အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် EAOs တို့ ငြိမ်းချမ်းရေးခရီး

ဒီနေ့တော့ ဧပြီ ၂၂ရက် ၂၀၂၂ခုနစ် ကနေစ, ပြီးတပ်ချုပ်ကြီးကနေခေါ်လိုက်တဲ့ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေအကြောင်းဘေးကြည့် (အနီးကြည့်လဲမဟုတ်၊ အဝေးကြည့်လဲမဟုတ်သူ) တဦးအနေနဲ့ တင်ပြပြီး စာရှုသူများကိုဝေဖန် သုံးသပ်ဆုံးဖြတ်စေချင်တယ်။

RCSS နဲ့ စစ်ကောင်စီ တွေ့

အရင်ကဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုခေါ်ရင် လူလွှတ်ပြီးယုံကြည်စိတ်ချအောင် အလွတ်သဘောရှင်းပြပြီးမှတရားဝင်တွေ့ဆုံပြီး သဘောတူညီချက်တွေရယူလေ့ရှိဒါကို အမှတ်ရကြပါလိမ့်မယ်။ အထူးသဖြင့် ၁၉၈၉ မှာတစ်ကြိမ်၊ ၂၀၁၁ မှာတစ်ကြိမ်ပေါ့။

သို့သော်ဒီတစ်ခေါက်မှာတော့ အလွတ်သဘောကြိုတင်တွေ့ဒါမရှိပဲနဲ့ NCA လက်မှတ်ထိုး ၇ ဖွဲ့နဲ့မထိုးသေးတဲ့ ၃ ဖွဲ့ပဲတွေ့ဆုံ မယ်လို့အကြောင်းကြားခဲ့တယ်။ ဒီလိုနဲ့ မေ ၂၀ရက် ၂၀၂၂ခုနစ် ကစ, ပြီးတစ်ဖွဲ့သုံးရက်နှုန်းတွေ့လာ ဒါပာာဒီနေ့ ဇွန် ၁၁ရက် ဆိုရင် ၇ ဖွဲ့နဲ့တွေ့ဆုံပြီးစီးပြီး၊ အဌမမြောက်အဖွဲ့နဲ့တွေ့ဆုံဆဲ ဖြစ်လိမ့်မယ်။ ဇွန် ၁၈ရက် ဆိုရင် 10-ဖွဲ့ လုံးနဲ့ပြီးစီးပြီးဖြစ်မယ်လို့မှန်းထားပေမဲ့အခုထိ ၅ ဖွဲ့နဲ့ပဲတွေ့ဆုံပြီးစီးတယ်။ ကျန် ၅ ဖွဲ့ကတော့ ဘယ်သူ့ကိုအရင်တွေ့မယ်ဆိုဒါလဲ မသိပဲ စောင့်မျှော်ဆဲဖြစ်တယ်။ တက်ရောက်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ကတော့ဒီပဌမအကြော့မှာ ၂ လ လောက်ကြာနိုင်တယ်လို့သိရကြောင်းပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်ကြီးယွက်စစ် နေပြည်တော်တွင်တွေ့ဆုံစဥ်

