ကျေးသီးမြို့ စစ်ဘေးရှောင် ၂၀၀ ကျော်အတွက် ရေရှည်ထောက်ပံ့နိုင်ရန် ခက်ခဲနေ

သျှမ်းပြည် ကျေးသီးမြို့ရှိ စစ်ဘေးရှောင် ၂၀၀ ကျော်အတွက် ရေရှည်ထောက်ပံ့နိုင်ရန် ခက်ခဲလာကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ကျေးသီးမြို့အတွင်းသို့ ထွက်ပြေးသိမ်‌ရှောင်လာကြသည်။

တိုက်ပွဲများကြောင့် ၄ လ‌ကျော်ကြာ ကျေးသီးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၂၀၀ ကျော်အတွက် အလှူရှင်များမရှိသည့်အပြင် လက်ရှိတွင် စားနပ်ရိက္ခာအခက်အခဲများကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးသီးရောက် စစ်ရှောင်

“ရေကြီးမှုဖြစ်ပြီးတဲ့နောက်ပိုင်း အလှူရှင်တွေကမရှိတော့ဘူး။ကျေးသီးက လူတွေအချင်းချင်းစုပြီး လှူပေး နေရတာပေါ့။ သူတို့ရဲ့ စားသောက်ဖို့ကိုပဲ အဓိကတော့ထားပြီး လှူပေးနိုင်တာ ကြာလည်း ကြာလာတော့ ရန်ပုံငွေလည်းနည်း လာပြီ လေ။ကျနော်တို့ လက်ရှိ ကျန်နေသလောက်ဆိုရင်တော့ ၂ပတ် လောက်ပဲ အလွန်ဆုံးကူညီနိုင်တော့တယ်။” ဟု စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များကိုကူညီထောက်ပံ့သည့် အလှူရှင်များ နည်းပါးလာသည့်အတွက် စစ်ဘေးရှောင် အများစုသည် ကြုံရာကျပန်း အလုပ်များကိုသာ လုပ်ကိုင်နေရပြီး စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေရကြောင်း စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“အခုတော့ နေ့စားလိုက်နေတာရှိတယ်။ဒီဖက်မှာက စပါးတွေရိတ်တယ်၊ကြံတွေချိုးတယ်စတဲ့အလုပ်တွေကို သူတို့တွေကလည်း လိုက်လုပ်နေကြတာပေ့ါ။တချို့ကလည်း နေရပ်ပြန်ကြတယ်။ အများစု မပြန်ကြသေးတာက အိမ်မရှိတော့တာ”ဟု ၎င်းက ပြောသည်။

ကျေးသီးမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ဘာသာရေး အဆောက်အဦးနှင့် ဘုရားကျောင်းများတွင် နေထိုင်နေကြပြီး အများစုသည် ကလေးနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...