စစ်ကောင်စီ နှင့် ဒု-ကြိမ်တွေ့ဆုံဖို့ “ဝ” ၊ မိုင်းလား နှင့် SSPP တို့ ပန်ဆန်းတွင် ကြိုတင်တွေ့ဆုံမည်

“ဝ”၊ မိုင်းလား နှင့် SSPP တို့ အာဏာသိမ်း စစ်ကောင်စီ နှင့် ဒုတိယ အကြိမ်တွေ့ဆုံရန် အတွက် ဘုံသဘောတူညီချက်ရအောင် ပန်ဆန်းမြို့တွင် ကြိုတင် ပြင်ဆင်သည့် အစည်းအဝေး ပြုလုပ်သွားမည်ဟု စုံစမ်းသိရသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့သည် အာဏာသိမ်း စစ်ကောင်စီ နှင့်တွေ့ဆုံရန် အတွက် ယခုလာမည့် စက်တင်ဘာ ၁၆ ရက်နေ့၌ ပန်ဆန်းမြို့တွင် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေး ပြုလုပ်သွားမည်ဟု သိရသည်။

“စစ်ကောင်စီ နဲ့ တွေ့ဖို့အတွက် ပန်ဆန်းမှာ အကြိုအစည်းအဝေးလုပ်ကြမယ်။ ဒီလ ၁၆ ရက်ကနေ စလုပ်မယ်။ စစ်ကောင်စီနဲ့ တွေ့ရင် ဘုံသဘောတူညီချက်တွေ တောင်းဆိုညှိနှိုင်းမှုတွေ တစ်သံတည်းထွက်အောင်လို့ ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ လုပ်တာပါ” ဟု အမည်မဖော်လိုသည့် သျှမ်းနိုင်ငံရေး အသိုင်းအဝန်းမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


ယခင်က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့သည် စက်တင်ဘာ ၁၃ ရက်၌ အာဏာသိမ်း စစ်ကောင်စီ နှင့် နေပြည်တော်တွင် တွေ့ဆုံရန် ရက်သတ်မှတ်ခဲ့သော်လည်း စစ်ကောင်စီ အဖွဲ့မှ ၂၀၀၈ ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ပြင်ဆင်လိုသည့် အခန်းကဏ္ဍကို သေချာလေ့လာထားရန် အကြောင်းကြားထားခဲ့သည်။

ပန်ဆန်းမြို့

ထို့ကြောင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က နေပြည်တော်သွားရောက်ဆွေးနွေးပါက တညီတညွတ်တည်း အသံထွက်ရန် ပန်ဆန်းမှာ အကြိုဆွေးနွေးခြင်းဖြစ်သည်။

“ အခု လူကြီးတွေကတော့ ခရီးထွက်သွားကြပြီ။ ပန်ဆန်းဘက်ကို သွားတယ်လို့သိရတယ်” ဟု SSPP အရာရှိငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီ ဖိတ်ခေါ်သည့် ဒုတိယအကြိမ် ဆွေးနွေးပွဲကို SSPP “ဝ” နှင့် မိုင်းလားတို့ အတူတက်ရောက်ရမည်ဆိုသောကြောင့် SSPP တပ်ဖွဲ့အနေဖြင့် လိမ္မာပါးနပ်မှုရှိမှသာ စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်ထဲ မှ လွှတ်နိုင်မည်ဟု သျှမ်းစာရေးဆရာ ဟိန်းကာယန်း က သျှမ်းသံတော်ဆင့်၏ အပတ်စဥ် နိုင်ငံရေးလေ့လာသုံးသပ်ချက်တွင် ပြောဆိုထားသည်။

SSPP၊ “ဝ” နှင့် မိုင်းလား တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အတူတူတက်ရမည်ဆိုပါက ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်နှင့် မျှော်မှန်းချက်သည် တူညီမှုရှိနိုင်မှာလားဆိုတာကိုလည်း စဥ်းစားစရာဖြစ်သည်။

“ UWSAရဲ့ အမြင့်ဆုံး ရည်မှန်းချက်က “ ဝ” ပြည်နယ်ရရှိဖို့ ပြည်ထောင်စုထဲမှ လုံးဝခွဲထွက်မှာ မဟုတ်ဘူး။ NDAA မိုင်းလား တပ်ဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လိုချင်တယ်။ ပြည်ထောင်စုအဆင့်ဖြစ်နေတဲ့ ပြဿနာကို သူတို့အဲ့လောက်ထိ အရေးထားမှာမဟုတ်ဘူး။ ပြည်ထောင်စုထဲကနေ ခွဲမထွက်ဖို့ ဆိုတာကို SSPP အနေနဲ့ လက်ခံနိုင်လား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို သတ်မှတ်ပေးမယ်ဆိုတာကျတော့ရော SSPP ရဲ့ နိုင်ငံရေး မူဝါဒ မျှော်မှန်းချက်နဲ့ ကိုက်ညီပါ့မလား” ဟု သျှမ်းစာရေးဆရာ ဟိန်းကာယန်းက ပြောသည်။

ဆက်လက်ပြီး ဟိန်းကာယန်း က “လက်ရှိ ပြည်ထောင်စုအတွင်း ဖြစ်နေတဲ့ ပြဿနာမီးတွေက ဗမာ အုပ်စုနှစ်ခုကြားရဲ့ အက်ကြောင်း ပြဿနာသာဖြစ်တယ်လို့ “ ဝ” ၊ မိုင်းလားနဲ့ SSPP ပြောနိုင်ပါ့မလား၊ ပြောနိုင်မယ်မထင်ဘူး၊ ဒါကြောင့်မို့လည်း နေပြည်တော်ကို ခဏခဏပြေးနေရသလို ပြည်သူတွေကလည်း တွေဝေနေကြရပြီ” လို့ မှတ်ချက်ပြုထားသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ (၇)ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ “ဝ”တပ်မတော်၊ မိုင်းလားတပ်မတော် နှင့် SSPP တို့ပါဝင်ဖွဲ့စည်းထားသည်။

သို့သော်လက်ရှိ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် KIA၊TNLA နှင့် MNDAA တို့က တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း “ဝ”တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့ နှင့် SSPP တို့က တိုက်ပွဲဖြစ်ပွားမှု မရှိကြပေ။

ယင်းကဲ့သို့ အုပ်စုလိုက် တွေ့ဆုံဆွေးနွေးခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေနှင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးအား မြင်အောင်ကြည့်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အုပ်စု အလိုက် တက်ရောက်ရမည် ဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အကြား ပထမအကြမ် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် UWSA တပ်ဖွဲ့မှ မေ ၂၉ ရက် ဖြစ်ပြီး၊ NDAA တပ်ဖွဲ့သည် ဇွန်လ ၇ ရက်နှင့် SSPP/SSA တပ်ဖွဲ့က ဇူလိုင် ၂ ရက်နေ့တွင် အသီးသီး တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။

လက်ရှိတွင် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က အုပ်စုတစ်ခုအနေဖြင့် ဩဂုတ် ၂၂ ရက်နေ့တွင်သော်လည်းကောင်း၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့က သြဂုတ်လ ၂၈ ရက်တွင် သော်လည်းကောင်း စစ်ကောင်စီနှင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးနေပြီး ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...