မူဆယ်-နမ့်ခမ်းကြား စစ်ကောင်စီနှင့် TNLA ကုန်စည်စီးဆင်းမှု အပြန်အလှန်ပိတ်ပင်

သျှမ်းပြည် စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ကုန်စည်စီးဆင်းမှုကို နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ဂိတ်စခန်း (၅) နေရာထက်မနည်းတွင် ခြံထွက်သီးနှံနှင့် တပိုင်တနိုင် ဈေးသည်များကို နှစ်ဘက်တပ်ဖွဲ့များမှ ဖြတ်သန်းခွင့် မပေးဘဲ အပြန်အလှန် ပိတ်ပင်တားမြစ်ထားကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“စစ်တပ်က ပိတ်လို့ TNLA က ပြန်ပိတ်တဲ့ပုံစံပေါ့၊ စစ်တပ်က ပန်ခမ်းတံတားနဲ့ ဆုတောင်းတောင်ဂိတ်မှာ တားထားတာ။ TNLA က နမ့်ခမ်းမြို့အထွက်နားမှာ တားထားတယ်၊ မန်ခမ်းနဲ့ မန်နောင်ခံက အေးရှားဝေါလ်တိုးဂိတ်မှာလည်း သူတို့ပေးမဖြတ်ဘူး။ လမ်းမကြီးပေါ်က စယ်လန့်နားမှာ နှစ်နေရာ၊ စုစုပေါင်း (၄) နေရာ ပိတ်ထားတယ်”ဟု အသက် (၄၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်နှင့်နမ့်ခမ်းမြို့အကြား မိုင် (၂၀) ခန့် အကွာအဝေးအတွင်း ဂိတ်စခန်း (၅) နေရာထက်မနည်းတွင် စစ်ကောင်စီတပ်နှင့် TNLA အကြား ကုန်စည်စီးဆင်းမှု အပြန်အလှန် ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ငြင်းဆိုသည်။

“လတ်တလောမှာ မူဆယ်နဲ့ နမ့်ခမ်းကြား သွားလာခွင့်တွေကော ပြီးတော့ သယ်ယူတင်ပို့ ရောင်းချမှုတွေကော ကျမတို့ ပိတ်ပင်တာတော့ မရှိသေးပါဘူး။ လက်ရှိအချိန်ထိ လွတ်လပ်စွာ သယ်ယူတင်ပို့ ရောင်းချနိုင်ပါတယ်”ဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

ပုံစာ – ဇွန်လအတွင်းက နမ့်ခမ်းမြို့တွင် စစ်ကောင်စီထုတ်ကုန်များကို TNLA မှ ရှောင်တခင် စစ်ဆေးစဉ်

မူဆယ်နှင့် နမ့်ခမ်းမြို့ကြားတွင် စစ်ကောင်စီဘက်မှ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် စက်သုံးဆီတို့ကို ပိတ်ပင်ထားပြီး TNLA ဘက်မှ လူထုစားဝတ်နေရေး ပြေလည်ရန် စားသောက်ကုန်၊ အိမ်ဆောက်လုပ်ရေး ပရိဘောဂနှင့် အခြားသော သယ်ယူတင်ပို့မှုများကို အခွန်ကင်းလွတ်ခွင့် ပေးထားကြောင်း လွေးယေဦးက ဆက်ပြောသည်။

အခြားတဘက်တွင် TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့အထွက် မန်ခမ်းနှင့် မန်နောင်ခံရွာရှိ အေးရှားဝေါလ်တိုးဂိတ်၊ စယ်လန့်အနီးရှိ ဆိုင်းခေါင်နှင့် နမ့်စန့်ရွာအနီး ဂိတ်များတွင် ခြံထွက်သီးနှံနှင့် တပိုင်တနိုင် ဈေးသည်များကို ဖြတ်သန်းခွင့် မပေးခြင်းကြောင့် မူဆယ်မြို့ဘက်သို့ လက်ကားဈေး ရောင်းချနိုင်ခြင်း မရှိတော့ကြောင်း ဒေသခံများက ပြောသည်။

“စယ်လန့်ကလူတွေ ခြံထွက်ပစ္စည်းနဲ့ တိုဖူးနွေးတို့လို မူဆယ် ပန်ခမ်းဘက် ဈေးသွားရောင်းဖို့တောင် ပေးမသွားဘူး၊ ဈေးသည်ဆိုရင် ဂိတ်ပေးမဖြတ်တော့တာ။ ခြံစိုက်တဲ့သူကတော့ ဒုက္ခရောက်တာ မရောင်းရရင် ကုန်စိမ်းက အထားမခံဘူး။ စစ်တပ်က ပိတ်တာနဲ့၊ TNLA က ပိတ်တာနဲ့ ဘယ်လမ်းမှ သွားလို့ မရဘူး”ဟု နမ့်ခမ်းဒေသခံ တပိုင်တနိုင်ဈေးသည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ကျယ်ဂေါင်ဘက်မှ တစ်ရက်လျှင် ကားအစီးရေ (၅၀) ခန့်ဖြင့် မူဆယ်မြို့တွင်း လောက်ငှရုံသာ ခွင့်ပြုထားကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ဘက်သို့ ကုန်စည် သယ်ယူခွင့်မရအောင် မူဆယ်မြို့ အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်များက တင်းတင်းကြပ်ကြပ် ထပ်မံစစ်ဆေးကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ အမျိုးသမီးတဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ စွန်စော်ရပ်ကွက်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...