နောင်ချိုမြို့တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ တတိယပတ်မှ စတင်၍ ယနေ့ (နိုဝင်ဘာလ ၂၆ ရက်)နေ့အထိ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် စတင်လာပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ယနေ့ထိ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။


ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်)နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် ဆမ္မဆယ်ရွာတွင် လက်နက်ကြီးကျ ပေါက်ကွဲမှုကြောင်း နေအိမ်အဆောက်အအုံများ မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ညနေ ၅ နာရီဝန်းကျင်ပဲ ဆမ္မဆယ်ရွာမှာ လက်နက်ကြီးကျပြီး မီးလောင်သွားတယ်။ အဆောက်အအုံတွေအများကြီးပဲ။ အဲနေရာ မီးလောင်တော့ ဘယ်သူမှမသွားရဲကျဘူး။ လူထိခိုက်တာ ရှိလာတော့ မသိသေးဘူး။ နောင်ချိုမှာ နေ့တိုင်းတိုက်ပွဲပြင်းထန်နေတယ် ပိုဆိုးလာနေတယ်”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၂၄ ရက် ညနေ ၈နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံယာတော်(၁)ပါးပျံလွန်ပြီး ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု TNLA ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး၊ ၂၆ ဦးဒဏ်ရာကာ နေအိမ်အများအပြား ပျက်စီးသွားခဲ့သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။

ယခုလက်ရှိနောင်ချိုမြို့နယ်မှာ စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံ ပြည်သူအများအပြားထပ်မံ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၄ ရက်) ညပိုင်းအချိန် လားရှိုးမြို့နယ် သံလွင်ရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးအပါဝင် အရပ်သား(၃) ဦး ဒဏ်ရာရှိပြီး စာသင်ကျောင်းနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့သည်ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

“အဲ ၂၄ ရက်တုန်းက သံလွင်ရွာကို စစ်တပ်က ဗုံးလာကြဲသွားတယ် ညနေပိုင်းအချိန်လောက်ပေါ့ ။ သားမိ ၃ ဦးထိခိုက်တယ်၊ အဲထဲမှာမှ ၁၃နှစ်ကလေးပါတယ်။ ကျန်တဲ့ မိဘ ၂ဦးက အသက် ၄၀ နီးပါးလောက်ရှိတယ်။ အခုတော့ ဆေးရုံမှာ ဆေးကုသနေတယ်။ အခုဆို အဲရွာက လူတွေလည်း ထပ်ပြေးကုန်ပြီ ဘယ်သူမှ သိပ်မနေရဲ့ဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်အတွင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်သည် မိုင်းရယ်မြို့ကို အခြေပြုကာ ရမခ ဖွဲ့စည်းပုံအတိုင်း စက်တင်ဘာလမှ စတင်၍ စစ်အင်အား ပြင်ဆင်စုဖွဲ့နေပြီး လားရှိုးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပါက အစားထိုးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြချက်အရ သိရသည်။

ေအလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...