ကွတ်ခိုင် KIA ဆက်ဆံရေးရုံးမှ တပ်သား ၄၀ နီးပါးကို TNLA ကားတင်ပြီး နမ့်ဖတ်ကာဘက် ပို့ဆောင်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သာလွန်အင်အား အသုံးပြု၍ ကချင်လွတ်လပ်‌ရေးတပ် KIA ဆက်ဆံရေးရုံးရှိ တပ်သား ၄၀ ခန့်ကို ကားတင်ပြီး နမ့်ဖတ်ကာဘက်သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ပေါ် ဖွင့်လှစ်ထားသည့် KIA ဆက်ဆံရေးရုံးသို့ TNLA ဘက်မှ အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး ဆက်ဆံရေးရုံးနှင့် နားနေဆောင်ရှိ နေရာ (၂) ခုမှ KIA တပ်သား (၄၀) ခန့်ကို ကားတင်ခေါ်ဆောင်ကာ နမ့်ဖတ်ကာဘက်သို့ ပို့ဆောင်လိုက်ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“မူဆယ်ဘက်ခြမ်းက ရှုခင်းသာဘက်ကို သွားပို့တယ်၊ အဲ့မှာ နမ့်ဖတ်ကာနား ချခဲ့တယ် ပြောတာပဲ။ သွေးဆူနေတဲ့ လူထုနဲ့ အတင်းဝင်ကြတော့ တွန်းတွန်းထိုးထိုးတော့ ရှိတာပေါ့လေ၊ ရုန်းရင်းဆန်ခတ်ပေါ့။ ဗျူဟာလမ်းမှာ အရင်တိုင်းရင်းဆေးလို့ ခေါ်တာလေ ဌာနပေါ့၊ အဲ့ဒီမှာ တစ်ဖွဲ့ရှိတယ်။ ဒီကားလမ်းဘေးက ဆက်ဆံရေးရုံးမှာ တစ်ဖွဲ့ရှိတယ်၊ ၂ နေရာဆိုတော့ ၄၀ လောက်တော့ ရှိမယ်”ဟု ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းနိုင်ရန် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူနှင့် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ပုံစာ – ကွတ်ခိုင် KIA ဆက်ဆံရေးရုံးနှင့် နားနေဆောင်သို့ TNLA တပ်သားများ ဝင်ရောက်လာစဉ်

ကွတ်ခိုင်မြို့ပေါ်တွင် ယခင်ကတည်းက ဖွင့်လှစ်ထားသည့် KIA ဆက်ဆံရေးရုံးတွင် အတိုင်းအတာ တစ်ခုထက် လူ၊ လက်နက် သာလွန်အင်အား ထားရှိခြင်းကြောင့် TNLA မှ သွားရောက်ပြောဆိုခဲ့ရာ ပဋိပက္ခဖြစ်ပွားရန် ဦးတည်ခဲ့ကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ယင်းကိစ္စ မတိုင်ခင် ယမန်နေ့ တစ်ရက်တည်းတွင် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ်သို့ ကြိုတင်အကြောင်းမကြားပဲ တာမိုးညဲမြို့ဘက်မှ KIA တပ်သား (၁၀၀) ခန့် ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

“ဖြစ်သွားတဲ့ ပြဿနာက အတိုင်းအတာ တစ်ခုထက် သာလွန်အင်အား ထားတာပေါ့နော်။ မနေ့က ကြားတာဆိုရင် တာမိုးညဲဘက်ကနေ ရပ်ကွက်(၆) ကို KIA ရဲဘော် ၁၀၀ လောက် ဝင်လာတယ် ပြောတယ်။ KIA ၁၀၀ လောက်က TNLA ကို သတင်းမပို့ဘဲ ဝင်တယ်၊ အဲ့က စတာပေါ့ ပြဿနာက။ အဲ့မှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဝင်ခွင့်မပေးဘူး၊ အဲ့ဒီဟာ အဓိကလို့ ပြောတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

