TNLA

ကျောက်မဲ ပြန်လည်ထူထောင်ရေးဟုဆိုကာ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း TNLA ကောက်ယူနေ

သျှမ်းပြည် ကျောက်မဲမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ပြန်လည်ထူထောင်ရေးအတွက်ဟု ဆိုကာ လူဦးရေစာရင်းနှင့် အိမ်အကြောင်းအရာကို တစ်အိမ်တက်ဆင်း ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်ပြီး ကျောက်မဲမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် TNLA တပ်ဖွဲ့မှ ပြန်လည်ထူထောင်ရေးအတွက်ဟု ဆိုကာ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့ရသည့်...

မန်တုံမြို့ကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ တစ်ဦးထိမှန်

သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မန်တုံမြို့ကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံကြဲတိုက်ခိုက်ပြီး၊ ဒေသခံတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ) ည (၁၁)နာရီဝန်းကျင်တွင် စစ်ကောင်စီမှ မန်တုံမြို့ ကို ဂျက်လေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက်တိုက်ခိုက်ခဲ့ပြီး၊ ဒေသခံတစ်ဦးဒဏ်ရာရရှိကာ...

နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီ ကြေညာ

သျှမ်းမြောက်နှင့် ရခိုင်ပြည်တွင် စစ်ကောင်စီကို တော်လှန်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား မဟာမိတ် တပ်မတော်-MNDAA၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် - TNLA နှင့် အာရက္ခတပ်တော်-ULA/AA တို့အား နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း...

သီပေါ လက်နက်ကြီးကြောင့် မြို့ထဲပစ္စည်းပြန်သယ်သည့် စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့တွင် တိုက်ပွဲကြား နေရပ်ပြန်ပြီး ပစ္စည်းပြန်သယ်သည့် စစ်ဘေးရှောင်အမျိုးသမီး (၂) ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၃၁) ရက်တွင် သီပေါမြို့ပေါ် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြား နေအိမ်သို့ ပြန်ပြီး ပစ္စည်းပြန်သယ်သည့်...

မန္တလေးမြို့ကို ဝိုင်းရံခြင်း

သက်ဦးဆန်ပိုင် ဘုရင်စနစ်၏ ပြရုပ်ဖြစ်သည့် နန်းမြို့ရိုးသည် ချိနဲ့စ ပြုနေလေပြီ။ အကျည်းတန်ခဲ့သည့် အတိတ်ကာလ အချို့ကို ဖယ်ရှားကြည့်မြင်ပါမူ ယဥ်ကျေးမှု မြို့တော်သည် တည်ငြိမ်ရင့်ကျက်လှပေသည်။ နိုင်ငံ၏အလယ်ပိုင်း အချက်အခြာ ဒေသဖြစ်သည့် မန္တလေး လွင်ပြင်သည် ကုန်းဘောင်ခေတ်၏ အာဏာဗဟိုချက် ဒေသ ဖြစ်ခဲ့သည်။ ထို့အတူ စစ်အာဏာရှင်တို့သည်လည်း မန္တလေး နန်းမြို့ရိုး...

တအာင်း တပ်မတော်-TNLA ကို ကြောက်ရွံ့ကျိုးနွံ ဆုံးမသွန်သင်မည်ဟု တရုတ် ခြိမ်းခြောက်စာပို့

သျှမ်းမြောက်၌ တိုက်ပွဲဝင်နေသည့် တအာင်း တပ်မတော်- TNLA အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ကာ မြန်မာပြည် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေး အတွက် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကောင်စီက ခြိမ်းခြောက်စာ ပေးပို့ထားကြောင်း သိရသည်။ ဩဂုတ်လ ၂၉...

တောင်ခမ်း (၂၀၆) အမြောက်တပ်ကို TNLA သိမ်းပိုက်၊ စစ်ကောင်စီ လေကြောင်းက ဗုံးအဆက်မပြတ်ကြဲနေ

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ (၂၀၆) အမြောက်တပ်ကို TNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လေကြောင်းက အဆက်မပြတ် ဗုံးကြဲ ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၂၉ ရက်) နံနက်ပိုင်း အခြေအနေကို ပြောသည်။ ယနေ့ မနက်ပိုင်း (၂၀၆)...

စစ်ကောင်စီ လေကြောင်း ထပ်မံ ဗုံးကြဲမည်ကို ကွတ်ခိုင်ဒေသခံများစိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့အတွင်းသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံထိုးဆင်းလာမည်ကို ပြည်သူများ ထပ်မံစိုးရိမ်နေရသည်ဟု စုံစမ်းသိရသည်။ ကွတ်ခိုင်မြို့အတွင်း သြဂုတ် ဒုတိယပတ်မှ စပြီး ယနေ့ (ဩဂုတ်လ ၂၉ ရက်)နေ့အထိ စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့ညအဆက်မပျက် လေယာဉ်ပျံဝဲနေခြင်းကြောင်း ပြည်သူများစိုးရိမ်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက...

သီပေါ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အရပ်သား ၁၉ ဦးသေဆုံး SHRF ထုတ်ပြန်

သျှမ်းပြည် သီပေါမြို့နယ်အတွင်း စစ်ကောင်စီ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား (၁၉) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို သြဂုတ်လ ၂၆ရက်တွင်ထုတ်ပြန်ခဲ့ပြီး SHRF ၏ ဇူလိုင်လ ၁၉ ရက်မှ သြဂုတ်လ ၁၉...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ၊ စာသင်ကျောင်းထဲ အရပ်သားနှစ်ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လူအိပ်မောကျနေသည့် ညအချိန် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတွင် နေထိုင်သည့် အရပ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နံနက် ၁ နာရီခန့်မှ စတင်၍ သီပေါမြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့်...

Latest news