို့နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး၊ မိုင်းရယ်နှင့် တန့်ယန်းမြို့ရှိ စစ်ဗျူဟာမှူးများကို စစ်ကောင်စီက ကျားဖြန့်ကိစ္စ ဆက်နွှယ်မှုဖြင့် အချင်းချင်း ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ်အတွင်း ပြောင်းရွှေ့အခြေစိုက်ထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် ကျော်မြင့်ထွန်း...
စစ်ကိုဆက်လက်ဆင်နွှဲပြီး ကျားဖြန့်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်ခံအဖြစ်ခံယူဆောင်ရွက်မည့် စစ်ကောင်စီ
အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ကျားဖြန့်နှိမ်နှင်းရေး ကြောင့် စစ်ကောင်စီသည် အဘက်ဘက်မှ ဖိအားများရင်ဆိုင်နေရသည်။ တရုတ်ဖိအားပေးမှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီသည် တရုတ်-မြန်မာနယ်စပ် ဒေသတစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကိုးကန့်ခေါင်းဆောင်များအပါအဝင် တရုတ်နိုင်ငံသားအများအပြားကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ရသည်။ ထိုအချိန်တွင်...
ကျားဖြန့်လုပ်ငန်းထဲ ရောက်ရှိနေသည့် စစ်ရှောင်လူငယ်များ မိဘနှင့် အဆက်အသွယ်ပြတ်
သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းထဲတွင် သွားရောက်လုပ်ကိုင်ကြပြီး၊ လက်ရှိတွင် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်နေသဖြင့် မိဘများ စိုးရိမ်လာနေကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း တကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်အများစုသည်...
ထိုင်းဘက်မှ လူသုံးကုန်ပစ္စည်း တင်သွင်းခွင့်ပိတ်ပင်မှုကြောင့် တာချီလိတ်တွင် အိမ်သုံးဂက်စ် ဈေးတက်
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ နှိမ်ရင်းရန်အတွက် ထိုင်းအစိုးရက လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုကြောင့် တာချီလိတ်မြို့တွင် မီးဖိုချောင်သုံးဂက်စ် (Gas)များ ဈေးနှုန်းမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ စက်သုံးဆီနှင့်အတူ ဂက်စ်တင်သွင်းမှု ပိတ်ထားသည့်အတွက် ဂက်စ်ဝင်ရောက်မှု နည်းလာကာ ဈေးနှုန်းမြင့်လာရခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့ အိမ်ရှင်မတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
ရွှေကုက္ကိုလ်အတွင်းပိတ်မိနေသော ၁၃ မျဉ်းစောင်းကိုင်ဆောင် လူငယ်များနေရပ်ပြန်ရန် စိုးရိမ်နေရ
Eugene -
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျားဖြန့်လုပ်ငန်းခွင်များအတွင်း ပိတ်မိနေသော ၁၃ မျဉ်းစောင်း နိုင်ငံသားစီစစ်ရေးကဒ်ကိုင်ဆောင်သည့် လူငယ်များ နေရပ်ပြန်ရန် စိုးရိမ်နေရကြောင်း သတင်းရရှိသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်၍ ကျားဖြန့်လုပ်ငန်းများ အခြေစိုက်ထားသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အား လျှပ်စစ်မီးနှင့် လောင်စာဆီများ ဖြတ်တောက်ရန် ထိုင်းအစိုးရ စီစဉ်ခဲ့သည်။ ထို့ကြောင့်...
မိုင်းရယ်မြို့နယ် တစ်ပတ်အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၁၀၀) ကျော်ကို စစ်ကောင်စီဖမ်းဆီး
သျှမ်းပြည် မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် ကျားဖြန့်လုပ်ကိုင်သူ ဗီယက်နမ်နှင့် တရုတ်နိုင်ငံသားများ အပါအဝင် လူ (၁၀၀) ကျော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ (၅) ရက်မှ (၉) ရက်အတွင်း မိုင်းရယ်မြို့နယ် မိုင်းဟဒေသရှိ မုံးဟ-မုံးဟင်းပြည်သူ့စစ် နယ်မြေတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို...