ယခု လုပ်ရပ်အပေါ် TNLA မှ ဖွဲ့စည်းပေးထားသည့် ကွတ်ခိုင်မြို့ပေါ်ရှိ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော မြို့မိမြို့ဖ အုပ်ချုပ်ရေးအဖွဲ့မှလည်း တစုံတရာ တုန့်ပြန်ဆောင်ရွက်မှု မရှိသေးဘဲ ကချင်အရပ်ဘက် အဖွဲ့အစည်းများမှ ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“မြို့ပေါ်မှာ ကော်မတီ ဖွဲ့ထားတာ ရှိတယ်၊ ပဋိပက္ခ တစ်ခုခု ဖြစ်ပြီဆိုရင် ဝိုင်းဝန်း ဖြေရှင်းလို့ရအောင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါတယ်။ မနေ့ကမှ ဖြစ်တဲ့ ပြဿနာဆိုတော့ အဲ့ဒီကော်မတီက ဘာလုပ်မယ်ဆိုတာ မသိရသေးဘူး။ လူထုရဲ့အသံ လူထုရဲ့ ဆန္ဒဆိုတာက ကဏ္ဍပျောက်နေတာကိုး။ အဓိကတော့ ကချင်လူထုပေါ့ ဆန္ဒပြဖို့ အသံတော့ ကြားရတယ်။ ကြားရတဲ့ သတင်းကတော့ ရှိလာနိုင်တယ်”ဟု ကွတ်ခိုင်မြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

ပုံစာ – ကွတ်ခိုင် KIA ဆက်ဆံရေးရုံးနှင့် နားနေဆောင်သို့ TNLA တပ်သားများ ဝင်ရောက်လာစဉ်

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကလည်း မန်တုံမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် KIA မှ ဖွင့်လှစ်ထားသည့် KIA တပ်ခွဲရုံး၊ မြို့နယ်ရုံး၊ တိုက်နယ်ရုံးနှင့် ဂိတ်များကို မဖွင့်လှစ်ရန်၊ နေရာပြောင်းရွှေ့ရန် TNLA ဘက်က ပြောဆိုထားခြင်းကြောင့် နှစ်ဘက်တာဝန်ရှိသူများ တွေ့ဆုံကာ ညှိနှိုင်းရမည့် အနေအထားဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဖေဖော်ဝါရီ (၂၅) ရက်တွင် သျှမ်းသံတော်ဆင့်ကို ဖြေကြားထားသည်။

ယမန်နှစ် ၂၀၂၄ ဧပြီလအတွင်း ကွတ်ခိုင်မြို့နယ် TNLA အုပ်ချုပ်ရေးအဖွဲ့မှ KIA ဆက်ဆံရေးရုံး တာဝန်ရှိသူများကို နှစ်ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံပြီး မြို့ပေါ်မှ ထွက်ခွာသွားရန် ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

TNLA ထိန်းချုပ်ထားသည့် မြို့များတွင် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမဆို ရုံးဖွင့်လှစ် အခြေချလိုပါက TNLA တပ်ဖွဲ့ထံ စာတင်‌တောင်းဆိုရမည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ယမန်နှစ် ဧပြီလအတွင်း ဖြေကြားထားဖူးသည်။

အလားတူ ယမန်နှစ် ၂၀၂၄ မေလ အတွင်းကလည်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ ကျေးရွာများတွင် တပ်စွဲထားသည့် SSPP တပ်သားများကို TNLA ဘက်မှ ကားတင်ခေါ်ဆောင်ကာ မူဆယ်မြို့ဘက်သို့ ယာဉ်တန်းဖြင့် ပို့ဆောင်ခဲ့သည်။

ပုံစာ – ကွတ်ခိုင် KIA ဆက်ဆံရေးရုံးနှင့် နားနေဆောင်သို့ TNLA တပ်သားများ ဝင်ရောက်လာစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။