ကျောက်မဲ ပြန်လည်ထူထောင်ရေးဟုဆိုကာ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း TNLA ကောက်ယူနေ

သျှမ်းပြည် ကျောက်မဲမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ပြန်လည်ထူထောင်ရေးအတွက်ဟု ဆိုကာ လူဦးရေစာရင်းနှင့် အိမ်အကြောင်းအရာကို တစ်အိမ်တက်ဆင်း ကောက်ယူနေကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်ပြီး ကျောက်မဲမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် TNLA တပ်ဖွဲ့မှ ပြန်လည်ထူထောင်ရေးအတွက်ဟု ဆိုကာ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် နေအိမ်များအပြင် ရပ်ကွက်အတွင်းရှိ လူဦးရေစာရင်းနှင့် အိမ်အကြောင်းအရာကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူနေကြောင်း ဒေသခံများက ပြောသည်။

“ပလောင်စစ်သားက တစ်အိမ်တက် တစ်အိမ်ဆင်း လူစာရင်းလိုက်ကောက်တာ။ ပြောတာတော့ တိုက်ပွဲထဲ အိမ်ထိခိုက်တာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဆိုပြီးတော့ ကောက်တာ။ တချို့ရပ်ကွက် စစ်သားကောက်ဖို့ အိမ်ထောင်စုစာရင်း လာမေးတယ်လို့ ကြားတော့ ပြည်သူတွေ စိတ်ပူနေကြတာ”ဟု ကျောက်မဲမြို့မှ အသက် (၄၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦး

လက်ရှိ ကျောက်မဲမြို့တွင် တိုက်ပွဲငြိမ်သက်နေခြင်းကြောင့် ဒေသခံအချို့ နေရပ်ပြန်လာကြသော်လည်း တိုက်ပွဲပြင်းထန်စဉ်က နေအိမ်ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ဆွေမျိုးအိမ်နှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့ပေါ်နှင့် ကျေးရွာများတွင် TNLA ခန့် အုပ်ချုပ်ရေးမှူးများမှ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန်ဟုဆိုကာ လူဦးရေနှင့် အိမ်အကြောင်းအရာများကို လာရောက်မေးမြန်းသွားသော်လည်း လက်ရှိအချိန်ထိ ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များအတွက် မည်သို့မျှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

“အခုထိတော့ ကူညီဖို့ ဘယ်သူမှ ပြန်မဆက်သွယ်သေးဘူး။ တပ်နဲ့နီးတဲ့ ရပ်ကွက် (၇၊ ၈) တွေက ပိုများတယ် ထိခိုက်တာ။ ဈေးကြီးလည်း ပြန်ဖွင့်တယ်၊ ပစ္စည်းတွေလည်း ဈေးတက်တော့ အိမ်ပြင်ဖို့ ဘာမှကို မဝယ်နိုင်ဘူး။ အဓိက ကားလမ်းပိတ်ထားတာ‌။ အခုက ညသန်းခေါင် လေယာဉ်နဲ့ ဗုံးလာကြဲတာလည်း ကြောက်နေရသေးတယ်”ဟု ကျောက်မဲမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူ ဩဂုတ်လ စတုတ္ထပတ်အတွင်းက ကျောက်မဲမြို့ မင်္ဂလာဈေးတွင် ကားလမ်းမပေါ် ဈေးဆိုင်ခင်းပြီး ရောင်းချနေသည့် ပျံကျဈေးသည်များကို TNLA နှင့် PDF တာဝန်ရှိသူများမှ သေနတ်ပစ်ဖောက်ကာ မောင်းထုတ်ခဲ့ကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၇) ရက်တွင် ကျောက်မဲမြို့ ရပ်ကွက်(၉) တိလင်ရပ်ရှိ အထက-(၂) စာသင်ကျောင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ပြီး အနီးရှိ နေအိမ်အတွင်းမှ ဒေသခံ (၁) ဦး သေဆုံးပြီး (၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ စကခ-(၁)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၁၊ ၅၀၂) တို့ကို TNLA နှင့် ကျောက်မဲခရိုင် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ (၆) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

TNLA ပူးပေါင်းတပ်ဖွဲ့၏ ကျောက်မဲမြို့သိမ်း တိုက်ပွဲနှစ်လနီးပါးအတွင်း လက်နက်ကြီး၊ လက်နက်ငယ်နှင့် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် သျှမ်းသံတော်ဆင့် လက်လှမ်းမီသလောက် ကောက်ယူထားသည့် စာရင်းအရ အရပ်သားသေဆုံးမှု (၈၀) ဦးထက်မနည်း ရှိခဲ့ပြီး ပြည်သူနေအိမ် (၃၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...