TNLA

သီပေါ ၃ ရက်ဆက်တိုက် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး၊ ကလေး တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက် ၄...

စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာနှင့်မကျီးရေ ကျေးရွာတို့တွင် စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီနှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ကြား တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်း (၄နာရီ ၁၀မိနစ်) အချိန်ခမရ ( ၆၀၄) စစ်ကောင်စီတပ်စခန်းနှင့် တစ်နာရီကျော်အချိန်တွင် တောင်ခမ်းကျေးရွာ၊ မကျီးရေ ကျေးရွာရှိ...

“အခုက တိုက်ပွဲကြားထဲ ကိုယ်ဝန်သည် မိခင်တွေ တော်တော်ဒုက္ခရောက်တယ်။ “

သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၃၊ ၅၀၄) တို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဩဂုတ်လ (၁၀) ရက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သီပေါမြို့ပေါ်ကို TNLA မှ ထိန်းချုပ်ထားနိုင်ကြောင်း ဒေသခံများက ပြောသည်။ “၁၀၂၇...

နောင်ချို အင်အားဖြည့်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်၊ အရပ်သားနေအိမ် ထိခိုက်ပျက်စီး

သျှမ်းပြည် နောင်ချိုမြို့နယ်သို့ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲကြား အရပ်သားနေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စုသို့ ရောက်ရှိလာသည့် အင်အားဖြည့် စစ်ကောင်စီယာဉ်တန်းကို...

သီပေါမြို့နယ်အတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် စဉ့်အင်တံတားနှင့် ဆွတ်လန်းတံတားကို ပြန်လည်တည်ဆောက်နေ

သျှမ်းပြည် သီပေါမြို့နယ်အတွင်း မိုင်းခွဲဖျက်ဆီးခံထားရသည့် စဉ့်အင်တံတားနှင့် ဆွတ်လန်းတံတားတို့ကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြင်ဆင် တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး သီပေါမြို့နယ်အတွင်း မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဆွတ်လန်းကျေးရွာအနီး ပန်စောက်တံတားနှင့် စဉ့်အင်တံတားတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့က...

သျှမ်းမြောက်တွင် လျှပ်စစ်မီးနှင့် အင်တာနက် ပြန်ရမည်ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် လားရှိုးတွင် အင်တာနက်နှင့် လျှပ်စစ်မီးပြန်ရမည် ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်ကြကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” သည် ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ရာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ညီနောင်မဟာမိတ် ကိုးကန့်တပ်မတော် (MNDAA)...

သီပေါမြို့ စစ်ကောင်စီ လေကြောင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်၊ ပိတ်မိပြည်သူများ ဗုံးဆံထိမှန်သေဆုံး

သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူများ ဗုံးဆံထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်)တွင် သီပေါမြို့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၂၃) ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...

စစ်ကောင်စီတပ်မှ TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်ကို ထပ်မံဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဩဂုတ်လ ၁၆)ရက် နံနက် ၁နာရီဝန်းကျင်တွင် စစ်ကောင်စီမှ နမ့်ဆန်မြို့နယ်အတွင်းသို့ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ လက်ဖက်စက်ရုံဘက်သို့ ဗုံးကြဲသွားကာ လူထိခိုက်မှုမရှိကြောင်း နမ့်ဆန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’မနေ့ည ၁နာရီဝန်းကျင်အချိန်မှာ စစ်တပ်က ဗုံးလာကြဲသွားတယ်...

နောင်ချို စစ်ကောင်စီ အင်အားမဖြည့်နိုင်ရန် TNLA ပူးပေါင်းတပ် လမ်းဖြတ်တောက်၊ ယာယီဈေး လေကြောင်းဗုံးကြဲခံရ

သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက် အဝင်လမ်းကို စစ်ကောင်စီတပ် အင်အားမဖြည့်နိုင်ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဖြတ်တောက်လိုက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက် ညအချိန်တွင် နောင်ချိုမြို့နယ် အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက် အဝင်လမ်း နမ့်ဆိုင်ချောင်းကူးတံတား...

ကျောက်မဲမှာ MNDAA၊ TNLA နဲ့ NUG တို့အစည်းအဝေးလုပ်နေချိန် ပေါင် (၁၀၀၀) ဗုံးကြဲချသဖြင့် ထိခိုက်သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအတု

သျှမ်းပြည် ကျောက်မဲမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ခေါင်းဆောင်၊ တအာင်းတပ်ဖွဲ့ TNLAA ရဲ့ စစ်ဦးစီးချုပ်နဲ့ NUG ကိုယ်စားလှယ်တို့ အထူးအစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်က ပေါင် (၁၀၀၀) ဗုံးနဲ့ တည့်တည့်ကြဲချလိုက်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်ကနေ...

Latest news