UWSA ထိန်းချုပ်နယ်မြေ ကိုဗစ်-၁၉ ပြန်မြင့်တက်၊ နယ်စပ်ဂိတ်တချို့ ပိတ်ထား

သျှမ်းပြည် အရှေ့ပိုင်း “ဝ” ညီညွတ်ရေးတပ်မတော် ( UWSA) ထိန်းချုပ်နယ်မြေ အဝင်၊အထွက် စစ်ဆေးရေးဂိတ် တစ်ခုဖြစ်သည့် ကောင်းစန်း (မိုင်းလွေ) ဂိတ်ကို ကိုဗစ် – ၁၉ ထပ်မံဖြစ်ပွားမှုကြောင့် ခေတ္တပိတ်ထားကြောင်း စုံစမ်းသိရသည်။

အဆိုပါ “UWSA” ထိန်းချုပ်နယ်မြေ ကောင်းစန်း(မိုင်းလွေ) ဂိတ် ကို စက်တင်ဘာ ၂၂ ရက်မှစပြီး ခေတ္တပိတ်လိုက်ကြောင်း ဒေသခံ ကားသမားတစ်ဦးက ပြောသည်။

“လောဆယ်တော့ ဘယ်နှရက်ပိတ်မယ်ဆိုတာ မသိသေးဘူး။ ကိုဗစ် ထပ်ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်လိုက်တာပဲ။ ကျနော်လည်း သေချာတော့မသိဘူး” ဟု ကားသမား တစ်ဦးက ဆိုသည်။

ပုံ/ဟောင်း (“ဝ” ဒေသ ထိန်းချုပ်နယ်မြေမှာ ကိုဗစ်-၁၉ ထိန်းချုပ်စဥ်)

ထို့အပြင် လတ်တလောမှ ကိုဗစ် – ၁၉ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် “ဝ” ထိန်းချုပ်သည့် ဒေသ ဝင်၊ထွက်ပါက ကွာရန်တင်းစင်တာ (၇) ရက်ဝင်ရမည်ဖြစ်ပြီး၊ ကွာရန်တင်းဝင်ရောက်လိုပါက မိမိ စားစရိတ်ဖြင့် (၇)ရက် ဝင်ရမည်ဟုလည်း “ဝ” ဒေသ ထုတ်ပြန်ချက်အရသိရသည်။

UWSA ထိန်းချုပ်သည့် ဒေသသို့ ဝင်ရောက်လာပါက ကွာရန်တင်းစင်တာ ကို တစ်ရက်လျှင် တရုတ်ယွမ်ငွေ (၁၃၀) ၊ မြန်မာကျပ်ငွေ ကာလပေါက်စျေး (၅သောင်း) နီးပါး၊ ဟိုတယ်ကွာရန်တင်း ဝင်ပါက တရက်လျှင် တရုတ်ယွမ်ငွေ (၁၈၀) မြန်မာငွေကျပ်ငွေ ကာလပေါက်စျေး (၆သောင်း) ကျော် ကျသင့်ကြောင်း သိရသည်။

လွန်ခဲ့သည့် သြဂုတ်လတွင် “ဝ” ဒေသ အဝင်၊ အထွက် ဂိတ်အားလုံးပိတ်ထားရန် စစ်ကောင်စီဘက်မှလည်း ညွှန်ကြားထားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...