SSPP/SSA
သျှမ်းပြည် EAO များ စစ်ကောင်စီ ပြုလုပ်သည့် ပြည်ထောင်စုနေ့ မတက်ရန် သျှမ်းလူထု နှိုးဆော်
SHAN -
စစ်ကောင်စီက ပြုလုပ်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်တွင်း ပြည်ပ သျှမ်းလူမှုအဖွဲ့အစည်းများ သျှမ်းပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ နိုင်ငံရေးပါတီများ မသွားတက်ရောက်ရန် နှိုးဆော်ထားကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ (၁၂) ရက်တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို စစ်ကောင်စီက နေပြည်တော်သို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း...
သျှမ်းလက်နက်ကိုင်များ ပြည်သူများထံ ဆက်ကြေး ပိုကောက်လာ
SHAN -
သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ နည်းမျိုးစုံဖြင့် ပြည်သူများထံ အခွန် (ဆက်ကြေး) ပိုကောက်လာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး - ကျောက်တန်း - ပင်လုံ လမ်းအသစ်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ လမ်းသွားလမ်းလာပြည်သူများထံ အခွန်ကောက်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောပြသည်။ “ပြီးခဲ့တဲ့ ဥပုဿ်နေ့မှာ...
ရပ်စောက်မြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ်နှင့်RCSSတိုက်ပွဲဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စု ညဉ့်စဉ်ဘုန်းတော်ကြီးကျောင်းအတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားသည့်အတွက် ဆောက်လုပ်ဆဲ ဘုန်းကြီးကျောင်းများ လက်နက်ကြီးကျည်များ ထိခိုက်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၄) ရက် ညနေ ၅ နာရီခန့်က နောင်ဝိုးကျေးရွာအုပ်စု ဆောက်လုပ်ဆဲ ညဉ့်စဉ် ဘုန်းတော်ကြီးကျောင်း...
သီပေါမှ နေရပ်ပြန်စစ်ရှောင် ၃ ဦး မိုင်းထိ ဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် နေရပ်ပြန်သွားသည့် စစ်ရှောင်ပြည်သူ ၃ ဦး မိုင်းထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုစစ်ရှောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ လကုန်ပိုင်းက နေရပ်ပြန်သွားတာဖြစ်ကြောင်း၊ နေရပ်ပြန်ပြီး ရက်ပိုင်းအကြာ ယခုလ (ဖေဖော်ဝါရီ) ၃ ရက်နေ့တွင် မိုင်းထိခဲ့တာဖြစ်ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက်...
မိုင်းကိုင် စစ်ရှောင် (၅၀၀) ကျန် စားနပ်ရိက္ခာ နှင့် စောင်များလိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ နယ်အတွင်းရှိ စစ်ရှောင် (၅၀၀) ခန့်ကျန်ရှိနေပြီး စားနပ်ရိက္ခာ နှင့် စောင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် မိုင်းကိုင်တပေါင်းပွဲကွင်းပြင် ၊ ဘုန်းကြီးကျောင်း တစ်ချို့ နှင့် ဆွေမျိုးမိတ်ဆွေ အိမ်များတွင် နေထိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။ “ခု အစားအသောက်တွေပဲ လိုအပ်တယ်။ စောင်တွေလည်း...
စစ်အာဏာသိမ်း တနှစ်သာမှာ သျှမ်းပြည်သားတွေရဲ့ မျှော်လင့်ချက်
စစ်တပ် ကနေပြီး နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ တနှစ်တင်းတင်းပြည့် ခဲ့ပါပြီ။ စစ်အာဏာသိမ်းပြီး တနှစ်အတွင်းမှာတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲတွေ များစွာရှိလာခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ အာဏာသိမ်း စစ်တပ်ကလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေပါတယ်။ ရွေးကောက်ပွဲ ရလဒ် မှန်ကန်မှု မရှိ ဟု...
ကျောက်မဲ စစ်ရှောင် (၁၀၀၀)ဝန်းကျင် စားနပ်ရိက္ခာ ပြတ်လပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ရှောင် (၁၀၀၀)ဝန်ကျင် အတွက် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း သတင်းသိရသည်။ ကျောက်မဲတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ပြည်သူ (၁၀၀၀)ဝန်းကျင်ခန့် ကျန်ရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာနှင့် ထင်းများ လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။ “ခုက စားနပ်ရိက္ခာတွေ ကုန်နေပြီ၊ ထင်းတွေ၊ ဆီတွေလည်း ကုန်သလောက်ဖြစ်နေပြီ၊ စစ်ရှောင်တွေကလည်း...
ပင်လုံမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ရောက်ရှိဆိုသည့် သတင်းမှားကြောင့် ပြည်သူများထွက်ပြေးနေရ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ဆနင်းကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်များ ရောက်ရှိလာသည့် သတင်းကြောင့် ဒေသခံများထိတ်လန့်ပြီး ကျေးရွာမှ ထွက်ပြေးနေကြကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီလ နှောင်းပိုင်းတွင် မြောက်ပိုင်းမဟာမိတ်များသည် ပင်လုံမြို့ဘက်သို့ ရောက်ရှိနေသည်ဟု လူမှုကွန်ရက်ပေါ်တွင် သတင်းပျံ့နှံ့ခဲ့သဖြင့် ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးနေလျက်ရှိကြောင်း သိရသည်။ “မြောက်ပိုင်းကလာတယ်ဆိုတာက သတင်းအမှားဖြစ်တယ်။ သတင်းအတုဖြစ်တာ။ အခုက...
သီပေါစစ်ရှောင် (၄၅၀)ကျော် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၄၅၀)ကျော် သည် စိုးရိမ်စိတ်ဖြင့် နေရပ်ကို ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ အချိန်ထိ သီပေါမြို့နယ်အတွင်း နယ်မြေတည်ငြိမ်မှု မရှိသေးသော်လည်း စစ်ဘေးရှောင်များသည် နေအိမ်ကို စိုးရိမ်ရသောကြောင့် ဇန်နဝါရီ ၂၉ ရက်မှစကာ နေရပ်သို့ ပြန်သွားကြောင်း သိရသည်။ “နယ်မြေတည်ငြိမ်မှုတော့...
ဖက်ဒရယ် ကြွေးကြော်သံကြားက မြေစာပင်များ
SHAN -
“အခုချိန်က ပြောင်းဖူးချိုး စပါးရိတ်တဲ့ အချိန်လေ။ တချို့က စပါး မရိတ်ရသးဘူး။ အခု စစ်ရှောင်ထဲကဆို ခပ်များများက ပြောင်းဖူး မချိုးရသေးဘူး၊ စပါးလည်း မရိတ်ရသေးဘူး” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် သျှမ်းတော်လှန်ရေး တပ်ဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ်...





