Tuesday, January 27, 2026

UWSA ထိန်းချုပ်နယ်မြေ ကိုဗစ်-၁၉ ပြန်မြင့်တက်၊ နယ်စပ်ဂိတ်တချို့ ပိတ်ထား

သျှမ်းပြည် အရှေ့ပိုင်း “ဝ” ညီညွတ်ရေးတပ်မတော် ( UWSA) ထိန်းချုပ်နယ်မြေ အဝင်၊အထွက် စစ်ဆေးရေးဂိတ် တစ်ခုဖြစ်သည့် ကောင်းစန်း (မိုင်းလွေ) ဂိတ်ကို ကိုဗစ် – ၁၉ ထပ်မံဖြစ်ပွားမှုကြောင့် ခေတ္တပိတ်ထားကြောင်း စုံစမ်းသိရသည်။

အဆိုပါ “UWSA” ထိန်းချုပ်နယ်မြေ ကောင်းစန်း(မိုင်းလွေ) ဂိတ် ကို စက်တင်ဘာ ၂၂ ရက်မှစပြီး ခေတ္တပိတ်လိုက်ကြောင်း ဒေသခံ ကားသမားတစ်ဦးက ပြောသည်။

“လောဆယ်တော့ ဘယ်နှရက်ပိတ်မယ်ဆိုတာ မသိသေးဘူး။ ကိုဗစ် ထပ်ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်လိုက်တာပဲ။ ကျနော်လည်း သေချာတော့မသိဘူး” ဟု ကားသမား တစ်ဦးက ဆိုသည်။

ပုံ/ဟောင်း (“ဝ” ဒေသ ထိန်းချုပ်နယ်မြေမှာ ကိုဗစ်-၁၉ ထိန်းချုပ်စဥ်)

ထို့အပြင် လတ်တလောမှ ကိုဗစ် – ၁၉ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် “ဝ” ထိန်းချုပ်သည့် ဒေသ ဝင်၊ထွက်ပါက ကွာရန်တင်းစင်တာ (၇) ရက်ဝင်ရမည်ဖြစ်ပြီး၊ ကွာရန်တင်းဝင်ရောက်လိုပါက မိမိ စားစရိတ်ဖြင့် (၇)ရက် ဝင်ရမည်ဟုလည်း “ဝ” ဒေသ ထုတ်ပြန်ချက်အရသိရသည်။

UWSA ထိန်းချုပ်သည့် ဒေသသို့ ဝင်ရောက်လာပါက ကွာရန်တင်းစင်တာ ကို တစ်ရက်လျှင် တရုတ်ယွမ်ငွေ (၁၃၀) ၊ မြန်မာကျပ်ငွေ ကာလပေါက်စျေး (၅သောင်း) နီးပါး၊ ဟိုတယ်ကွာရန်တင်း ဝင်ပါက တရက်လျှင် တရုတ်ယွမ်ငွေ (၁၈၀) မြန်မာငွေကျပ်ငွေ ကာလပေါက်စျေး (၆သောင်း) ကျော် ကျသင့်ကြောင်း သိရသည်။

လွန်ခဲ့သည့် သြဂုတ်လတွင် “ဝ” ဒေသ အဝင်၊ အထွက် ဂိတ်အားလုံးပိတ်ထားရန် စစ်ကောင်စီဘက်မှလည်း ညွှန်ကြားထားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...