Tuesday, January 27, 2026

UWSA

တာချီလိတ်တွင် UWSA ပိုင် ကုမ္ပဏီ ပြည်သူပိုင်မြေပေါ် စက်ရုံတည်ဆောက်ခွင့်ရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် စက်ရုံ(၂)ရုံတည်ဆောက်ရန် UWSA ပိုင် ကုမ္ပဏီ စက်ရုံ တည်ဆောက် ခွင့်ပြုချက်ရထားကြောင်း စုံစမ်းသိရသည်။ “ဝ” သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) သည် နမ့်ဟုတ်မြစ်ဝှမ်းဒေသရှိ မတရားသိမ်းယူထားသည့် လယ်ယာမြေများပေါ် စစ်ကောင်စီကျောထောက်နောက်ခံဖြင့် စက်ရုံတည်ဆောက်ခွင့်ပြုချက်ရထားပြီး၊ စက်ရုံ တည်ဆောက်ပါက လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်ပေါ်လာနိုင်ကြောင်း...

UWSA ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ လူနာသစ် ၁၄၆ဦး ထပ်တိုး

“ဝ” အထူးဒေသ(၂) UWSA ထိန်းချုပ်ဒေသ မိုင်းပေါက်ခရိုင်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၄၆ဦး တိုးလာကြောင်း သတင်းရရှိသည်။ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)ထိန်းချုပ်သည့် ဒေသ မိုင်းပေါက်ခရိုင်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၄၆ဦးရှိပြီး ထိုထဲတွင် မိုင်းပေါက်မြို့တွင် ၁၃၂ဦး ၊ ဟိုတောင်းမြို့ တွင်...

UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့ ကို Lockdown ချမည်

“ဝ” အထူးဒေသ (၂) UWSA ထိန်းချုပ်သည့် နယ်မြေအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသဖြင့် ပန်ဆန်းမြို့ကို Lockdown ချမည်ဟု စုံစမ်းသိရသည်။ “ဝ” အထူးဒေသ (၂) တွင် ဇန်နဝါရီ (၄)ရက်မှ ဇန်နဝါရီ ၅ရက် တွင် မိုင်းပေါက်ခရိုင်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ...

“ဝ” အထူးဒေသ(၂)တွင် ကိုဗစ်-၁၉ လူနာ ၈၄ဦး ထိရှိလာ

“ဝ” အထူးဒေသ(၂) UWSA ထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း (၈၄)ဦးရှိကြောင်း သတင်းရရှိသည်။ ဇန်နဝါဝါရီ ၄ရက်တွင် UWSA ထိန်းချုပ်နယ်မြေ တွင်ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃ဦး ရှိပြီး၊ ထိုသူများသည် မိုင်းပေါက်မြို့ တွင် ၇ ဦး နှင့် မိုင်းဖျန်မြို့တွင် (၆)ဦးရှိကြောင်း...

မဲဆွယ်ခွင့်မရသည့် မိုင်းဆတ် “UWSA” နယ်မြေ ရွေးကောက်ပွဲ ဖျက်သိမ်းပေးရန် ပါတီ ၄ ခု တောင်းဆို

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ UWSA ထိန်းချုပ်လှုပ်ရှားသည့် နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိနိုင်သဖြင့် အချိန်မှီ ပိတ်သိမ်းသင့်ကြောင်း နိုင်ငံရေး ပါတီ (၄) ပါတီ မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။ လက်ရှိ အချိန်ထိ “ဝ”ထိန်းချုပ်နယ်မြေအတွင်းသို့ မဲဆွယ်စည်းရုံးခွင့်မရရှိကြကြောင်း၊...

“ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝင်၊ထွက် ပိတ်

ယခုရက်ပိုင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်လာသည့် အတွက် သျှမ်းပြည် အရှေ့ပိုင်း “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွင် စက်တင်ဘာ (၁)ရက် မှ စတင်ကာ အဝင်၊ အထွက် ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံတွင် သြဂုတ် လလယ်မှ စတင်ကာ ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုနှုန်းမြင့်တက်လာသဖြင့်...

၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် FPNCC မတက်ရောက်နိုင်ကြောင်းကြေညာ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC ) အဖွဲ့ဝင်များ မတက်ရောက်နိုင်ကြောင်း ယနေ့ သြဂုတ် ၁၃ ရက်စွဲဖြင့်ကြေညာချက်ထုတ်လိုက်သည်။ FPNCC အဖွဲ့ဝင်များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်...

“ဝ” ဒေသ တွင် ရွှေဆိုင် ဓားပြတိုက်၊ လူသတ်မှု ကျူးလွန်သည့် တရုတ်နိုင်ငံသား ၃ဦး သေဒဏ်စီရင်ခံရ

“ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ရှိ ရွှေဆိုင် ဓားပြတိုက်ပြီး လူသတ်မှု ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား ၃ဦး ကို သေဒဏ်စီရင်ခဲ့ကြောင်း သတင်း ရရှိသည်။ သေဒဏ်စီရင်ခံရသည့် တရုတ်နိုင်ငံသား ၃ဦးသည် မေ ၃ရက် တွင် “ ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ...

“ဝ” ဒေသ ဝင်၊ထွက် ယာယီ ကန့်သတ်

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်သည့် ဒေသ အတွင်း COVID-19 ကို ကာကွယ်သည့်အနေဖြင့် မတ် ၂၆ ရက်မှ စတင်ကာ ယာယီ ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။   လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ကာကွယ်သည့်အနေဖြင့် မတ် ၂၆ ရက်မှစတင်...

UWSA ၀ တပ်ဖွဲ နှစ် ၃၀ ပြည့်ငြိမ်းချမ်းရေးပွဲတော် မြောက်ပိုင်း ပန်ဆန်းနှင့် တောင်ပိုင်း ဟွေ့အော့တို့တွင် ကျင်းပမည်

၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ၏ ငြိမ်းချမ်းရေးခရီး နှစ် ၃၀ ပြည့်အခမ်းအနားကို သျှမ်းပြည်အရှေ့ပိုင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့နှင့် သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်းရှိ အမှတ် ၁၇၁ စစ်ဒေသအခြေချရာ ဟွေ့အော့ရွာတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ပွဲကျင်းပမည့် ၂ နေရာစလုံးအတွက်...

Latest news