သီပေါလှိုဏ်ဂူထဲ စစ်ရှောင်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နှင့် တစ်မိုင်လောက်‌ဝေးသည့် လှိုဏ်ဂူအတွင်းသို့ စစ်ဘေးရှောင်နေသည့် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ထိုလှိုဏ်ဂူအတွင်းသို့ စစ်ဘေးရှောင်နေသည့် သူများသည် တစ်ထောင်ဝန်းကျင်ရှိသည့်အတွက် ပရဟိတ အဖွဲ့များက သွားရောက်လှူဒါန်းခဲ့သော်လည်း လောက်ငှခြင်းမရှိကြောင်း၊ စစ်ကောင်စီမှ နေ့စဉ်လေယာဉ်ဖြင့် ပျံဝဲနေသဖြင့် နေရပ်ပြန်ကာ စားနပ်ရိက္ခာ မယူနိုင်ကြောင်းလည်း စစ်ဘေးရှောင်နေသည့် အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သီပေါ လှိုဏ်ဂူထဲရောက် စစ်ဘေးရှောင်များ

“ စစ်ရှောင်တွေအရမ်းများတော့ စားသောက်ဖို့က မလောက်ကြဘူး။ ပရဟိတအဖွဲ့တွေလည်း သွားရောက်လှူဒါန်းပေးကြတယ် တက်နိုင်တဲ့ဘက်ကနေ။ စစ်ကောင်စီက လေယာဉ်တွေ နေ့တိုင်းပျံဝဲနေတော့ နေရပ်ကို ဘယ်သူမှ ပြန်မလာရဲကြဘူး” ဟု ၎င်းကပြောသည်။

ထို့ပြင် သီပေါမြို့တွင်းကျန်ရှိနေသည့် ပြည်သူများလည်း နေအိမ်အပြင်မထွက်ရဲကြပေ။

သီပေါမြို့သည် လက်ရှိအချိန်ထိ ဖုန်းလိုင်း ပြတ်တောက်ခံနေရသေးပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် TNLA ထိန်းချုပ်ထားသည့် ဒေသဖြစ်သောကြောင့် စစ်ကောင်စီအနေဖြင့် အချိန်တိုင်း လေကြောင်းဖြင့် ပြန်လည်တိုက်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။

သီပေါ လှိုဏ်ဂူထဲရောက် စစ်ဘေးရှောင်များ

” အခုဆိုရင် လက်နက်ကိုင်ထိန်းချုပ်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတော့ ကျနော်တို့လည်း စိုးရိမ်နေရတာပေါ့။ ညဆိုရင်လည်း ကောင်းကောင်းမအိပ်ရဘူး” ဟု ဒေသခံအမျိုးသားတစ်ဉီးက ဆိုသည်။

သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၃၊ ၅၀၄) တို့ကို TNLA က ဩဂုတ်လ (၁၀) ရက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သီပေါမြို့ပေါ်ကို TNLA မှ ထိန်းချုပ်ထားနိုင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြန်လည် ပြင်းထန်လာခဲ့သည့် တစ်ပတ်အတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲခံရခြင်းကြောင့် အရပ်သား (၂၀) ဦးကျော် သေဆုံးပြီး မြို့လူဦးရေ ထက်ဝက်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...