ဟိုပန်မြို့နယ် ပြည်သူ စိုက်ပျိုးမြေ သိမ်းပြီး “ဝ” တိုင်းရုံး စိုက်ရန်ကြိုးစားနေ

သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ်ရှိ ပြည်သူပိုင် စိုက်ပျိုးမြေ နေရာများကို “ဝ” တိုင်းရုံးစိုက်ရန်အတွက် သစ်တောဌာနမှ သိမ်းယူရန် ကြိုးစားနေမှုကို ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်တွင် ဟိုပန်မြို့ မိန်းပန်းသျှမ်းရပ်ကွက် မှ ပြည်သူပိုင် စိုက်ပျိုးမြေနေရာများကို သစ်တောဦးစီးဌာန မှ လာရောက် တိုင်းတာရန် ပြင်ဆင်နေစဥ် ပြည်သူများက ဝိုင်းဝန်းကန့်ကွက် ဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း ဒေသခံ သျှမ်းပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သစ်တောဌာနက လူတွေ ကျနော်တို့ ဘိုးဘွားအစဥ်အဆက် စိုက်ပျိုးခဲ့တဲ့ မြေနေရာဧက (၃၀) ကျော်ကို မတရား သိမ်းယူလို့ ဘယ်ဖြစ်မလဲ၊ ကျနော်တို့ ပြည်သူတွေက လက်မခံနိုင်ပါဘူး၊ သူတို့က “ဝ “ တိုင်းရုံးအတွက်လို့ ပြောပါတယ်၊ ကျနော်တို့က လုပ်ကိုင်စားသောက်ဖို့ စိုက်ပျိုးရမှာမို့ ကန့်ကွက်ပါတယ်” ဟု အထက်ပါ ဟိုပန် ဒေသခံ သျှမ်းအမျိုးသားက သျှမ်းသံတော်ဆင့် ကိုပြောသည်။

သစ်တောဌာနမှ သိမ်းယူရန် ကြိုးစားနေသည့် မြေနေရာများသည် စုစုပေါင်း ၃၀ ဧကခန့် ရှိနေပြီး ဟိုပန်မြို့ အခြေစိုက် “ဝ “ တိုင်းရုံး အသစ်ဆောက်လုပ်ရန်အတွက် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဟိုပန်မြို့နယ်

လက်ရှိ မြေသိမ်းယူရန် ကြိုးစားနေသည့် သစ်တောဌာနမှ တာဝန်ရှိသူများသည် သစ်ပင်စိုက်ပျိုးရန် မြေသိမ်းခြင်း မဟုတ်သည့် အတွက် ဆန့်ကျင် ကွန့်ကွက်မှုများ မပြုလုပ်နိုင်ပါက တခြားနေရာများမှ မြေနေရာများလည်း ထပ်မံသိမ်း ခံနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ ပြည်သူပိုင်တဲ့ မြေနေရာတွေ ဖြစ်နေလို့ သူတို့အခုလို လာရှုပ်တာ လာသိမ်းတာတွေကို လက်ခံနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ကျနော်တို့ ဆန့်ကျင်ကန့်ကွက်တာ ၊ အခုချိန်မှာ ဆန့်ကျင်ကန့်ကွက်တာ မလုပ်နိုင်လို့ တခါသိမ်းနိုင်ခဲ့ရင် နောက်ထပ်လည်း မသိမ်းတော့ဘူးလို့ မပြောနိုင်ဘူး” ဟု ဟိုပန် ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် လက်ရှိ မြေနေရာသိမ်းယူသည့် သစ်တောဌာန နောက်ကွယ်တွင် အဖွဲ့အစည်း နောက်ခံရှိနိုင်ကြောင်း ဒေသခံပြည်သူများက ဝေဖန်ပြောဆိုကြသည်။

ယင်းကိစ္စဖြစ်စဥ်များ နှင့် ပတ်သက်ပြီး UWSA မှ ပြောရေးဆိုခွင့်ရှိသူ နှင့် ဆက်သွယ်မေးမြန်းရာ ဟိုပန်မြို့နယ်သည် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေ မဟုတ်သည့်အတွက် မသိရှိရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟိုပန်မြို့နယ်က UWSA ထိန်းချုပ်နယ်မြေထဲမပါ ပါဘူး၊ အဲ့ဒါ “ဝ” တိုင်းအစိုးရဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီကိစ္စကို ကျနော်တို့မသိရဘူး” ဟု UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းသံတော်ဆင့်မှ “ဝ” တိုင်းအစိုးရဌာနမှ တာဝန်ရှိသူများနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားဆက်သွယ် နေသော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဟိုပန်မြို့နယ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်နမိတ်ထဲပါရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူ အများစု သျှမ်းလူမျိုးများဖြစ်ကာ ပြောင်း၊ ပဲ နှင့် ကြံစိုက်ပျိုးမှုနှင့် အသက် မွေးဝမ်းကြောင်း ပြုလုပ်သည့် ဒေသဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြေနေရာ သိမ်းယူမှုအောင်မြင်သွားပါက ဒေသခံ ပြည်သူများ၏ စိုက်ပျိုးမြေနေရာများ ဆုံးရှုံးသွား ရသည့် အပြင် ရှေ့ဆက် လုပ်ကိုင်စားသောက်ရမည့် အသက်မွေးဝမ်းကြောင်း နှင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...