ကျောက်မဲမြို့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်သား သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအမှား

သျှမ်းပြည် ကျောက်မဲမြို့ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ တပ်သားတွေ သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

Subscrribers (66,000) ကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Snow Queen ချန်နယ်ကနေ သြဂုတ် ၂၈ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ ကျောက်မဲကို တပ်ကလေယာဉ်နဲ့ နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်။
ပလောင်တွေစုနေတဲ့ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အထိအခိုက်အကျအဆုံးက ပလောင်သတင်းတွေအရ အကျအဆုံးများပုံရတယ်”လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၉,၀၀၀ ကျော်ရှိပြီး ထပ်ဆင့်မျှဝေသူလည်း ရှိပါတယ်။
Snow Queen ချန်နယ်မူရင်းလင့်ခ် – https://archive.ph/lBsgs

အလားတူ ဩဂုတ်လ ၂၉ ရက်နေ့မှာလည်း Subscribers တစ်သိန်းကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “ အကြမ်းဖက်မှုတွေကို မလိုလားတဲ့ ကျောက်မဲက ပြည်သူတွေက အကြမ်းဖက် TNLA အခြေပြုနေတဲ့ နေရာ အတိအကျကို သတင်းပေးလို့ ဩဂုတ် ၂၈ ရက် ညသန်းခေါင်းယံချိန် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ပလောင်စစ်ဒေသမှူး တာထန်းကျော်အုပ်စုက ၅ ကောင်လောက် ဒန်းစီးပြီး DB ကား ၅စီးတိုက်တင်သွားတယ်။” လို့ (မူရင်းအတိုင်း) ထပ်မံ ဝါဒဖြန့်ထားပါတယ်။

စစ်ကောင်စီဝါဒဖြန့် Ko Thet ချန်နယ်လင့် – https://t.me/kothetjournalist9000/70791

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးရေးထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

၂၀၂၄ သြဂုတ်လ ၂၇ ရက်နေ့က ကျောက်မဲမြို့ ရပ်ကွက် (၉) တိလင်ရပ်ရှိ အထက-(၂) စာသင်ကျောင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။

ဒါပေမဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း TNLA တပ်သားတွေ သေဆုံးမှုများတယ်ဆိုတဲ့ အကြောင်းအရာကို လွတ်လပ်သောသတင်းဌာန အပြင် ဒေသခံတွေ သက်ဆိုင်ရာ TNLA တပ်ကနေ တစ်စုံတစ်ရာ ထုတ်ပြန်ရေးသားတာ အခုထိမတွေ့ရှိရသေးပါဘူး။

သျှမ်းပြည်အတွင်း အခြေစိုက်သတင်းဌာနဲ့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ (၁) ဦးသေဆုံး၊ (၂) ဦး ဒဏ်ရာရှိတယ်ဆိုပြီး ဖော်ပြထားကြပါတယ်။

သျှမ်းသံတော်ဆင့်က ဖော်ပြထားသော သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
သတင်းလင့်ခ် – https://shorturl.at/Zvlys

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေသတင်းက “ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ် စာသင်ကျောင်းကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ စာသင်ကျောင်းနဲ့ နေအိမ် ၅ လုံးထက်မနည်း ပျက်စီး” ဆိုပြီး ဖော်ပြထားပါတယ်။
ရွှေဖီမြေသတင်းဌာန၏သတင်းလင့်ခ် – https://shorturl.at/HeVon

ဒေသအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းအပြင် သတင်းဌာနကြီးတွေမှာလည်း ရေးသားတင်ဆက်ထားတဲ့ သတင်းလင့်ခ်တွေကို ဒီမှာ ဖတ်ရှုပါ။
ဧရာဝတီသတင်းလင့်ခ် – https://www.youtube.com/watch?v=D5q-U_8Bt24

သုံးသပ်ချက်

ကျောက်မဲမြို့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။
လေကြောင်းဗုံးကြဲမှုဖြစ်စဉ်အတွင်း TNLA တပ်သားတွေ သေဆုံးမှုတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ မကြာခဏ သတင်း ဖြန့်ချိမှုဟာ မှားယွင်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက မတူညီတဲ့အကြောင်းအရာနဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လိုသလို ချိတ်ဆက်ရေးသားဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၇ ရက်နေ့က သီပေါမြို့ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်မှာလည်း TNLA တပ်သားတွေ သေဆုံးတယ်ဆိုပြီး သတင်းအမှားဖြန့်ချိခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းအမှားကို သျှမ်းသံတော်ဆင့်က စီစစ်ခဲ့ပါတယ်။
စစ်ဆေးတွေ့ရှိချက် – https://shorturl.at/vLBCx

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနို… Read mo

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...