စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ‘ဝ’ဒေသသွားရောက်၊ UWSA ခေါင်းဆောင်များနှင့်တွေ့

စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။

ဩဂုတ်လ ၆-၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး ‘ဝ’တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း WSTV မှ ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ပုံစာ – စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ‘ဝ’ဒေသသွား UWSA ခေါင်းဆောင်များနှင့်တွေ့ (ဓာတ်ပုံ – WSTV)

အဆိုပါ ဆွေးနွေးပွဲသို့ စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် UWSA ဘက်မှ ဒုဥက္ကဋ္ဌ ဦးလောယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ လာမည့် ဒီဇင်ဘာလလယ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြင် ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရန် စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...