Wednesday, January 28, 2026

SSPP အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီ နေပြည်တော် တွင်တွေ့ဆုံ

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA အပါအဝင် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ကောင်စီ တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စုံစမ်း သိရသည်။

UWSA, SSPP,MDAA နဲ့စစ်ကောင်စီတွေ့ဆုံ

စစ်ကောင်စီ၏ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ၏ ဖိတ်ခေါ် ချက်အရ SSPP/SSA တပ်ဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့များက နေပြည်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“NSPNC ရဲ့ ဖိတ်ခေါ်ချက် အရ နေပြည်တော်ကို သွားရတာ ဖြစ်ပါတယ်၊ ဖိတ်ခေါ်ချက်ကတော့ အချက် သုံးချက်ကို ဆွေးနွေးဖို့ ဆိုပြီးတော့ ပါတယ်၊ (၁) အချက်က သူတို့ လုပ်မယ့် ရွေးကောက်ပွဲအကြောင်း ၊ (၂) အချက်က ကျနော်တို့ ဘက် တင်ပြထားတဲ့ ၂၀၀၈ ပြင်ဆင်ရေး၊ (၃) အချက်က ငြိမ်းချမ်းရေးအကြောင်း ဖြစ်တယ်၊ ဒါတွေကို ဆွေးနွေးဖို့ အတွက် ကိုယ်စားလှယ် အဖွဲ့တွေက နေပြည်တော်ကို သွားတာ ဖြစ်ပါတယ်” ဟု ဗိုလ်ကြီး သိဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်တွင် SSPP/SSA ကိုယ်စားလှယ် အဖွဲ့အပါအဝင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တို့၏ ကိုယ်စားလှယ်အဖွဲ့များ ခရီးစတင် ထွက်ခွာခဲ့ပြီး ယနေ့ (မတ်လ ၂၂) ရက်၌ စစ်ကောင်စီ တပ်ဖွဲ့နှင့် စတင်ဆွေးနွေးရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုတစ်ကြိမ် တွေ့ဆုံမှုသည် အာဏာသိမ်း စစ်ကောင်စီ ဦးဆောင်သည့် NSPNC အဖွဲ့နှင့် SSPP/SSA တို့အကြား တတိယ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်းလည်း ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။


“အခုတကြိမ် တွေ့ဆုံမှုကတော့ တတိယ အကြိမ်မြောက်ပေါ့နော်၊ SSPP/SSA နဲ့အတူ ပန်ဆန်းက UWSA ၊ မိုင်းလား က NDAA တို့လည်းပါမယ်လို့ သတင်းသိရတယ်၊ အသေးစိတ်ကိုတော့ ကျနော် မသိရဘူး” ဟု ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၆ – ၁၇ ရက်တွင်လည်း SSPP/SSA ၊ UWSA၊ MNDAA၊ AA၊ TNLA ၊ NDAA နှင့် KIA တို့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့သည် ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ထို့အပြင် ယခု မတ်လ ကုန်ပိုင်းတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (၇) ဖွဲ့ တို့သည် စစ်ကောင်စီ နှင့် အလွတ်သဘော ဆွေးနွေးရန်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) မြန်မာ့ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ သုတေသီ စာတမ်းအရ စစ်အစိုးရ ခေတ်အဆက်ဆက်သည် ငြိမ်းချမ်းရေး ဆွေးနွေးမှု ခေါ်ယူသည့် အချိန်တိုင်း မြေပြင်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ အစဥ်ဖြစ်ပွားနေကြောင်းလည်း သိရသည်။

ငြိမ်းချမ်းရေးခေါင်းစဥ်ဖြင့် စစ်ကောင်စီမှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ(EAO/ERO) ထံ ချည်းကပ်ပုံ သည် (EAO/ERO) အား တစ်ဖွဲ့ချင်းဖြစ်စေ၊ စုဖွဲ့ထားသည့် တပ်ပေါင်းစု ဖြစ်စေ ညီညွှတ်မှု ပျက်ပြားစေရန် ခွဲခြား ဆက်ဆံခြင်း၊ သပ်လျှိုသွေးခွဲနည်းလမ်းများကို အသုံးပြုပြီး ချည်းကပ်လေ့ရှိသည်ဟု စာတမ်းတွင် ထုတ်ပြန် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...