ဒီတော့အားလုံးရဲ့ဆွေးနွေးမှုများမှာဘာတွေတူသလဲအရင်ကြည့်ရအောင်။

  1. တစ်ဖွဲ့ ၃ ရက်ပုံစံဖြစ်တယ်။
    ပဌမရက် – တပ်ချုပ်နဲ့ပြော
    ဒုတိယရက် – ကောင်စီဝင်တွေနဲ့ပြော
    တတိယရက် – လိုဒါထပ်ညှိပြီးလက်မှတ်ထိုး
  2. အဖွဲ့အားလုံးနဲ့ဆွေးနွေးရာမှာတူပုံရသည်မှာ အောက်ပါအကြောင်းအရာတို့ဖြစ် ပါတယ်။
    တစ် – ပါတီစုံဒီမိုကရေစီကိစ္စ
    နှစ် – ဖက်ဒရယ်ကိစ္စ
    သုံး – ငြိမ်းချမ်းရေး/ဖွံ့ဖြိုးရေးလုပ်မဲ့ကိစ္စ
    လေး – ၂၀၂၃ မှာရွေးကောက်ပွဲလုပ်မယ်။ PR စနစ်နဲ့လုပ်မယ်။ ချောချောမွေ့မွေ့ကျင်း ပ, နိုင်ဘို့ EAO တွေကကူညီပါ။
    ငါး – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၀၁၆-၂၀) မှာရရှိခဲ့တဲ့ ပြည်ထောင်စုသ ဘောတူညီချက်အပိုင်း 1/2/3 (UA 1/2/3) တို့ကိုညီလာခံမတက်ခဲ့တဲ့ UWSA, NDAA တို့ကိုပါရှင်းလင်းပြခဲ့တယ်။ 2008 ခြေဥအရ ဇယား ၂ တိုင်းဒေသကြီး သို့ မဟုတ်ပြည်နယ်ဥပဒေပြုစာရင်း၊ ဇယား ၅-တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များကကောက်ခံရမည့်အခွန်အခများမှာ ဘယ်လိုဖြည့်စွက်တိုးချဲ့ပြီးလုပ် ပိုင်ခွင့်ပေးဘို့ရည်ရွယ်တယ်ဆိုဒါရှင်းပြတယ်။ (ဒီတော့ ၀ နဲ့မိုင်းလားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတို့အတွက် ဇယား ၃ မှာဘယ်လိုဖြည့်စွက်ဖို့ရှိတယ်လို့ လဲပြောလိမ့်မယ်လို့ခန့်မှန်းရတယ်)
    ဗဟိုကချုပ်ကိုင်ထားမှုကိုတဆင့်ပြီးတဆင့်ဖြေလျော့သွားဘို့ရှိတယ်လို့တက် ရောက်တဲ့အဖွဲ့တွေကတဆင့်သိရတယ်။
    ခြောက် – NUG/CRPH တို့ကိုတော့အကြမ်းဖက်မှုဆက်လက်လုပ်ဆောင်ရင်မဆွေးနွေး ဘူး (EAO တစ်ဦးကတော့ NUG/CRPH တို့မှ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုဆက်လက် ဆုပ်ကိုင်ထားမှုကိုရုတ်သိမ်းရမယ်လို့လဲကြားရကြောင်းပြောပါတယ်)
    ခုနှစ် – တပ်မတော်၊ EAO တွေနဲ့နိုင်ငံရေးပါတီတွေပါဝင်တဲ့ညီလာခံတစ်ရပ်ကိုကျင်းပ, ဘို့ရည်ရွယ်ထားတယ်။
    မှတ်ချက်
  3. ဤအချက်နှင့်ပတ်သက်၍ EAO တစ်ဖွဲ့မှသိပ်မရှင်းကြောင်းပြောပါသည်။
  4. သို့သော် 8/6/22 တွင်တပ်ချုပ်ကြီးက 1993-2007 တွင်ခြေဥပြင်ဆင်ရေး အမျိုးသားညီလာခံကိုကျင်းပ,ခဲ့သည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ ညောင်နှစ်ပင်ရှိအဆောက်အဦများကိုသွားရောက်ကြည့်ရှုစစ်ဆေးမှုမှာ ဤ အချက်ခုနှစ်အတွက်အားဖြည့်မှုပာုဆိုနိုင်ကြောင်းခေါင်းဆောင်တစ်ဦးမှာပြောပါသည်။
RCSSနဲ့ စစ်ကောင်စီတွေ့

မတူသည်များကိုလည်းသတင်းများအရတွေ့ရပါတယ်။
 RCSS မှစစ်ရေးနှင့်စီးပွားရေးကိစ္စများဆွေးနွေးခဲ့တယ်။
 NMSP ဘက်မှဖက်ဒရယ်စာတမ်းနှင့်မွန်စာသင်ခြင်းကိစ္စဆွေးနွေးခဲ့တယ်။
 UWSA ကတော့ ၀ ပြည်နယ်ကိုတရားဝင်အသိအမှတ်ပြုရေးကိစ္စပြောခဲ့တယ်။
 KNU/KNLA-PC သို့မဟုတ် KPC နှင့် NDAA (မိုင်းလား) ကတော့ကောင်းမွန်တယ်လို့ပဲကြားရပါတယ်။

ဒီတော့မေးခွန်းက 1/2/23 မှာတပ်ချုပ်ကြီးပာာ နိုင်ငံတော်ယာယီသမ္မတ ဦးဆောင်တဲ့အမျိုး သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) ကိုအာဏာပြန်အပ်ရတော့မယ်။ ဒါကြောင့်ယခုကျန်တဲ့ 7-လကျော်အတွင်း နိုင်ငံတည်ငြိမ်ရေးကိုလုပ်နိုင်မလား?
တစ်ဖက်က PDF တွေကိုစစ်ရေးနည်းနဲ့နိုမ်နင်း။
တစ်ဖက်က EAO တွေနဲ့ပါတီတွေနဲ့ဆွေးနွေးသဘာတူညီချက်ယူ။
နောက်တစ်ဖက်ကယိုယွင်းနေတဲ့စီးပွားရေးစနစ်နဲ့ငွေကြေးစနစ်ဘဏ်စနစ်တို့ကိုပြည် လည်ပြင်ဆင်ပံ့ပိုး။

