SSPP

SSPP တပ်စခန်းတွေ ဆုတ်ခွာဖို့ စစ်ကောင်စီ ဖိအားပေးနေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့မှာ ဇူလိုင် (၁၄) ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ SSPP/SSA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုမှာ မိုင်းရှူးမြို့နယ်ရှိ SSPP တပ်စခန်းများကို (၇) ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ခြင်း နဲ့ ပတ်သက်ပြီး...

မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲထပ်မံဖြစ် စစ်ကောင်စီကျဆုံးမှုရှိ

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၃) ရက် နေ့လည်ပိုင်း ၁၂ ခွဲဝန်းကျင် တွင် စစ်ကောင်စီတပ်ပေါင်းစုဖြစ်သည့် ခလရ တပ်...

ကျောက်မဲမြို့နယ် မျှစ်ရှာသူများကို လက်နက်ကိုင်တပ်ဖွဲ့ အခွန်ကောက်မည်ဟုခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပိုင်တနိုင် မျှစ်ရှာရောင်းသူများကို လက်နက်ကိုင် တပ်ဖွဲ့က အခွန်ဆောင်ရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ အတွင်းမှ စပြီး တောထဲတွင် အလေ့ကျပေါက်နေသည့် မျှစ်ပေါက်ချိန်ဖြစ်ပြီး ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာထဲတွင် မျှစ်ရှာရောင်းသူများကို လက်နက်ကိုင်တပ်ဖွဲ့က ငွေတောင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ “ကျနော်တို့ ကျောက်မဲမြို့နယ်ထဲမှာဆိုရင် တစ်ချို့က...

မိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွား စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင် ၁၀) ရက် နံနက်ပိုင်း ၅ နာရီ ဝန်းကျင်မှ စတင်ကာ ပစ်ခတ်သံများ...

မိုင်းကိုင်မြို့နယ် ကျေးရွာထဲ လက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်နေထိုင်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ချို့ စစ်ဝတ်စုံဖြင့် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုင်းကိုင်မြို့နယ်ထဲရှိ ကျေးရွာများထဲတွင် လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်နေထိုင်နေတာကြောင့် ပြည်သူများက စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။ “ဟုတ်တယ်။ သူတို့ အိမ်ထဲမှာလာနေတာ။ အိမ်မှာလာအိပ်တယ်။ တစ်အိမ်ထဲမှာပဲနေတာမဟုတ်ဘူး။ ကျမတို့ ရွာမှာရှိတဲ့ ၄ ၊...

ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး အတွက် Sexy မော်ဒယ် သင်ဇာဝင့်ကျော်ကို SSPP မှ ကမ်းလှမ်းခဲ့

သျှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် Documentary ရိုက်ကူးရန် Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို SSPP/SSA မှ ကမ်းလှမ်းဖိတ်ကြားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သင်ဇာဝင့်ကျော်သည် SSPP ဌာနချုပ် ဝမ်ဟိုင်းသို့ရောက်ရှိလာပြီး၊ ဇူလိုင် ၃ ရက်တွင် ရိုက်ကူးရေးမှ တဆင့်...

မိုင်းရှူးမြို့ နှင့် တန့်ယန်းကြားရှိ SSPP တပ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအနီး စစ်ကောင်စီမှ အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း မိုင်းရှူးမြို့အတွင်း စစ်ကောင်စီသည် ညအချိန်မှာ တစ်မြို့လုံးကို လျှပ်စစ်မီးပိတ်ပြီး စစ်အင်အားအပြည့်ဖြင့် မြို့မှ ထွက်သွားပြီး ပြန်လာချိန်မှာ ကားပေါ်တွင် မည့်သည်တစ်စုံတစ်ရာမှ ပြန်မပါလာကြောင်း...

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက် (၃) ဦးထက်မနည်း ကျဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် သျှမ်းမြောက် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၃) ဦးထက် မနည်းသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲသည် ပြီးခဲ့သည့် ဇွန် (၂၄) ရက်တွင် လားရှိုး...

သျှမ်းတောင် ပြည်သူများ လုံခြုံရေး ကြောက်လန့်စွာနေထိုင်နေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အတွင်းရှိ ကျေးရွာဒေသခံ တစ်ချို့ မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာဒေသခံများသည် မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ (၃) မြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများက လက်နက်ကိုင်အုပ်စုများကို ကြောက်လန့်နေရပြီး...

စစ်ကောင်စီတပ်ရွှေ့ခိုင်းသည့် SSPP တပ်စခန်း (၃) ခုကို လကုန်ထိ အချိန်ပေးရွှေ့ခိုင်း

စစ်ကောင်စီက ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အရေးပါသော တပ်စခန်း (၃) ခုကို ယခုလ ဇွန် (၃၀) ရက် အပြီးရွှေ့ပေးရန် ပြောထားသော်လည်း SSPP ဘက်က ပြောင်းရွှေ့မည်မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ ပြောင်းရွှေ့ခိုင်းသည့် SSPP/SSA ၏ တပ်စခန်း (၃)...

Latest news