SSPP တပ်စခန်းတွေ ဆုတ်ခွာဖို့ စစ်ကောင်စီ ဖိအားပေးနေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့မှာ ဇူလိုင် (၁၄) ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ SSPP/SSA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုမှာ မိုင်းရှူးမြို့နယ်ရှိ SSPP တပ်စခန်းများကို (၇) ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ခြင်း နဲ့ ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်ကို သျှမ်းသံတော်ဆင့် မှ နန်းနောင့်နောင့် က ဆက်သွယ်မေးမြန်းထား ပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိ လွိုင်နိုင်း- မန်ဝိန်းအတွင်း လှုပ်ရှားနေတဲ့ SSPP /SSA တပ်ဖွဲ့တို့ကို ဇူလိုင်လ ၇ ရက်နေ့က သုံးကြိမ်မြောက် တပ်ဆုတ်ဖို့ ပြောဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ SSPP/SSA ဘက်မှ ဆုတ်ခွာခြင်းမရှိခဲ့ပေ။

မေး ။ ။ SSPP/SSA နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တို့ တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံဆွေးနွေးမှုမှာ ဘာတွေဆွေးနွေးခဲ့ပါသလဲ။ ဘယ်လိုအကြောင်းအရာကို ဆွေးနွေးခဲ့ပါသလဲရှင့်။

ဗိုလ်မှူးဖုန်းဟန်

ဖြေ ။ ။ အဓိက (၂) ချက်ပေါ့ဗျာ။ ဆွေးနွေးမှုက ပထမတစ်ချက်က မိုင်းရှူးမြို့နယ် နဲ့ မိုင်းရှူးမြို့ မြောက်ဘက်မှာရှိတဲ့ တပ်စခန်း (၃) ခုကို အရင်တုန်းက နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ဖူးတယ်။ အဲ့ဒါကို ပြန်လာမေးတဲ့ သဘောပါ။ အဲ့ဒါကို ရွှေ့နိုင်၊ မရွှေ့နိုင် နောက်ထပ် (၇) ရက် အချိန်ထပ်ပေးတယ်။ အဓိက အချက် တစ်ချက်ပေါ့ဗျာ။ နောက်တစ်ခုက တရားခံ တစ်ယောက်ကို ထောက်ပြတယ်။ အဲ့တရားခံက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုပြီးတော့ သူတို့အကြောင်းပြတယ်။ အဲ့သူနဲ့ အရောင်းအဝယ်လုပ်တဲ့အိမ် လာပြီးတော့ လက်နဲ့ ထိုးပြမယ်ဆိုပြီးတော့ လာပြမယ်။ လာစစ်မယ်ပေါ့။ တကယ်တမ်း လာစစ်တော့ ဘာမှ မရှိဘူး။ အဲ့ဒါပါပဲ။

မေး ။ ။ မိုင်းရှူးမြို့နယ်ဘက်က တပ် (၃) နေရာ ဆုတ်ခိုင်းတဲ့အပေါ် SSPP ဘက်က ဘယ်လိုတုန့်ပြန်ခဲ့ပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့က ကော်မတီ စနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ ဗဟိုနိုင်ငံရေး ဦးဆောင်မှုအဖွဲ့ကို ပြန်ပြီးတော့ ဆွေးနွေးမှု ပြုပြီးတော့မှပဲ အကြောင်းပြန်မယ်ဆိုပြီး ဖြေပေးခဲ့တယ်။

မေး ။ ။ တပ်နေရာ စခန်း (၃) နေရာ အပြင် သူတို့ဘက်က တခြား တောင်းဆိုတာ ရှိလားရှင့်။
ဖြေ ။ ။ မရှိပါဘူးဗျာ။ အဓိက အဲ့ဒါပါပဲ။

မေး ။ ။ တကယ်လို့ တပ်စခန်း (၃) နေရာကို မဆုတ်ခွာပေးဘူးဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲရှင့်။
ဖြေ ။ ။ တင်းမာမှုက ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောလို့မရသေးဘူး။ ကျနော်တို့ ဆုတ်ခိုင်းတာ မဟုတ်တဲ့အတွက် တင်းမာမှုက သူတို့ဘက်ပဲ မူတည်တယ်။

မေး ။ ။ နှစ်ဖက် တပ်ဖွဲ့က စစ်ရေးတင်းမာနေတဲ့ အခြေနေမှာ ပြည်သူတွေကလဲ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်။ SSPP အနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲရှင့်။

ဖြေ ။ ။ တိုက်ပွဲဆိုတာ နှစ်ပေါင်း (၇၀) ကျော် ဖြစ်လာခဲ့ပြီပဲ။ တော်လှန်ရေးကာလက (၇၀) ကျော်လာခဲ့ပြီ။ ပြည်သူ လူထုက စစ်ဖြစ်မလား မဖြစ်ဘူးလားဆိုတာ အရိပ်အကင်း မပြောလဲ သိပါတယ်။ မဖြစ်ဖို့လဲ ကျနော်တို့ အတတ်နိုင်ဆုံး ထိန်းသိမ်းထားတယ်။ ခုချိန်က ကိုဗစ် ကာလရယ် တစ်နိုင်ငံလုံး တိုက်ပွဲရယ် လာတိုးနေတဲ့ ကပ်ကြီး သုံးပါးလို ဖြစ်နေတယ်။ ဒါမယ့် ဘာပဲဖြစ်လာဖြစ်လာ ပြည်သူလူထု နစ်နာမှုမရှိအောင်တော့ အတတ်နိုင်ဆုံး လုပ်နေတာဖြစ်တယ်။ ကူညီပံ့ပိုးမှု ကျနော်တို့ တစ်လျှောက်လုံး လုပ်လာတယ်။ ကျနော်တို့ နဲ့ ပြည်သူတို့နဲ့ တစ်သားတည်း ဖြစ်နေတယ်ဆိုတဲ့ဟာ ကျနော်တို့ ဒုက္ခဆိုရင်လည်း ပြည်သူလူထုရဲ့ ဒုက္ခပဲ ပြည်သူလူထု ဒုက္ခဆို ကျနော်တို့ ဒုက္ခလို့ မှတ်ယူတယ်။ အဲ့ဒါပါပဲ တစ်ထပ်တည်းကျတယ်လို့ ပြောလိုပါတယ်။

မေး ။ ။ ဇူလိုင် (၁၄) ရက် မနေ့က ဆွေးနွေးပွဲမှာ ဘယ်သူတွေ တက်ရောက်ခဲ့ပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ဘက်ကတော့ ဒုဥက္ကဌ (၁)၊ (၂) စဝ်ခေးတိုင်း ရယ် စဝ်ခွန်ဆိုင် ဦးဆောင်ပြီးတော့ (၆) ယောက်တက်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီးတော့ တိုင်းချုပ် တိုင်းမှူး စတဲ့ နေပြည်တော် က ဗိုလ်ချုပ်ကြီးတွေ သူတို့ဘက်ကတော့ (၇) ယောက်လောက်တက်တယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...