ကျောက်မဲ သျှမ်းနှစ်သစ်ကူးအကြို စစ်ကောင်စီလေကြောင်းဗုံးကြဲ ၁၁ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် တွင် ပြီးခဲ့သည့် သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၁၁ဉီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

နိုဝင် ၃၀ရက် ညနေ ၆နာရီခွဲ သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ယနေ့ (ဒီဇင်ဘာ ၄)ရက်တွင် အမျိုးသမီး ၂ဦးထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း ၁၁ဦးသေဆုံခဲ့သည်။

“ဒီနေ့ကျောက်မဲဆေးရုံမှာ ဆေးကုသနေတဲ့ အမျိုးသမီး ၂ ယောက်လည်း ထပ်ဆုံးသွားတယ်။ အဓိက ဒဏ်ရာတွေပြင်းထန်တာ၊ ဆေးရုံမှာ ဆေးဝါးမလုံလောက်တာတွေကြောင့်လည်းပါတယ်။ စုစုပေါင်း ၁၁ဦးရှိသွားပြီ” ဟု နမ့်ခုံးလူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့ ဗုံးကြဲသည့်ရက်တွင် ဦးဇင်း ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၄ ဦး စုစုပေါင်း ၉ ဦးသေဆုံးသွားခဲ့သည်ဟု ထိုအလောင်းများသွားရောက်သယ်ယူခဲ့သည့် လူမှုကူညီရေးအသင်းမှ သိရသည်။

သေဆုံးသူ ၉ ဦးအနက် နမ့်ခုံးလူမှုကူညီရေးအသင်း အဖွဲ့ဝင် (လင်မယား) ၂ ဦးလည်းပါဝင်ကြောင်း နမ့်ခမ်းလူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။

ကျောက်မဲ စစ်ကောင်စီဗုံးကြဲ

ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် ထိတ်လန့်ပြီး သေဆုံးသူရှိသလို၊ ခန္ဓာကိုယ် တစစီ ဖြစ်သွားပြီး ကောက်ယူ၍ မရသည့် အလောင်းများလည်းရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ကျောက်မဲမြို့တွင် လေကြောင်းပျံသန်းမှု ငြိမ်သက်သွားသော်လည်း မြို့အတွင်း လူသူသွားလာမှု နည်းပါးသွားကြောင်း ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုတော့ ပြန်ငြိမ်ပေမဲ့ အသွားအလာကြဲသွားတယ်။ ဖုန်းလိုင်းလည်းမရဘူး။ လျှပ်စစ်မီးတွေလည်း ပြတ်နေတယ်” ဟု ၎င်းအမျိုးသားကပြောသည်။

ထိုအခြေအနေသို့ မတိုင်ခင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သည် ပြည်သူများ၏ အကျိုးကို ငဲ့ညာထောက်ထား၍ သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုး၏ ကြိုးပမ်းမှုကို လေးစားအသိတ်မှတ်ပြု၍ သော်လည်းကောင်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်သည်။

သို့သော်လည်း စစ်ကောင်စီက ဆွေးနွေးပွဲအတွက် တုံ့ပြန်ခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

TNLA ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုင်းငေါ့၊ ကွတ်ခိုင်နှင့် မိုးကုတ်မြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၁ လအတွင်း အရပ်သား ဒေသခံ ၃၈ ဦးသေဆုံးပြီး ၇၀ ဦး ဒဏ်ရာရရှိကာ၊ နေအိမ် ၁၃၀ ကျော် ပျက်စီးခဲ့ကြောင်း TNLA က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...