သျှမ်းပြည် EAO များ စစ်ကောင်စီ ပြုလုပ်သည့် ပြည်ထောင်စုနေ့ မတက်ရန် သျှမ်းလူထု နှိုးဆော်

စစ်ကောင်စီက ပြုလုပ်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်တွင်း ပြည်ပ သျှမ်းလူမှုအဖွဲ့အစည်းများ‌ သျှမ်းပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ နိုင်ငံရေးပါတီများ မသွားတက်ရောက်ရန် နှိုးဆော်ထားကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ (၁၂) ရက်တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို စစ်ကောင်စီက နေပြည်တော်သို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“အခု စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ထာဝရ ငြိမ်းချမ်းရေး က ဒါကမဖြစ်နိုင်ဘူး။ စစ်ကောင်စီက ထာဝရ ငြိမ်းချမ်းရေး ပေးမယ်ဆိုတာက မက်လုံးတစ်ခုပဲပေါ့။ ယုံကြည်နိုင်ဖွယ်ရာမရှိဘူး။ (၇၅) နှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတွေက သူတို့ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် မဖြစ်နိုင်ဘူးဆိုတာ သိတာဖြစ်တဲ့အတွက် မတက်ရောက်ဖို့ရာ ကျနော်တို့ သျှမ်းအဖွဲ့အစည်းကို တိုက်တွန်းရခြင်းဖြစ်တယ်” ဟု ရန်ကုန် သျှမ်းလူငယ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ကောင်စီ ပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် လူကြီးပိုင်း စည်းဝေး မဆုံးဖြတ်ရသေးကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီကိစ္စကတော့ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ မဆုံးဖြတ်သေးဘူးဆိုတော့ တက်ဖို့ မတက်ဖို့ ကျနော် ပြောဖို့မရှိဘူး။ လူကြီးပိုင်းတွေက သူတို့ စည်းဝေး မဆုံးဖြတ်ရသေးဘူး။ တခြားမှတ်ချက်ပေးဖို့ မရှိဘူး”ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုနည်းတူ တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သည် စစ်ကောင်စီမှ ပြုလုပ်မည့် အခမ်းအနားသွား တက်ရန် မရှိကြောင်း သိရှိရသည်။

“ဖိတ်တာမဖိတ်တာတော့ ကျနော်မသိရဘူး။ တက်ဖို့ကတော့ မရှိဘူး။ တက်ဖို့ မရှိဘူးလို့ အဲ့လိုမျိုးပဲ ရှင်းပြလို့ရတယ်။ ဘာကြောင့်ဆိုတာတော့ ကျနော်မရှင်းပြနိုင်ဘူး။ အထက်ခွင့်ပြုချက်က မတက်ဖို့လို့တော့ ပြောတယ်” TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲ တက်ရောက်ဖို့ စစ်ကောင်စီက ဖေဖော်ဝါရီ (၆) ရက်မှာ ထုတ်ပြန်ခဲ့သည်။

ထို ထုတ်ပြန်ချက်မှာ စစ်ကောင်စီဘက်မှ အကြမ်းဖက်အဖွဲ့ကို ကြေညာထားသည့် အဖွဲ့မှ လွဲပြီး တိုင်းရင်းသားအဖွဲ့အစည်း အားလုံးကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်။

“မသွားတက်သင့်ဘူးလို့တော့ မြင်တယ်။ လက်ရှိချိန်မှာ သူတို့ပြောသလို ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ ဒီလို အာဏာသိမ်းတာဖြစ်လာတာပေါ့။ မသွားတက်ရောက်သင့်ဘူးပေါ့နော်။ ကျမတို့ လူငယ်တွေအနေနဲ့လည်း အားမပေးဘူးပေါ့နော်” ဟု သျှမ်းလူငယ် အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့သည် စစ်ကောင်စီမှ ပြုလုပ်သည့် ပြည်ထောင်စုနေ့ အခမ်းအနား နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာမှာ ၎င်းကိစ္စနှင့် ပတ်သက်ပြီး သေချာမသိရသေး ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ကပြောသည်။

လာမည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်ပစဉ်ကာလအတွင်း ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ ကျင်းပသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ် စစ်တပ် အာဏာသိမ်းပြီးနောက် အပစ်အခတ်ရပ်စဲရေး လုပ်ထားသည့်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများရပ်တန့်ခဲ့ပြီး တချို့ လက်နက်ကိုင်များနှင့် စစ်ရေးတင်းမာမှုများရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...