တောင်ခမ်း (၂၀၆) အမြောက်တပ်ကို TNLA သိမ်းပိုက်၊ စစ်ကောင်စီ လေကြောင်းက ဗုံးအဆက်မပြတ်ကြဲနေ

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ (၂၀၆) အမြောက်တပ်ကို TNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လေကြောင်းက အဆက်မပြတ် ဗုံးကြဲ ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၂၉ ရက်) နံနက်ပိုင်း အခြေအနေကို ပြောသည်။

ယနေ့ မနက်ပိုင်း (၂၀၆) အမြောက်တပ် တပ်ရင်းရုံး အနီးရှိ ရှင်းလင်းဆောင်ကို TNLA ပူးပေါင်းတပ် ဝင်ရောက် သိမ်းပိုက် ရှင်းလင်းနေပြီး စစ်ကောင်စီက အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) တပ်အတွင်း စုပြုံ ခုခံနေသည်ဟု ၎င်းကရှင်းပြသည်။

“ဒီနေ့မနက် ၂၀၆ ကတော့ ရပြီ ပြောလို့ရတယ်။ မစခ (၉၀၂) ကတော့ စခန်းက ကြီးတယ်၊ စခန်းအလယ်မှာ ကျောက်ဂူတောင်ကြီးရှိတယ်။ အဲဒီကနေ စုပြုံ ခုခံနေတယ်ပေါ့။ သူတို့စစ်ကူစောင့်ရင်း ခုခံနေတယ်လို့ ယူဆရတယ်။ လေကြောင်းက အဆက်မပြတ် ဗုံးကြဲနေတယ် ခုထိ” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

နောင်ချို TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေသည့်နေရာ

သိမ်းပိုက်ခံထားရသည့် တောင်ခမ်း (၂၀၆) အမြောက်တပ်ရင်း၏ တပ်ရင်းမှူး ထွက်ပြေးသွားသည်ဟု သတင်းထွက်ပေါ်နေပြီး စစ်ဝါဒဖြန့် ချန်နယ်များတွင် တပ်ရင်းမှူးနှင့် အဆက်အသွဘ် ပြတ်နေကြောင်း ရေးသားနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ပြင်ဦးလွင်မှ တောင်ခမ်းဘက်သို့ လက်နက်ကြီး ပစ်ကူပေးနေရာ တာဝေးပစ်အမြောက် အချက်များစွာ ပစ်ခတ်၍ ပစ်ကူပေးခဲ့ကြောင်း မြို့ခံ တစ်ဦးက ဆိုသည်။

တောင်ခမ်းဒေသတွင် စစ်ကောင်စီ၏ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂)၊ အမတ (၃၅၄)၊ အမတ (၂၀၆)၊ အမတ (၄၀၆) စသည့် အမြောက်တပ် ၄ ခု အထိုင်ချ တပ်စွဲထားပြီး တိုက်ခိုက်ရေးတပ်များ အင်အားဖြည့် ခုခံနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က နောင်ချိုမြို့ တောင်ဘက်ရှိ အမှတ် (၆၀၆) ဒုံးတပ်ကို TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ယင်းတပ်မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များ တောင်ခမ်းတွင် သွားရောက် ပူးပေါင်း ခုခံနေသည့်နည်းတူ စစ်အင်အားလည်း အဆက်မပြတ် ဖြည့်တင်းနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...