TNLA
TNLA ထိန်းချုပ် နမ့်ခမ်းမြို့ ယာမဆေးကြောင် အမျိုးသားက ၎င်းဇနီးကို ဓားထိုး ပွဲချင်းပြီးသေဆုံး
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် မန်ခမ်းရပ်ကွက်နေ ယာမဆေးကြောင်သည့် အမျိုးသားသည် ၎င်း၏ ဇနီးကို ဓားထိုးခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) နံနက် ၇ နာရီခွဲခန့်တွင် TNLA ထိန်းချုပ်သည့်...
ကျောက်မဲမြို့တွင် စစ်ရေးငြိမ်းသော်လည်း ဝမ်းရေးအတွက် အလုပ်လုပ်ရန် ခက်ခဲနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်နေသော်လည်း ပြည်သူများဝမ်းရေး အတွက် အလုပ်လုပ်ရန် ခက်ခဲနေသေးကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ရှောင်အများစု နေရပ်ပြန်လာနေကြပြီး ဝမ်းရေးအတွက် အလုပ်အကိုင် ရှားပါးနေသေးကာ အခက်အခဲများဖြင့် ကြုံနေရကြောင်း ကျောက်မဲ နေရပ်ပြန် စစ်ရှောင်များက ပြောသည်။ လက်ရှိကာလသည် အလုပ်အကိုင်...
ကျောက်မဲမြို့နယ် တောင်ယာသွားစဉ် အမျိုးသမီးနှစ်ဦး ဓားခုတ်ခံရပြီး သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် ၎င်းမိခင်တို့သည် တောင်ယာသွားရောက်စဉ် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) နံနက် ၇ နာရီကျော်တွင် ကျောက်မဲမြို့နယ် နမ့်ဟူးကျေးရွာနေ အသက် (၂၃) နှစ်အရွယ်ရှိ နန်းမိုခမ်းသည် ပြောင်းဖူးချိုးရန် တောင်ယာသို့ တစ်ယောက်တည်း...
ကွတ်ခိုင်မြို့ စစ်ကောင်စီထပ်မံဗုံးကြဲတိုက်ခိုက် ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၇ရက်)နေ့ည ၁၂နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၄) ရေထွက်ဦးပန်ခြံ ဈေးအနီးရှိ လူနေအိမ်ပေါ်သို့ ပေါင်...
မိုင်းငေါ့မြို့ စစ်ကောင်စီဗုံးကြဲ ဒေသခံ ၅ ဦးဒဏ်ရာရ၊ အဆောက်အအုံများ ပျက်စီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၅ ဦး ဒဏ်ရာရှိကာ နေအိမ်အဆောက်အအုံများ ပျက်စီးသွားခဲ့သည်ဟု စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင် ယနေ့ (နိုဝင်ဘာလ ၁၇)ရက် နေ့လည် ၁၂...
မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းကြောင့် သျှမ်းမြောက်တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်
မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာကာ သျှမ်းပြည် မြောက်ပိုင်း တစ်ဝှမ်းတွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များအပြင် စစ်ကောစီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များကိုပါ တရုတ်ဘက်က ကုန်စည်တင်းကျပ်၊ ကန့်သတ်၊ ပိတ်ပင်ခြင်းကြောင့်...
ပွင့်လင်းရာသီတွင် စစ်တပ်မှ သျှမ်းမြောက်ကို အပြင်းထန်ထိုးစစ်ဆင်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် စစ်တပ်နှင့် တပ်အာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA မှ ထုတ်ပြန်ထားသည်။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီက သျှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး ဆုံးရှုံးလိုက်ရပြီး အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသဖြင့် ယခုပွင့်လင်းရာသီ ရောက်ချိန်တွင် သျှမ်းမြောက်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ နောင်ချိုမြို့...
မိုင်းရယ် – လားရှိုးလမ်း စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်
သျှမ်းပြည် မိုင်းရယ် - လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက် ) နေ့လည် ၂ နာရီမှစ၍ မိုင်ရယ် - လားရှိုးမြို့ သွားသည့် လမ်းပိုင်းရှိ ဟိုယ စစ်ကောင်စီစစ် ဆေးရေး ဂိတ်တွင်...
TNLA ထိန်းချုပ်သည့် နောင်ချို နှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်း အပြင်းအထန် တိုက်ခိုက်နေ
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်သည့် ဒေသများကို စစ်ကောင်စီ က ယခုရက်ပိုင်း လေကြောင်းဗုံးကြဲမှု အပြင်းအထန် တိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု အများအပြား ရှိကြောင်း စုံစမ်းသိရသည်။ TNLA ထိန်းချုပ်သည့် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ ကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက်မှစတင်ကာ လေကြောင်း ဗုံးကြဲမှု အပြင်းအထန်တိုက်ခိုက်ပြီး အရပ်သား ၂၀...
တောင်ခမ်း တိုက်ပွဲပြင်းထန်
သျှမ်းပြည် နောင်ချိုမြို့နယ် တောင်ခမ်းဒေသတွင် ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်) နံနက်ပိုင်းမှစ၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောသည်။ တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထပ်မံ...





