ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်၊ ဆွေးနွေးမည်ဟု TNLA တုန့်ပြန်

နိုင်ငံတဝှမ်း အရပ်ဘက် ပစ်မှတ်များကို ရက်ရက်စက်စက် ဗုံးကြဲရန် အမိန့်ပေးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်များ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ကျရောက်သည့် အမျိုးသားနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

“ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း ယုံမှားသံသယ ကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများ ပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်လေးစား ချစ်ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ရမည့် အချိန်ဖြစ်သည်” ဟု ၎င်းကဆိုသည်။

ထို့အပြင်“တိုင်းရင်းသား အချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့် တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေပြီး နားလည်မှု လွဲမှားခြင်းနှင့် ပဋိပက္ခများ လျှော့ချကာ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်”ဟု စစ်ခေါင်းဆောင်၏ ကမ်းလှမ်း သဝဏ်လွှာကို ယနေ့ထုတ် စစ်တပ်အာဘော် သတင်းစာများက ဖော်ပြသည်။

နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည်ဆိုက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့် အခြေအနေကို ပေါ်ပေါက်စေမည်ဟု လေကြောင်း တိုက်ခိုက်မှုများကို ရည်ညွှန်း၍ စစ်ခေါင်းဆောင်က ခြိမ်းခြောက်သည်။

ယင်းကမ်းလှမ်းမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် ပြင်းထန်သည့် တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာ ခံစားနေရသည့် ဒေသခံ ပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ် တည်ငြိမ်ရေးနှင့် တိုက်ပွဲများ ရပ်စဲရေး ကြားဝင်ကြိုးပမ်းနေသည့် တရုတ်အစိုးရကို လေးစား အသိအမှတ်ပြုသည့် အနေဖြင့် တွေ့ဆုံ ဆွေးနွေးရန်အသင့်ရှိကြောင်း TNLA ယနေ့ (နိုဝင်ဘာ ၂၅)ရက် ညနေပိုင်းတွင် တုန့်ပြန်သည်။

TNLA မိမိကိုယ် ကာကွယ်ပိုင်ခွင့်ရှိသည်ဟု ဆိုထားပြီး တအာင်းလူမျိုးများ အဖိနှိမ့်ခံဘဝမှ လွတ်မြောက်ရန်နှင့် တအာင်းပြည်နယ်ရရှိရန်၊ ကိုယ်ပိုင် ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တိုင်းရင်းသား မြန်မာပြည်သူလူထုနှင့်အတူ တည်ဆောက်ရန် အမြဲတစေ ကြိုးပမ်းနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း ခုခံတော်လှန်မှုများ ပြင်းထန်နေသည်မှာ ၄ နှစ် နီးပါးရှိလာပြီးနောက် တော်လှန်ရေးတပ်များ မြို့ ပေါင်း ၈၀ ကျော်ကို သိမ်းယူထားပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေစဥ် ယခုကဲ့သို့ ငြိမ်းချမ်းရေး စကားသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ညီနောင် မဟာမိတ် (၃) ဖွဲ့တွင် ပါဝင်သည့် တအာင်းတပ်-TNLA သည် လက်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...