နောက်ထပ်မမေ့သင့်တဲ့ အချက်ကတော့တပ်ချုပ်ကြီးပာာ နိုင်ငံတော်အာဏာသုံးရပ်ကို သူတစ်ဦးတည်းက ချုပ်ကိုင်ထားသော်လဲ တပ်မတော်တွင်းရှိတင်းမာသူ တပ်မှူး တွေကိုလဲနိုင်နိုင်နင်းနင်း ဦးဆောင်နိုင်အောင်ကြိုးပမ်းနေပုံရတယ်။ သူပာာနဂိုအတိုင်း အာဏာဆက်ကိုင်သွားမလား? အာဏာအချို့ကို လက်အောက်တပ်မှူးတွေကိုဖြေလျှော့ ပေးရမလား? ဘယ်လောက်များများဖြေလျှော့ပေးရမလဲ? ဆိုဒါတွေကလဲသူရဲ့လက်ရှိ နိုင်ငံအခြေအနေကိုကိုင်တွယ်ဖြေရှင်းမှုအပေါ်မှာ မူတည်နေတယ်လို့အနီးကပ်အကဲ ခတ်သူတစ်ချို့ကဆိုပါတယ်။

ပညာရှင်အချို့ကတော့ ယခုအခြေအနေမှာတပ်မတော်ကအတိုက်အခံ လက်နက် ကိုင်တော်လှန်သူတွေဖြိုခွင်းဘို့လဲမဖြစ်နိုင်။
အတိုက်အခံတော်လှန်သူတွေကလဲ အချိန်တိုတိုအနိုင်ရဘို့မဖြစ်နိုင်။
ဤအတိုင်းသာ ဘတပြန်ကျားတပြန်ရေရှည်ဖြစ်ရင် တိုင်းပြည်ကျဆုံးနိုင်တယ်။ ကျရှုံးရင် အိမ်နီးချင်းနိုင်ငံတွေလဲနစ်နာမယ်။ ဒါကြောင့်အကောင်းဆုံးရွေးလမ်းကတော့ တွေ့ဆုံ ဆွေးနွေးရေးလမ်းပဲ။ ဒီအတွက် ဦးဆောင်ဦးရွက်ပြောဆိုနိုင်မှာက EAO တွေဖြစ်တယ်။

သူတို့ကအနည်းဆုံးအောက်ပါအချက်တွေကိုတင်ပြပြီး တပ်မတော်ဘက်က လက်ခံ လုပ်ဆောင်နိုင်ရင်တိုင်းပြည်ရေတိမ်နစ်မှာကိုကယ်ဆယ်နိုင်လိမ့်မယ်လို့ဆိုတယ်။

  1. တပ်ချုပ်ကြီးက တပ်မတော်ပာာနိုင်ငံရေးမှာထာဝရဦးဆောင်ဘို့မရှိ။ စစ်တန်းလျား ကိုပြန်ဘို့ရှိတယ်လို့ပြောခဲ့ပြီးပြီ။ ဒီတော့ဘယ်တော့/ဘယ်လို ပြန်မယ်ဆိုဒါဆွေးနွေးသ ဘောတူညီချက်ရဘို့လိုမယ်။
  2. ဒီမိုကရေစီနဲ့ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်မယ်လဲ အကြိမ်ကြိမ်ပြောခဲ့ပြီ။ ဒီအတွက်မရှိမဖြစ်တဲ့အနှစ်သာရသဘောတူညီချက်တွေ ကိုဆွေးနွေးဘို့လိုပြီ။
  3. 2008 ခြေဥကိုအပျက်မခံဘူး။ ပြင်ဘို့လိုတယ်။ ပြင်လဲပြင်မယ်လို့ပြောခဲ့ပြီ။ ဒီအ တွက်အမျိုးသားညီလာခံကဲ့သို့ညီလာခံတစ်ရပ်ခေါ်ယူပြီး ၂၀၀၈ ခြေဥကိုသုံးသပ် (review) ပြင်ဆင် (revise) လုပ်ဖို့လိုပြီ။

ဒါကိုလာမဲ့ 7 လကျော်အတွင်းလုပ်နိုင်မယ်ဆိုရင်လာမဲ့နှစ် သြဂုတ်လလောက်မှာကျင်းပ, မဲ့ရွေးကောက်ပွဲကြီးပာာလူသတ်ပွဲ၊ သွေးချောင်းစီးပွဲ မဖြစ်ဖို့တားဆီးနိုင်မယ်လို့ဆိုပါ တယ်။

ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာဝပြောလိုသူတိုင်းဤအဆိုပြုချက်ကိုဝိုင်းဝန်းစဉ်းစား ၍၊ အကြံပြုကြပါရန်။

မှတ်ချက်။ ။ စာရေးသူရဲ့ အမြင်သဘောထားသာဖြစ်ပြီး၊ သျှမ်းသံတော်ဆင့် အယ်ဒီတာ အာဘော်မဟုတ်ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...