ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး အတွက် Sexy မော်ဒယ် သင်ဇာဝင့်ကျော်ကို SSPP မှ ကမ်းလှမ်းခဲ့

သျှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် Documentary ရိုက်ကူးရန် Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို SSPP/SSA မှ ကမ်းလှမ်းဖိတ်ကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သင်ဇာဝင့်ကျော်သည် SSPP ဌာနချုပ် ဝမ်ဟိုင်းသို့ရောက်ရှိလာပြီး၊ ဇူလိုင် ၃ ရက်တွင် ရိုက်ကူးရေးမှ တဆင့် SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆု၏ သမီး မင်္ဂလာပွဲကို စစ်ဝတ်စုံဖြင့် တက်ရောက်ခဲ့သည်။

SSPP/SSA အဖွဲ့မှ သင်ဇာဝင့်ကျော်ကို ဟိုက်ပါ ရေတံခွန် နှင့် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် Documentary ရိုက်ကူးရန် ကမ်းလှမ်းခဲ့ကြောင်း SSPP info မှလည်း ယနေ့ (ဇူလိုင် ၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။

မင်္ဂလာဆောင်အခမ်းအနား

ဆက်လက်ပြီး သင်ဇာဝင့်ကျော်သည် တခြားမည်သည့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ရိုက်ကူးခြင်းမဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် SSPP မှ ကမ်းလှမ်းရိုက်ကူးနေခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Sexy မော်ဒယ် သင်ဇာဝင့်ကျော် သည် SSPP ၏ ပြောခွင့်ရသူတစ်ဦးလည်းဖြစ် အကြီးအကဲတစ်ဦးလည်းဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းဆု၏ သမီး မင်္ဂလာပွဲကို SSPP စစ်ဝတ်စုံနှင့်အတူ ၎င်း၏ ချစ်သူဖြင့် တက်ရောက်မှုကိုလည်း လူမှုကွန်ရက် စာမျက်နှာတွင် ဂယက်ထသွားခဲ့သည်။

မင်္ဂလာဆောင်ပွဲ၏ တဖက်မှာလည်း SSPP/SSA နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေချိန် ထိုကဲ့သို့ အခမ်းအနားပွဲကို လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့လာမှုဟာ စဥ်းစားစရာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

သင်ဇာဝင့်ကျော် စစ်ဝတ်စုံ နဲ့ ပွဲတက်

“မိုးမိတ်ဘက်မှာလည်း SSPP နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်တယ်။ မိုင်းရှုးဘက်မှာလည်း စကစ က စစ်အင်အားတွေ ဖြည့်နေတယ်။ စစ်ရေးတွေတင်းမာနေတယ်။ ဝမ်းဟိုင်းဌာနချုပ်ကို သင်ဇာဝင့်ကျော်က စစ်ဝတ်စုံနဲ့ လူကြီးရဲ့သမီး မင်္ဂလာဆောင်ကိုတက်တယ်။ ဒါတွေက စဥ်းစားစရာတခုပဲ” ဟု သျှမ်းပြည် မှ လူငယ်တစ်ဦး က သုံးသပ်ပြောသည်။

ထို့အပြင် သင်ဇာဝင့်ကျော်ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “လူတွေကလဲနော် အကျိုးအကြောင်း သေချာ မသိပဲလျှောက်ရေးလျှောက်တင် နေကြတာ မှန်လားမှားလားမသိပဲ အကျိုးအကြောင်း သေချာမစုံစမ်းပဲ ထင်ရာမြင်ရာတွေစွတ်ပြောနေကြတာ မရှက်တတ်ကြဘူးလား။ ရှင်တို့ရေးတိုင်းပြောတိုင်းတင်တိုင်း အဲ့လိုဖြစ်ကြေးဆို ကျမလဲ ရှင်တို့လိုစာတွေလျှောက်ရေးပြီး ဆုတောင်းနေလိုက်မယ်”ရေးသားထားသည်။

လက်ရှိ သင်ဇာဝင့်ကျော် သည် ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေးအတွက် ရိုက်ကူးပေးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး ငွေကြေး ဘယ်လောက်ဖြင့် ငှားရမ်းခဲ့သည်ကို သျှမ်းလူထုတွေက စိတ်ဝင်စားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...