နောင်ချို စစ်ရှောင်များ ဝမ်းရေးအတွက် ကြံခုတ်သည့် နေ့စားအလုပ် ရပ်နားထားရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေထိုင်သည့် စစ်ရှောင်များသည် ဝမ်းရေးအတွက် ကြံခုတ်ပြီး ဝမ်းရေးဖြေရှင်းနေရပြီး လက်ရှိတွင် စစ်ကောင်စီနှင့် TNLA ပူပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်မှုကြောင့် ရပ်နားထားရကြောင်း သတင်းရရှိသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၂၀၂၄ ခုနစ် ဇူလိုင်လတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပြီး၊ နောင်ချိုမြို့နှင့် မိုင် ၂၀ ကျော်အကွာရှိသည့် တောင်းခမ်းအခြေစိုက် စစ်ကောင်စီ အမြောက်တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်မှာ ၈ လ ကျော်ကြာလာခဲ့သည်။

ထိုတိုက်ပွဲများကြောင့် နောင်ချိုမြို့ပေါ် ပြည်သူများနှင့် တောင်းခမ်းကျေးရွာ၊ အုမ္မသီး၊ အုမ္မခါးလမ်းခွဲ နှင့် ကန့်ကော်ကျေးရွာ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

ထိုစစ်ရှောင်များသည် လရှည်ကြာလာသည့်အလျှောက် ဝမ်းရေးအတွက် ပြောင်းခြံ၊ ကြံခင်းနှင့် လယ်ယာခြံများတွင် နေ့စားလိုက် အလုပ်လုပ်ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်တွင်လည်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့သော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ဘဲ ပြီးဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ဒေသ ကို အပြင်းအထန် ပြန်လည်ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြိုနယ် တောင်းခမ်းရွာကိုလည်း အင်အားထပ်မံဖြည့်ခဲ့သည်။

ထို့ကြောင့် နောင်ချိုမြို့နယ်အတွင်း စစ်ရေးတကျော့ပြန် ပြင်းထန်လာကာ ကြံခုတ်ခြင်း၊ လယ်ယာခြံ နေ့စားလိုက်သည့် စစ်ဘေးရှောင်များလည်း အလုပ်လက်မဲ့ ပြန်ဖြစ်သွားပြီး ဆေးဝါးနှင့် စားဝတ်နေရေး အတွက် စိုးရိမ်မှုဖြစ်နေကြာင်း စစ်ရှောင်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နောင်ချို ကြံခုတ်ထားသည့် ကြံခင်းပုံ

တိုက်ပွဲသံ၊ လက်နက်ကြီးပစ်ခတ်သံ မကြားသည့်အချိန်တွင် နောင်ချိုစစ်ရှောင်များသည် နီးစပ်ရာ ကြံခင်းသို့ သွားကာ ကြံပင် တစ်ပင်လျှင် ၁၅ ကျပ်နှုန်းဖြင့် နေ့စားလိုက်နေရပြီး၊ တစ်ရက်လျှင် ဝင်ငွေ နှစ်သောင်းကျပ် ရရှိကြောင်း စစ်ရှောင်အမျိုးသမီး က ပြောသည်။

“တိုက်ပွဲအသံကို နားထောင်ပြီး သွားရတာ။ အခုက ပစ်နေတော့ လုံခြုံတဲ့နေရာမှာ ရှောင်နေရတယ်။ အခုထိတော့ ပစ်နေတုန်းဆိုတော့ ကြံခုတ်တာလည်း နားထားရတယ်”ဟု ၎င်းကဆိုသည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီသည် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် ယမန်နေ့ (မတ် ၅ ရက်) နေ့လယ်ပိုင်းတွင်လည်း အုမ္မသီးလမ်းခွဲ နမ့်ခေးလုံကျေးရွာအတွင်းသို့ ကျကာ နေအိမ် ၃လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရပြီး (၄) ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ထို့ကဲ့သို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ကြံခုတ်သည့် အလုပ်ကို ရပ်နားရကာ နေ့စားလုပ်သူများလည်း ဝင်ငွေဆုံးရှုံးပြီး ကြံခြံပိုင်ရှင်များလည်း ဧက ထောင်ပေါင်းများစွာ ဆုံးရှုံးနေရကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

နောင်ချိုမြို့နယ် ကြံခုတ်ထားသည့် ကြံခင်းပုံ

“တိုက်ပွဲကြောင့် ကြံခုတ်တဲ့ နေ့စားလုပ်သူလည်း နားရသလို ခြံပိုင်ရှင်လည်း အကုန်ဆုံးရှုံးတယ်။ ပိုက်ဆံရှိတဲ့သူတွေတော့ မြို့ပေါ်တက်နေ၊ နေ့စားအလုပ်လုပ်တဲ့ ကျနော်တို့ကတော့ နီးစပ်ရာ လွတ်မယ်ထင်တဲ့နေရာပြေး၊ ဝမ်းရေးရှာမတော့ အခက်တော့ကြုံတယ်” ဟု ၎င်းအမျိုးသားက ဆိုပြန်သည်။

တိုက်ပွဲဖြစ်နေသော်လည်း စစ်ရှောင်များအတွက် အစားအသောက် ကူညီပေးမည့်သူများ မရှိသည့်အတွက် လက်ရှိတွင် ဝမ်းရေးကို ကိုယ်ထူကိုယ်ထဖြေရှင်းနေရသည်။

“အလုပ်က မရှိပေမယ့် စားဖို့ကလည်း ကိုယ့်ဘာသာကိုယ်စီစဉ်ရတော့ ကြံမခုတ်ရရင်တော့ ရှိတဲ့သူဆီက ချေးငှားစားသောက်ရတာပေါ့။ တနေ့ကို မိသားစု ကုန်ကျတာက တစ်သောင်းခွဲကျော် ရှိနေပြီ” ဟု စစ်ရှောင်အမျိုးသမီး က ထပ်လောင်းပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် TNLA နှစ်ဘက်တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ဘဲ စစ်ကောင်စီဘက်မှ TNLA ထိန်းချုပ်နယ်မြေထဲ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ် တိုက်ခိုက်မှု ကြောင့် တစ်လအတွင်း ပြည်သူလူထု (၁၃)ဦး သေဆုံးခဲ့ပြီး၊ (၃၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မတ်လ ၁ ရက်နေ့တွင် TNLA မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...