တအာင်း တပ်မတော်-TNLA ကို ကြောက်ရွံ့ကျိုးနွံ ဆုံးမသွန်သင်မည်ဟု တရုတ် ခြိမ်းခြောက်စာပို့

သျှမ်းမြောက်၌ တိုက်ပွဲဝင်နေသည့် တအာင်း တပ်မတော်- TNLA အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ကာ မြန်မာပြည် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေး အတွက် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကောင်စီက ခြိမ်းခြောက်စာ ပေးပို့ထားကြောင်း သိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ ရက်စွဲ တပ်ထားသည့် အဆိုပါ စာတွင် တရုတ်နယ်စပ်ဒေသ နယ်စပ် အရပ်သူ အရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ်ပြည်သား၊ လုပ်ငန်းများနှင့် သက်ဆိုင်သော လုံခြုံမှုများ အာမခံပေးရန်၊ တရုတ်ပြည် နယ်စပ်ဒေသ အေးချမ်း တည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသား အသက်၊ ပစ္စည်းဥစ္စာ လုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမူများ ပပျောက်အောင် ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

တရုတ်က TNLA ထံပေးစာ

သို့မဟုတ်ပါက တရုတ်ဘက်က ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင် နည်းလမ်းများ ပိုမိုလုပ်ဆောင်မည် ဖြစ်ပြီး ဖြစ်ပေါ်လာသည့် အကျိုးဆက်အားလုံးကို သင်တို့ တာဝန်ယူရမည်ဟု ခြိမ်းခြောက် ဖော်ပြထားသည်။

ယင်းစာနှင့် ပတ်သက်၍ “မူဆယ်ကိစ္စကို ရည်ညွှန်းတာလို့ပဲ သုံးသပ်တယ်။ မူဆယ်မှာ စစ်မဖြစ်ဖို့ တရုတ်က TNLA ကို နာမည်တပ်ပြီးတော့ စစ်ကောင်စီကိုရော တခြား အဖွဲ့တွေကိုရော သတိပေးတာလို့ပဲ မြင်တယ်။ မူဆယ်မှာ တရုတ်ကျားဖြန့်ဂိုဏ်းတွေကို မြို့မပြည်သူ့စစ်က အကာအကွယ်ပေးနေတာ၊ ခံစစ်ပြင်နေတာကို ရွှေလီ အာဏာပိုင်တွေက အမြင်မကြည်ဘူး။ အရင် တရုတ်ဘက်ကို ကျည်ကျနေတာက စစ်တပ်ဘက်က ပစ်တဲ့ဟာတွေလေ” ဟု တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်နေသူ တစ်ဦးက သုံးသပ်သည်။

ထို့အပြင် တရုတ်ဘက်က အပြုသဘောဆောင်သည့် အခန်း ကဏ္ဏမှ ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကူညီပြီး တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွါးများ ရရှိစေရန်၊ ကျန်းမာစွာ နေထိုင် ဖွံ့ဖြိုးရေး အကောင်အထည်ဆောင်ရန် ကူညီပေးမည်ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။

အဆိုပါစာသည် ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကောင်စီက ပေးပို့သည့်စာ ဖြစ်သဖြင့် တရုတ် ဗဟိုအစိုးရ၏ သဘောထား ဟုတ်မဟုတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိ သျှမ်းမြောက် သီပေါနှင့် တောင်ခမ်းဒေသတွင် TNLA မဟာမိတတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာနေစဥ် ယခုကဲ့သို့ ခြိမ်းခြောက်စာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

နေပြည်တော် သတင်းရင်းမြစ်၏ အဆိုအရ တရုတ်၏ ညှိနှိုင်းမှုဖြင့် ညီနောင်မဟာမိတ်များနှင့် စစ်ကောင်စီ ဆွေးနွေးပွဲများ မကြာမီ ပြန်စရန် ရှိနေပြီး အသေးစိတ် အချက်အလက်များ ညှိနှိုင်းနေကြောင်း ဆိုသည်။

ယခုလအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ် သံအမတ်သစ်သည် စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် စစ်ကောင်စီ ဝန်ကြီးများနှင့် ဆက်တိုက် တွေ့ဆုံနေရာ ဩဂုတ်လ ၂၈ ရက်နေ့က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန် အခြေစိုက် တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...