နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုကို ပြန်ရပြီ။ နောင်ချိုကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ၊ စက်လက်နတ်တွေနဲ့ ပစ်ပြီး မြေပြင်တပ်ကို ဝင်ရောက်ထန်းချုပ်နိုင်ခဲ့ပြီလို့ သတင်းရရှိ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၇၀၀ ကျော်ပြီး ရွှေနေကြာချန်နယ်လ်အပြင် အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်လ်များပါ ဖြန့်ချိထားသည်။

ရွှေနေကြာ – https://archive.ph/VkOAa

ဆက်စပ်သတင်းအမှားလင့်ခ် – https://t.me/YeYintH/71536

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြထားသော အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာသည် မှားယွင်းနေသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီတပ်သည် ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့အတွင်းသို့ စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်လာသောကြောင့် နိုဝင်ဘာလ ၁၆ ရက်နေ့စတင်ပြီးတိုက်ပွဲပြင်းထန်နေသည်ဟု TNLA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် လေကြောင်းမှတစ်ဆင့် စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာတွင်လည်း လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု ဖော်ပြသည်။

ထုတ်ပြန်ချက် – https://archive.ph/gQGk5

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်း၏ ဖော်ပြချက်အရ နောင်ချိုမြို့နှင့် မိုင် ၂၀ ကွာဝေးသည့် တောင်ခမ်းရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေသလို နောင်ချိုမြို့ကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်နေသည်ဟု နိုဝင်ဘာလ ၂၂ ရက်နေ့က ဖော်ပြသည်။

သတင်းလင့်ခ် – https://archive.ph/wwmYA

စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်တွင် သုံးပတ်အတွင်း ဒေသခံ ၁၇ ဦးသေဆုံးသွားသည်ဟုလည်း သျှမ်းသံတော်ဆင့် သတင်းဌာနက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြသည်။

ဆက်စပ်ဖတ်ရှုရန် – https://archive.ph/vfVKY

သို့သော် ဒေသတွင်း သတင်းဌာနများနှင့် လွတ်လပ်သည့် သတင်းဌာနများတွင် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယခုတိုင်ထိဖော်ပြခြင်းမရှိသေးပေ။

ထို့အပြင် နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိ အခြေအနေနှင့် ပတ်သက်၍ MFCN အဖွဲ့ဝင်၏ အချက်အလက်စစ်ဆေးသူများမှ TNLA ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “အဲ့ဒါသတင်းအမှားပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးကတော့ “အခုဘန့်ဘွေးရွာဘက်ကတော့ တိုက်ပွဲဖြစ်နေတယ်။ ဒီရက်ပိုင်း စစ်ကောင်စီလည်း လေယာဉ်နဲ့ နေ့တိုင်းလိုလို ဗုံးလာကြဲနေသေးတယ်” ဟု ပြောသည်။

သုံးသပ်ချက်

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA တို့အကြား တိုက်ပွဲပြင်းထန်နေသည့် ဖြစ်စဉ်ဟာ မှန်ကန်သည်။ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် နေ့စဉ်နီးပါးဆိုသလို ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သို့သော် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် အကြောင်းအရာက မှားယွင်းနေပါသည်။

ထို့ကြောင့် Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...