UWSA တပ်ဖွဲ့ မိုင်းယော်တိုက်နယ်သို့ အလုံးအရင်း ဝင်ရောက်လာ

သျှမ်းပြည် လားရှိုးခရိုင် မိုင်းယော် တိုက်နယ်အတွင်းသို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် ( UWSA ) တပ်ဖွဲ့ အင်အား ၃၀၀ ခန့် ဝင်ရောက် လာကြောင်း စုံစမ်း သိရသည်။

UWSA တပ်ဖွဲ့

ယခုရက်သတ္တပတ်အတွင်းတွင် အင်အား ၃၀၀ နီးပါးရှိသည့် UWSA စစ်ကြောင်း တစ်ခုသည် သံလွင်မြစ် အရှေ့ ဘက်မှ သံလွင်မြစ် အနောက်ဘက်ခြမ်း လားရှိုးခရိုင် မိုင်းယော် တိုက်နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဝ”တပ်ဖွဲ့က သံလွင်မြစ် အရှေ့ပိုင်းကနေ တန့်ယန်းဘက် နောင်လျန်၊ နောင်ဖာဘက်ကို ကျော်ပြီးတော့ အခု ဒီ မိုင်းယော် ဘက်ကို ရောက်လာတယ်။ ”ဝ” တွေ နောင်လျန် နောင်ဖာဘက်မရောက်ခင် အဲ့ဘက်က MNDAA တပ် တချို့ကလည်း မိုင်းယော်ဘက်ကို ဆုတ်ခွာလာတာ တွေ့ရတယ်” ဟု အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ “ဝ” တပ်ဖွဲ့ ဝင်ရောက်လာမှုကြောင့် တန့်ယန်းမြို့နယ် နှင့် မိုင်းယော် တိုက်နယ် အတွင်း လှုပ်ရှားနေကြသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ တပ်ဆုတ်ခွာရကြောင်းလည်း သတင်းသိရသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး UWSA တပ်ဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ် မေးမြန်းရာ ဖြစ်စဥ်အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီကိစ္စကို ကျနော် မသိရသေးဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဌာနချုပ်က အမြင် သဘောထားက ဘယ်လိုရှိလဲဆိုတာကို အထက်ကို ကျနော် မေးကြည့်ရအုံးမယ်” ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မိုင်းယော်တိုက်နယ်အတွင်း လှုပ်ရှားနေသည့် MNDAA တပ်အမှတ် ၆၁၁ နှင့်၊ TNLA တပ်တချို့က ဆုတ်ခွာရသော်လည်း လက်ရှိတွင် အဆိုပါ ဒေသအတွင်း၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့အချို့ ကျန်ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

ယခင် ဗမာကွန်မြူနစ်ပါတီ (ဗကပ) ခေတ်ပြီးသည့်နောက် UWSA တပ်ဖွဲ့သည် သံလွင်မြစ် အရှေ့ဘက်ခြမ်း နှင့် မြန်မာ – ထိုင်းနယ်စပ် မိုင်းတုံ၊ မိုင်းဆတ် ဘက်တွင်သာ လှုပ်ရှားမှု ပြုလုပ်ကြောင်း သိရသည်။

ယင်းကဲ့သို့ UWSA “ဝ” တပ်ဖွဲ့မှ သံလွင်မြစ် အနောက်ဘက်ခြမ်းသို့ ရောက်ရှိလာခြင်း နှင့် ပတ်သက်ပြီး နယ်မြေ ချဲ့ထွင်ခြင်း မဟုတ်နိုင်ကြောင်း နှင့် မဟာမိတ် တပ်ဖွဲ့ဝင် အချင်းချင်း သဘောတူညီချက် ရှိနိုင်ကြောင်း သျှမ်းပြည်နိုင်ငံရေး အကြောင်း လေ့လာသူ ဦးရဲထွန်း (သီပေါ) က ပြောဆို သုံးသပ်ထားသည်။

“ဒါကို နယ်မြေချဲ့ထွင်လာတယ်လို့ မထင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူတို့ ပြည်နယ်တောင်းတဲ့အထဲမှာ ဒီသံလွင် မြစ် အနောက်ဘက်ခြမ်းက မပါခဲ့ဘူးလေ၊ သူတို့ မဟာမိတ် တပ်ဖွဲ့ ဝင် အချင်းချင်း သဘော တူညီချက် တစ်ခု ရှိမယ်လို့ပဲ ထင်ပါတယ်” ဟု ဦးရဲထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA ၏ စစ်အင်အား ဝင်ရောက်လာသည့် မိုင်းယော်တိုက်နယ် နှင့် ၃၂ မိုင်ခန့် ကွာဝေးသည့် လားရှိုးမြို့တွင် တပ်ဖွဲ့၏ ဆက်ဆံရေးရုံး တစ်ခုလည်း ရှိနေသည်။

UWSA တပ်ဖွဲ့ သည် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ ဝင်လည်း ဖြစ်သည်။

အဆိုပါ FPNCC (၇) ဖွဲ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) မိုင်းလား၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) တို့ ပါဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...