လားရှိုးမြို့ဗုံးကြဲ၍ မြို့ခံများပြန်လည် စွန့်ခွာ

သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ ပြန်လည် တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်မှ ၉ ရက်နေ့အထိ ကိုးကန့် တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ အများပြားသေဆုံးခဲ့ပြီး နေအိမ် အဆောက်အုံများ ပျက်စီးခဲ့ရသည်။

ထို့ကြောင့် နေရပ်ပြန်ပြည်သူများ ကြောက်လန့်ကာ ထပ်မံတိမ်းရှောင်နေကြရပြီး နေအိမ်ချိတ်ပိတ်ခံရမည်စိုး၍ အိမ်စောင့်အဖြစ် မိသားစုဝင်တစ်ဦးစီ သာလျှင် ကျန်ခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့တွင် လက်နက်ကြီးထိမှန်သေဆုံးသူများအလောင်း လိုက်ကောက်နေစဥ်

“ စစ်ရှောင်ပြီး ပြန်လာတာ တစ်လမပြည့်သေးဘူး။ ခုထပ်ပြီး စစ်ရှောင်ရပြန်ပီ။ အိမ်မှာတော့ အဒေါ်ပဲ ကျန်တာပေါ့။ သမီးနဲ့ မြေးတွေကတော့ တခြားဖက်မှာ စစ်ရှောင်ခိုင်းလိုက်ပြီ။ အိမ်မှာ ပစ္စည်းပျောက်မှာလည်း စိုးရိမ်တယ်။ ချိတ်ပိတ်ခံရမှာလည်း စိုးရိမ်လို့ တစ်အိမ်တစ်ယောက်ပဲ ကျန်ခဲ့တော့တာ။” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ရှောင်အများစုမှာ ပန်စိမ်း၊ ဝမ်မွမ်းနှင့် မိုင်းယော်ဘက်သို့ အများဆုံး ထပ်မံ စစ်ရှောင်နေရပြီး မြို့ပေါ်တွင် လူအနည်းငယ်များသာ ကျန်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီလေကြောင်း အန္တရာယ်ကြောင့် ပြည်သူများ ကြောက်လန့်နေကြရပြီး အမျိုးသမီးနှင့် ကလေးများမှာ ပို၍ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြရကြောင်း သိရသည်။

လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး

“ ညအိပ်နေတုန်း လေယာဉ်နဲ့ လာပစ်မှာ စိတ်ပူတယ်။ ပစ္စည်းတွေ ပျောက်မှာလည်း စိတ်ပူတယ်။ အရင်ကလည်း ပိုက်ဆံတွေ အကုန်ခံပြီး ပြေးပြီးပြီ။ မြို့ပေါ်မှာက ဘာမှလုပ်ကိုင်စားလို့လည်း မရတော့ဘူး။ စိုက်ပျိုးလို့လည်း မရတော့ဘူး။ “ ဟု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိလားရှိုးမြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်သက်လျှက် ရှိသော်လည်း စစ်ကောင်စီမှ ယခုရက်ပိုင်းအတွင်း လေကြောင်းမှ တစ်ဆင့် မကြာခဏ လာရောက်ဗုံးကြဲနေကြောင်း သိရသည်။

စစ်တပ်မှ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်(MNDAA) ၊ တအာင်း(TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာပြီး ညီနောင်မဟာမိတ် ထိန်းချုပ်ထားသည့် နေရာများကို စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...