Wednesday, January 28, 2026

ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး အတွက် Sexy မော်ဒယ် သင်ဇာဝင့်ကျော်ကို SSPP မှ ကမ်းလှမ်းခဲ့

သျှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် Documentary ရိုက်ကူးရန် Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို SSPP/SSA မှ ကမ်းလှမ်းဖိတ်ကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သင်ဇာဝင့်ကျော်သည် SSPP ဌာနချုပ် ဝမ်ဟိုင်းသို့ရောက်ရှိလာပြီး၊ ဇူလိုင် ၃ ရက်တွင် ရိုက်ကူးရေးမှ တဆင့် SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆု၏ သမီး မင်္ဂလာပွဲကို စစ်ဝတ်စုံဖြင့် တက်ရောက်ခဲ့သည်။

SSPP/SSA အဖွဲ့မှ သင်ဇာဝင့်ကျော်ကို ဟိုက်ပါ ရေတံခွန် နှင့် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် Documentary ရိုက်ကူးရန် ကမ်းလှမ်းခဲ့ကြောင်း SSPP info မှလည်း ယနေ့ (ဇူလိုင် ၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။

မင်္ဂလာဆောင်အခမ်းအနား

ဆက်လက်ပြီး သင်ဇာဝင့်ကျော်သည် တခြားမည်သည့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ရိုက်ကူးခြင်းမဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် SSPP မှ ကမ်းလှမ်းရိုက်ကူးနေခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Sexy မော်ဒယ် သင်ဇာဝင့်ကျော် သည် SSPP ၏ ပြောခွင့်ရသူတစ်ဦးလည်းဖြစ် အကြီးအကဲတစ်ဦးလည်းဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းဆု၏ သမီး မင်္ဂလာပွဲကို SSPP စစ်ဝတ်စုံနှင့်အတူ ၎င်း၏ ချစ်သူဖြင့် တက်ရောက်မှုကိုလည်း လူမှုကွန်ရက် စာမျက်နှာတွင် ဂယက်ထသွားခဲ့သည်။

မင်္ဂလာဆောင်ပွဲ၏ တဖက်မှာလည်း SSPP/SSA နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေချိန် ထိုကဲ့သို့ အခမ်းအနားပွဲကို လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့လာမှုဟာ စဥ်းစားစရာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

သင်ဇာဝင့်ကျော် စစ်ဝတ်စုံ နဲ့ ပွဲတက်

“မိုးမိတ်ဘက်မှာလည်း SSPP နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်တယ်။ မိုင်းရှုးဘက်မှာလည်း စကစ က စစ်အင်အားတွေ ဖြည့်နေတယ်။ စစ်ရေးတွေတင်းမာနေတယ်။ ဝမ်းဟိုင်းဌာနချုပ်ကို သင်ဇာဝင့်ကျော်က စစ်ဝတ်စုံနဲ့ လူကြီးရဲ့သမီး မင်္ဂလာဆောင်ကိုတက်တယ်။ ဒါတွေက စဥ်းစားစရာတခုပဲ” ဟု သျှမ်းပြည် မှ လူငယ်တစ်ဦး က သုံးသပ်ပြောသည်။

ထို့အပြင် သင်ဇာဝင့်ကျော်ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “လူတွေကလဲနော် အကျိုးအကြောင်း သေချာ မသိပဲလျှောက်ရေးလျှောက်တင် နေကြတာ မှန်လားမှားလားမသိပဲ အကျိုးအကြောင်း သေချာမစုံစမ်းပဲ ထင်ရာမြင်ရာတွေစွတ်ပြောနေကြတာ မရှက်တတ်ကြဘူးလား။ ရှင်တို့ရေးတိုင်းပြောတိုင်းတင်တိုင်း အဲ့လိုဖြစ်ကြေးဆို ကျမလဲ ရှင်တို့လိုစာတွေလျှောက်ရေးပြီး ဆုတောင်းနေလိုက်မယ်”ရေးသားထားသည်။

လက်ရှိ သင်ဇာဝင့်ကျော် သည် ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေးအတွက် ရိုက်ကူးပေးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး ငွေကြေး ဘယ်လောက်ဖြင့် ငှားရမ်းခဲ့သည်ကို သျှမ်းလူထုတွေက စိတ်ဝင်စားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...