လားရှိုးနှင့် နောင်ချို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခံရ၊ အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် အရပ်သား (၅) ဦး သေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၃ ရက်) ည ၇ နာရီခန့်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၅) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိကာ ပြည်သူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် လားရှိုးနှင့် နောင်ချိုမြို့ ထိခိုက်ပျက်စီးမှု

“မနေ့က ညမိုးချုပ်ခင်လေး လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ၊ ခရစ်ယာန်ရပ်ကွက်ဘက်က အိမ်တွေ တော်တော်များများ ထိတယ်။ ၅ ယောက်သေတယ်၊ ဒဏ်ရာရတဲ့ ၈ ယောက်ကတော့ ဆေးရုံခေါ်သွားပြီ။ ဒီနေ့လယ်ကျတော့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ၄ လုံး ထပ်ချသွားတာ သံလမ်းဘက်နဲ့ သပြေရေဘက်လည်း ကျတယ်”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (စက်တင်ဘာလ ၁၄ ရက်) နေ့လယ် ၁၂ နာရီခန့်တွင်လည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာသို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် နှစ်စီးဖြင့် နောက်ထပ် ဗုံး (၄) လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ လူနေအိမ်နှင့် ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း လားရှိုးမြို့နယ် နမ့်ပေါင်ရွာအနီးရှိ နမ္မကျောက်မီးသွေးတွင်းလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး (၅) ရက်အတွင်း သုံးကြိမ်မြောက် လေကြောင်းဗုံးကြဲခံရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ

အလားတူ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင်လည်း ယနေ့ (စက်တင်ဘာလ ၁၄ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးကို မြို့ပေါ်ရှိ သပြေရပ်ကွက်သို့ ကြဲချတိုက်ခိုက်ခဲ့ရာ တစ်လုံးပေါက်ကွဲပြီး ကျန်တစ်လုံးမှာ မပေါက်ကွဲကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။

ယင်းကဲ့သို့ နောင်ချိုမြို့ပေါ် လူနေရပ်ကွက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် လူနေအိမ်အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် လားရှိုးနှင့် နောင်ချိုမြို့ ထိခိုက်ပျက်စီးမှု

ယမန်နေ့ကလည်း နောင်ချိုမြို့ပေါ်ရှိ ရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ ဗုံး(၁၃) လုံး လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရှိရပြီး ရော့ကတ်ဒုံးဖြင့်လည်း ဆက်လက်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

မြန်မာနိုင်ငံတဝှမ်းနှင့် သျှမ်းပြည်မြို့ကြီးများတွင် ရေဘေးအန္တရာယ် ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေဒေသများသို့ တန်ပြန်ထိုးစစ်ဆင်ကာ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် နှစ်ပတ်အတွင်း အရပ်သားသေဆုံးမှု ပိုမိုမြင့်တက်လာနေသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ

စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များ ဦးတည်ကာ လူအများအပြား သေစေနိုင်သည့် ပေါင် (၅၀၀) ဗုံးဖြင့် နေ့စဉ်လာရောက် ဗုံးကြဲတိုက်ခိုက်နေပြီး အကြမ်းဖက်လုပ်ရပ်များ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေကြောင်း TNLA ဘက်မှ ပြောဆိုထားသည်။

ပုံစာ – စစ်ကောင်စီ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် လားရှိုးနှင့် နောင်ချိုမြို့ ထိခိုက်ပျက်စီးမှု

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...