Wednesday, January 28, 2026

ကျောက်မဲမြို့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်သား သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအမှား

သျှမ်းပြည် ကျောက်မဲမြို့ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ တပ်သားတွေ သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

Subscrribers (66,000) ကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Snow Queen ချန်နယ်ကနေ သြဂုတ် ၂၈ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ ကျောက်မဲကို တပ်ကလေယာဉ်နဲ့ နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်။
ပလောင်တွေစုနေတဲ့ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အထိအခိုက်အကျအဆုံးက ပလောင်သတင်းတွေအရ အကျအဆုံးများပုံရတယ်”လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၉,၀၀၀ ကျော်ရှိပြီး ထပ်ဆင့်မျှဝေသူလည်း ရှိပါတယ်။
Snow Queen ချန်နယ်မူရင်းလင့်ခ် – https://archive.ph/lBsgs

အလားတူ ဩဂုတ်လ ၂၉ ရက်နေ့မှာလည်း Subscribers တစ်သိန်းကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “ အကြမ်းဖက်မှုတွေကို မလိုလားတဲ့ ကျောက်မဲက ပြည်သူတွေက အကြမ်းဖက် TNLA အခြေပြုနေတဲ့ နေရာ အတိအကျကို သတင်းပေးလို့ ဩဂုတ် ၂၈ ရက် ညသန်းခေါင်းယံချိန် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ပလောင်စစ်ဒေသမှူး တာထန်းကျော်အုပ်စုက ၅ ကောင်လောက် ဒန်းစီးပြီး DB ကား ၅စီးတိုက်တင်သွားတယ်။” လို့ (မူရင်းအတိုင်း) ထပ်မံ ဝါဒဖြန့်ထားပါတယ်။

စစ်ကောင်စီဝါဒဖြန့် Ko Thet ချန်နယ်လင့် – https://t.me/kothetjournalist9000/70791

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးရေးထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

၂၀၂၄ သြဂုတ်လ ၂၇ ရက်နေ့က ကျောက်မဲမြို့ ရပ်ကွက် (၉) တိလင်ရပ်ရှိ အထက-(၂) စာသင်ကျောင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။

ဒါပေမဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း TNLA တပ်သားတွေ သေဆုံးမှုများတယ်ဆိုတဲ့ အကြောင်းအရာကို လွတ်လပ်သောသတင်းဌာန အပြင် ဒေသခံတွေ သက်ဆိုင်ရာ TNLA တပ်ကနေ တစ်စုံတစ်ရာ ထုတ်ပြန်ရေးသားတာ အခုထိမတွေ့ရှိရသေးပါဘူး။

သျှမ်းပြည်အတွင်း အခြေစိုက်သတင်းဌာနဲ့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ (၁) ဦးသေဆုံး၊ (၂) ဦး ဒဏ်ရာရှိတယ်ဆိုပြီး ဖော်ပြထားကြပါတယ်။

သျှမ်းသံတော်ဆင့်က ဖော်ပြထားသော သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
သတင်းလင့်ခ် – https://shorturl.at/Zvlys

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေသတင်းက “ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ် စာသင်ကျောင်းကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ စာသင်ကျောင်းနဲ့ နေအိမ် ၅ လုံးထက်မနည်း ပျက်စီး” ဆိုပြီး ဖော်ပြထားပါတယ်။
ရွှေဖီမြေသတင်းဌာန၏သတင်းလင့်ခ် – https://shorturl.at/HeVon

ဒေသအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းအပြင် သတင်းဌာနကြီးတွေမှာလည်း ရေးသားတင်ဆက်ထားတဲ့ သတင်းလင့်ခ်တွေကို ဒီမှာ ဖတ်ရှုပါ။
ဧရာဝတီသတင်းလင့်ခ် – https://www.youtube.com/watch?v=D5q-U_8Bt24

သုံးသပ်ချက်

ကျောက်မဲမြို့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။
လေကြောင်းဗုံးကြဲမှုဖြစ်စဉ်အတွင်း TNLA တပ်သားတွေ သေဆုံးမှုတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ မကြာခဏ သတင်း ဖြန့်ချိမှုဟာ မှားယွင်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက မတူညီတဲ့အကြောင်းအရာနဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လိုသလို ချိတ်ဆက်ရေးသားဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၇ ရက်နေ့က သီပေါမြို့ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်မှာလည်း TNLA တပ်သားတွေ သေဆုံးတယ်ဆိုပြီး သတင်းအမှားဖြန့်ချိခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းအမှားကို သျှမ်းသံတော်ဆင့်က စီစစ်ခဲ့ပါတယ်။
စစ်ဆေးတွေ့ရှိချက် – https://shorturl.at/vLBCx

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနို… Read mo

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...