SSPP အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီ နေပြည်တော် တွင်တွေ့ဆုံ

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA အပါအဝင် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ကောင်စီ တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စုံစမ်း သိရသည်။

UWSA, SSPP,MDAA နဲ့စစ်ကောင်စီတွေ့ဆုံ

စစ်ကောင်စီ၏ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ၏ ဖိတ်ခေါ် ချက်အရ SSPP/SSA တပ်ဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့များက နေပြည်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“NSPNC ရဲ့ ဖိတ်ခေါ်ချက် အရ နေပြည်တော်ကို သွားရတာ ဖြစ်ပါတယ်၊ ဖိတ်ခေါ်ချက်ကတော့ အချက် သုံးချက်ကို ဆွေးနွေးဖို့ ဆိုပြီးတော့ ပါတယ်၊ (၁) အချက်က သူတို့ လုပ်မယ့် ရွေးကောက်ပွဲအကြောင်း ၊ (၂) အချက်က ကျနော်တို့ ဘက် တင်ပြထားတဲ့ ၂၀၀၈ ပြင်ဆင်ရေး၊ (၃) အချက်က ငြိမ်းချမ်းရေးအကြောင်း ဖြစ်တယ်၊ ဒါတွေကို ဆွေးနွေးဖို့ အတွက် ကိုယ်စားလှယ် အဖွဲ့တွေက နေပြည်တော်ကို သွားတာ ဖြစ်ပါတယ်” ဟု ဗိုလ်ကြီး သိဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်တွင် SSPP/SSA ကိုယ်စားလှယ် အဖွဲ့အပါအဝင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တို့၏ ကိုယ်စားလှယ်အဖွဲ့များ ခရီးစတင် ထွက်ခွာခဲ့ပြီး ယနေ့ (မတ်လ ၂၂) ရက်၌ စစ်ကောင်စီ တပ်ဖွဲ့နှင့် စတင်ဆွေးနွေးရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုတစ်ကြိမ် တွေ့ဆုံမှုသည် အာဏာသိမ်း စစ်ကောင်စီ ဦးဆောင်သည့် NSPNC အဖွဲ့နှင့် SSPP/SSA တို့အကြား တတိယ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်းလည်း ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။


“အခုတကြိမ် တွေ့ဆုံမှုကတော့ တတိယ အကြိမ်မြောက်ပေါ့နော်၊ SSPP/SSA နဲ့အတူ ပန်ဆန်းက UWSA ၊ မိုင်းလား က NDAA တို့လည်းပါမယ်လို့ သတင်းသိရတယ်၊ အသေးစိတ်ကိုတော့ ကျနော် မသိရဘူး” ဟု ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၆ – ၁၇ ရက်တွင်လည်း SSPP/SSA ၊ UWSA၊ MNDAA၊ AA၊ TNLA ၊ NDAA နှင့် KIA တို့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့သည် ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ထို့အပြင် ယခု မတ်လ ကုန်ပိုင်းတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (၇) ဖွဲ့ တို့သည် စစ်ကောင်စီ နှင့် အလွတ်သဘော ဆွေးနွေးရန်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) မြန်မာ့ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ သုတေသီ စာတမ်းအရ စစ်အစိုးရ ခေတ်အဆက်ဆက်သည် ငြိမ်းချမ်းရေး ဆွေးနွေးမှု ခေါ်ယူသည့် အချိန်တိုင်း မြေပြင်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ အစဥ်ဖြစ်ပွားနေကြောင်းလည်း သိရသည်။

ငြိမ်းချမ်းရေးခေါင်းစဥ်ဖြင့် စစ်ကောင်စီမှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ(EAO/ERO) ထံ ချည်းကပ်ပုံ သည် (EAO/ERO) အား တစ်ဖွဲ့ချင်းဖြစ်စေ၊ စုဖွဲ့ထားသည့် တပ်ပေါင်းစု ဖြစ်စေ ညီညွှတ်မှု ပျက်ပြားစေရန် ခွဲခြား ဆက်ဆံခြင်း၊ သပ်လျှိုသွေးခွဲနည်းလမ်းများကို အသုံးပြုပြီး ချည်းကပ်လေ့ရှိသည်ဟု စာတမ်းတွင် ထုတ်ပြန် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...