UWSA
ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ
SHAN -
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...
သျှမ်းပြည်ထဲ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဟု စစ်ကော်မရှင်ကြေညာ
SHAN -
သျှမ်းပြည်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA နှင့် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် UEC ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်များအတွက်...
UWSA ထိန်းချုပ် ဟိုပန်မြို့နယ်ထဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပါက ထောင်ချမည်ဟုဆို
သျှမ်းပြည် ဟိုပန်မြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ အကြောင်းပြကာ မဲဆွယ်စည်းရုံးပါက ထောင်ဒဏ် (၁၀) နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်မည်ဟု ‘ဝ’တပ်ဖွဲ့ UWSA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၄) ရက်နေ့၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြုလုပ်ခဲ့သည့်...
နမ့်ခမ်း TNLA မှ ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့လှည့်လည်ပြသ
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA မှ ပြစ်ဒဏ်စီရင်မည့် ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့ လှည့်လည်ပြသခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နေ့လယ်ပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် TNLA လက်အောက်ခံရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ပြစ်မှုကျူးလွန်သူ အမျိုးသား...
မြောက်ပိုင်းမဟာမိတ်များကို UWSA စစ်လက်နက်မထောက်ပံ့ရန် ဆုံးဖြတ်ခြင်းက စစ်ကော်မရှင်နှင့် ပုလင်းတူဘူးဆို့ဟုပြော
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် TNLA ၊ MNDAA နှင့် SSPP/SSA တို့ကို ‘ဝ’တပ်ဖွဲ့ UWSA က စစ်လက်နက်များ မထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် စစ်ကော်မရှင်နှင့် ပုလင်းတူဘူးစို့သာဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုလိုက်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA...
စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ‘ဝ’ဒေသသွားရောက်၊ UWSA ခေါင်းဆောင်များနှင့်တွေ့
SHAN -
စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဩဂုတ်လ ၆-၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး ‘ဝ’တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ...
တန့်ယန်းမြို့နယ်ထဲ ‘ဝ’စစ်သားဟန်ဆောင်ပြီး ဓားပြမှုနှင့်လူကုန်ကူးမှု ကျူးလွန်သူများရှိနေ
သျှမ်းပြည် တန့်ယန်းမြို့တွင် UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သား အယောင်ဆောင်ပြီး ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်သူများရှိနေကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့တွင် ဩဂုတ်လဆန်းပိုင်း၌ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇)...
“UWSA” ထိန်းချုပ် မိုင်းပေါက်မြို့တွင် ရေကြီးမှုဖြစ်၊ ရဲအရာရှိ ၁ ဦးသေဆုံး
SHAN -
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး ရဲအရာရှိ တစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၂ ရက်) နံနက်အစောပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုင်းပေါက်မြို့တွင် ရေကြီးမှု ဖြစ်ပေါ်ခဲ့ကြောင်း Wa Nation society...
ထိုင်း-မြန်မာနယ်စပ် မြစ်ရေညစ်ညမ်းမှုပြဿနာ ဖြေရှင်းရန် ထိုင်းကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ထိ သွားညှိနှိုင်းမည်
SHAN -
သျှမ်းပြည်အရှေ့ပိုင်းတွင် မြစ်ဖျားခံပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းများထဲ ရေထုညစ်ညမ်းမှုကို ဖြေရှင်းရန် ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ညှိနှိုင်းမည်ဟု သိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခန်းမ၌ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ နမ့်ခုတ်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းတလျောက် နေထိုင်သည့်...
UWSA ထိန်းချုပ်နယ်မြေတွင် ကျားဖြန့် တရုတ်နိုင်ငံသား ၅၀ ဦး ဖမ်းဆီးရမိ
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၅၀) ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၅၀) ဦးကို ဇူလိုင်လ ၁၂ ရက်တွင် ‘ဝ’ထိန်းချုပ် တရုတ်-မြန်မာနယ်စပ်ရှိ Yonghe ဆိပ်ကမ်းမှတဆင့်...






