TNLA

မူဆယ်-နမ့်ခမ်းကြား စစ်ကောင်စီနှင့် TNLA ကုန်စည်စီးဆင်းမှု အပြန်အလှန်ပိတ်ပင်

သျှမ်းပြည် စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ကုန်စည်စီးဆင်းမှုကို နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ဂိတ်စခန်း (၅)...

သျှမ်းနှစ်သစ်ကူးညတွင် ကျောက်မဲမြို့ကို စစ်ကောင်စီ ​ဗုံးကြဲ

သျှမ်းပြည် ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းဖြင့် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူအများအပြားထိခိုက်သေဆုံးမှုရှိ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၃၀ )ရက် ည ၇ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ရှိ အင်​​ကြင်းတောင် ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောသည်။ "ည ၇...

နောင်ချိုမြို့တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်မှ စတင်၍ ယနေ့ (နိုဝင်ဘာလ ၂၆ ရက်)နေ့အထိ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် စတင်လာပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA...

ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်၊ ဆွေးနွေးမည်ဟု TNLA တုန့်ပြန်

နိုင်ငံတဝှမ်း အရပ်ဘက် ပစ်မှတ်များကို ရက်ရက်စက်စက် ဗုံးကြဲရန် အမိန့်ပေးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်များ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ကျရောက်သည့် အမျိုးသားနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။ "ယခုအချိန်သည်...

နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုကို ပြန်ရပြီ။ နောင်ချိုကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ၊ စက်လက်နတ်တွေနဲ့ ပစ်ပြီး...

သုံးပတ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချို ဒေသခံ (၁၇) ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ...

သျှမ်းပြည် ညီညွတ်ရေး အလှမ်းဝေးသလား

“မနက်လင်း ဗုံးမကြဲဘူး။ ကြဲရင်တော့လည်း မတတ်နိုင်ဘူးပေါ့” ဟု လာရှိုးမြို့နေ ပျံကျဈေးသည် တစ်ဦးက ပြောသည်။ ကိုးကန့်တပ် သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို အငြိုးကြီးလှသည့် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲ‌တိုက်ခိုက်နေရာ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများပြီး ပြည်သူ ထိခိုက်သေဆုံးမှုလည်း များနေသည်။ ယင်းအခြေအနေကြောင့် မြို့မှ ပြန်လည် ထွက်ခွာသွားသူများ ရှိသကဲ့သို့...

ကျေးသီးမြို့ စစ်ဘေးရှောင် ၂၀၀ ကျော်အတွက် ရေရှည်ထောက်ပံ့နိုင်ရန် ခက်ခဲနေ

သျှမ်းပြည် ကျေးသီးမြို့ရှိ စစ်ဘေးရှောင် ၂၀၀ ကျော်အတွက် ရေရှည်ထောက်ပံ့နိုင်ရန် ခက်ခဲလာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ကျေးသီးမြို့အတွင်းသို့ ထွက်ပြေးသိမ်‌ရှောင်လာကြသည်။ တိုက်ပွဲများကြောင့် ၄ လ‌ကျော်ကြာ ကျေးသီးမြို့သို့...

နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံးအတွင်း မူးယစ်ဆေးဝါးချက်လုပ်ရန် ပြင်ဆင်နေသည့် TNLA အား ဗုံးကြဲခဲ့ဟု သတင်းအမှားဖြန့်

သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ အင်းဝိုင်းသကြားစက်ရုံးအတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရန် ပြင်ဆင်နေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အား စစ်ကောင်စီမှ ဗုံးကြဲခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်မှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၃,၀၀၀...

နောင်ချိုမြို့တွင် စစ်ကောင်စီ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ စစ်ရှောင် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ 

သျှမ်းပြည် နောင်ချိုမြို့နယ် ကုန်းကြီးရွာမအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်သဖြင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော စစ်ရှောင် တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၀ရက်)နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့်...

Latest news