TNLA
မန်တုံမြို့နယ် KIA နှင့် TNLA ပဋိပက္ခ ထိန်းသိမ်း ဆောင်ရွက်ရန် TNLA စစ်ဦးစီးချုပ်ပြော၊ လက်နက်ပစ်ဖောက်ခြင်း မလုပ်ရန် KIA အမိန့်ထုတ်
သျှမ်းပြည် မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားနေသည့် မြေပြင်ပဋိပက္ခကို ထိန်းသိမ်း ဆောင်ရွက်သွားရန် TNLA စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီလ (၂၈) ရက်တွင် မန်တုံမြို့၌ ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်...
မန်တုံမြို့နယ် KIA ရုံးနှင့် ဂိတ်နေရာကို TNLA ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်း၊ အောက်ခြေအရာရှိ ညှိနှိုင်းနေဟု KIA ပြော
သျှမ်းပြည် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA ၏ တိုက်နယ်ရုံးနှင့် ဂိတ်နေရာကို TNLA မှ ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၂၃) ရက် နံနက်ပိုင်းတွင် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA တောင်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများမှ လောင်ကျယ်၊ ရောင်ကျိန်းနှင့် မန်ပန်ကျေးရွာတို့တွင်...
နောင်ချိုမြို့နယ် တောင်းခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ တောင်းခမ်းအမြောက်တပ်ရင်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့်...
မိုးမိတ်နှင့် နောင်ချိုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှု (၄) ဦးသေဆုံးပြီး (၇) ဦး ဒဏ်ရာရ
သျှမ်းပြည် မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ် လေကြောင်းထပ်မံ ဗုံးကြဲခြင်းကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သား (၄) ဦး သေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) နံနက်အစောပိုင်း၌ နောင်ချိုမြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်...
သီပေါမြို့နယ် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား ၂ ဦးသေဆုံး၊ မိသားစုဝင် ၄ ဦး ဒဏ်ရာရ
သျှမ်းပြည် သီပေါမြို့နယ် ကုံးစုံရွာတွင် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား (၂) ဦး သေဆုံးကာ မိသားစုဝင် (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) နံနက် ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...
နောင်ချိုမြို့နယ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ အမျိုးသမီး တစ်ဉီးသေဆုံး၊ ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ည ၉ နာရီဝန်းကျင်အချိန်တွင် နောင်ချိုမြို့ရှိ လောက်ဖန်းကျေးရွာကို...
နမ့်ခမ်းမြို့ နေရပ်မပြန်သည့် စစ်ရှောင်နေအိမ်များ ငှားရမ်း၊ ရရှိငွေများ TNLA ပြန်လည်ထူထောင်ရေးတွင်သုံးမည်ဟုဆို
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့ သို့ နေရပ်မပြန်လာသော စစ်ဘေးရှောင်များ၏နေအိမ်များကို ပြန်လည်ငှားရမ်းပြီး၊ ရရှိလာသော ငွေများကို TNLA က ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီ ၇ ရက်)နေ့တွင် TNLA ၏ စစ်သားစုဆောင်းရေးရုံးမှ...
စစ်ကောင်စီနှင့် TNLA ဆွေးနွေးမှု မအောင်မြင်မှုကြောင့် နောင်ချိုကို လေကြောင်း ဗုံးကြဲ၊ ၃ ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရ
စစ်ကောင်စီနှင့် တအာင်း(ပလောင်)အမျိုးသားတပ်မတော် (TNLA)တို့ ဆွေးနွေးမှု မအောင်မြင်မှုကြောင့် စစ်ကောင်စီမှ နောင်ချိုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ (၃)ဦး သေဆုံးပြီး (၄)ဦးဒဏ်ရာ ရရှိသည်ဟု စုံစမ်းသိရှိရသည်။ TNLAနှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲတွင် နှစ်ဖက်အပြန်အလှန်တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနိူင်းရန်ခက်ခဲသောကြောင့် ဖေဖော်ဝါရီလ (၁၇)ရက် ညနေပိုင်းတွင် တွေ့ဆုံပွဲ ရပ်ဆိုင်းခဲ့ရသည်။ စစ်ကောင်စီကို TNLA ဘက်မှ...
TNLA နှင့် စစ်ကောင်စီတို့ ဆွေးနွေးမှုတွင် အချက်(၃)ချက် ဆွေးနွေးခဲ့
တအာင်း(ပလောင်)ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲတွင် နှစ်ဖက်အပြန်အလှန်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးညှိနိူင်းရန်ခက်ခဲသောကြောင့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ညနေပိုင်းတွင် တွေ့ဆုံပွဲ ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။ ။ ဆွေးနွေးမှု မပြီးဆုံးမီ TNLAဘက်မှ ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေကို တအာင်းပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရန်တောင်းဆိုခဲ့ပြီး အဆိုပါ တောင်းဆိုချက်ကို...
စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ကောင်စီထံ TNLA ဘာတောင်းဆိုမှာလဲ။
လေယာဉ်ပျံသံ စကြားကြားချင်း စိတ်ထဲမှာ “ဘာမှမဖြစ်ပါစေနဲ့” လို့ ကြိတ်ဆုတောင်းနေပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆုတောင်းမှု မပြီးခင်မှာပဲ “အုန်း”ဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ ဖုန်အလိပ်လိုက် တက်လာပြီး လွတ်ရာတော့ ဝပ်လိုက်ပါတယ်။ သူကတော့ နောင်ချိုမြို့ပေါ်ရှိ ပါရမီ-(၂) လက်ဖက်ရည်ဆိုင်ရဲ့ မိသားစုဝင်တစ်ဉီး ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုဂျာနူးပဲ ဖြစ်ပါတယ်။ “ကျနော်က...





