နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံးအတွင်း မူးယစ်ဆေးဝါးချက်လုပ်ရန် ပြင်ဆင်နေသည့် TNLA အား ဗုံးကြဲခဲ့ဟု သတင်းအမှားဖြန့်

သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ အင်းဝိုင်းသကြားစက်ရုံးအတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရန် ပြင်ဆင်နေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အား စစ်ကောင်စီမှ ဗုံးကြဲခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်မှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၃,၀၀၀ ကျော်ရှိသည်။

မူရင်းလင့််ခ် – https://archive.ph/ZWgLy

ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/CVqkL

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့်အကြောင်းရာကို Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာသည် မှားယွင်းနေပါသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ သကြားစက်ရုံကို နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသတွင်း သတင်းဌာနဲ့ လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်အရ နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ သကြားစက်ရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးသွားခဲ့သည်ဟု နိုဝင်ဘာလ ၁၉ ရက်နေ့က ဖော်ပြသည်။

သေဆုံးသူမှာ စက်ရုံက အင်ဂျင်နီယာအဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းလင့်ခ် – https://archive.ph/T8afh

ထို့အတူ RFA သတင်းဌာနက “နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက် ဗုံးကြဲခံရပြီး တစ်ဦးသေဆုံး” ဟု အလားတူ ဖော်ပြထားသည်။

အင်းဝိုင်းရွာသည် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားနေသည့် တောင်ခမ်းရွာသို့ သွားသည့်လမ်းတွင် တည်ရှိသည်။ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ထိုစက်ရုံတွင် လုပ်ငန်းများ ရပ်နားထားရပြီး စက်ရုံအစောင့်များနှင့် အလုပ်သမားအချို့သာရှိသည်ဟု ဒေသခံ၏ အတည်ပြုချက်ဖြင့် RFA က ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန် – https://archive.ph/3QBSY

ထို့အပြင် အင်းဝိုင်းကျေးရွာရှိ သကြားစက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင် (၁,၀၀၀) နီးပါး ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေရကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနကလည်း နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖော်ပြသည်။

ဆက်စပ်ဖတ်ရှုရန် – https://archive.ph/aXed0

သုံးသပ်ချက်

နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ သကြားစက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်မှာ မှန်ကန်ပါသည်။ သို့သော် ထိုစက်ရုံအတွင်း TNLA ကမူးယစ်ဆေးဝါး ချက်လုပ်ရန် ပြင်ဆင်နေသည့်အတွက် စစ်ကောင်စီတပ်က ဗုံးကြဲလိုက်သည်ဆိုသည့် ဖော်ပြချက်က မှားယွင်းနေပါသည်။

တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အင်းဝိုင်းကျေးရွာရှိ သကြားစက်ရုံတွင် လုပ်ငန်းများ ရပ်နားထားရပြီး စက်ရုံ အစောင့်များနှင့် အလုပ်သမားအချို့သာရှိသည်ဟု ဒေသခံများက အတည်ပြုသည်။

ထို့ကြောင့် Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...