Tuesday, January 27, 2026

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အရပ်သားများ TNLA ကလူသားဒိုင်းအဖြစ် ဖမ်းထားခြင်းကြောင့်သေဆုံးရဟု ဝါဒဖြန့်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက အရပ်သားများသည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းကြောင့် သေဆုံးရသည်ဟုဆိုပြီး ဝါဒဖြန့်ချိနေသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Snow Queen ချန်နယ်လ်မှ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး TNLA ထုတ်ပြန်သည့် အချက်အလက်အပေါ်အခြေခံကာ ဒေသခံများက ပြောပြခဲ့သည်ဟုဆိုပြီး ရေးသားဖြန့်ချိခဲ့သည်။

၎င်းက “သူတို့ (TNLA) ကတော့ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ သေတယ်ပေါ့နော့။ ဆိုတော့ သေတာလည်း မှန်တယ်။ လေကြောင်းတိုက်ခိုက်လို့ဆိုတာလည်း မမှားဘူး။ ဒါပေမယ့် သူတို့မပြောရဲတာက အဲဒီအရပ်သားတွေဟာ သူတို့က လူသားဒိုင်းအဖြစ်အသုံးချဖို့ ဖမ်းဆီးထားတဲ့အရပ်သားတွေဆိုတာပဲ….” ဟု(မူရင်းအတိုင်း) အမည်မဖော်လိုသည့် ဒေသခံတစ်ယောက်က ပြောပြခဲ့သည်ဆိုပြီး ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၁,၀၀၀ ကျော်ရှိသည်။ ထို့အပြင် အခြားသော စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်များကလည်း ထိုအကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိထားသည်။

မူရင်း သတင်းအမှားလင့်ခ် – https://archive.ph/iALJf

ဆက်လက်သတင်းအမှားလင့်ခ် – https://archive.ph/HnrRJ

သတင်းအမှားဖြန့်ချိသူတွေက ဖော်ပြသည့် အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာသည် လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့်သတင်းအမှားဖြစ်နေသည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ ၁ လအတွင်း ဒေသခံ ၃၈ ဦးသေဆုံးပြီ ၇၀ ဦး ဒဏ်ရာရရှိကာ၊ နေအိမ် ၁၃၀ ပျက်စီးခဲ့ကြောင်း TNLA က ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက် – https://archive.ph/OtIEU

သေဆုံးသူများမှာ နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့ အရပ်သားပြည်သူများဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဉ်ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်ကား၊ နေအိမ်နှင့် ဈေးဆိုင်ခန်း အများအပြားလည်း ထိခိုက်ပျက်စီးဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုင်းငေါ့၊ ကွတ်ခိုင်မြို့များနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဧရာဝတီသတင်းတစ်ပုဒ်တွင်လည်း ဖော်ပြထားသည်။

ဧရာဝတီ သတင်းလင့်ခ် – https://archive.ph/bHevq

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထုများ စိုးရိမ်ထိတ်လန့်နေကြရ သည်ဟု ဒေသခံတစ်ဦး၏ ဖွင့်ဟပြောဆိုချက်ဖြင့် ရွှေဖီမြေသတင်းက ဖော်ပြသည်။

ရွှေဖီမြေ သတင်းလင့်ခ် – https://archive.ph/feEWo

သုံးသပ်ချက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် TNLA ထိန်းချုပ်ထားသည့် နယ်မြေတွင် တစ်လအတွင်း အရပ်သား ၃၈ ဦးသေဆုံးပြီး၊ ၇၀ ဦး ဒဏ်ရာရရှိကြောင်း မှန်ကန်သည်။

သို့သော် သေဆုံးသွားရသည့် အရပ်သားများသည် TNLA ကလူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းကြောင့် သေဆုံးရခြင်း မဟုတ်ပေ။ TNLA ထိန်းချုပ်ထားသည့် နယ်မြေအတွင်းရှိ ဒေသခံနေအိမ်များ၊ အဆောက်အဦးများကို စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တောင်ကြီးမြို့တွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် “လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သတိပြုရန် လိုအပ်ကြောင်း” ပြောဆိုခဲ့ဖူးသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...