Wednesday, January 28, 2026

ရပ်စောက်မြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ်နှင့်RCSSတိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စု ညဉ့်စဉ်ဘုန်းတော်ကြီးကျောင်းအတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားသည့်အတွက် ဆောက်လုပ်ဆဲ ဘုန်းကြီးကျောင်းများ လက်နက်ကြီးကျည်များ ထိခိုက်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၄) ရက် ညနေ ၅ နာရီခန့်က နောင်ဝိုးကျေးရွာအုပ်စု ဆောက်လုပ်ဆဲ ညဉ့်စဉ် ဘုန်းတော်ကြီးကျောင်း အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ ဘုန်းကြီးကျောင်း အဟောင်းတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာရကြောင်း စုံစမ်းသိရှိရသည်။

“ဆောက်လုပ်ဆဲ ကျောင်းသစ် နဲ့ ရွာက ၁၀ မိနစ်လောက်ပဲ ကွာမယ်။ ကျနော်တို့က ကျောင်းအဟောင်းမှာပဲ လာရောက် ခိုလှုံထားတယ်။ အဲ့နေ့တော့ ကျနော်တို့ ဒေသခံတွေ ဘုန်းကြီးကျောင်းမှာ တစ်ညလာအိပ်တယ်” ဟု နောင်ဝိုးဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ဘုန်းကြီးကျောင်းဟောင်းအနီး အလံ (၂၀) လောက် အကွာမှာ လက်နက်ကြီး ကျရောက် လာကြောင်း သိရှိရသည်။
“ကျောင်းအသစ် နဲ့ နောင်ဝိုးကြား တိုက်ပွဲတွေဖြစ်တယ်။ ကျေးရွာထဲ လက်နက်ကြီး ကျတာတော့ရှိတယ်။ ဒေသခံတွေလဲ စိုးရိမ်ထိတ်လန့်ပြီး ဘုန်းကြီးကျောင်းအဟောင်းမှာ လာနေတယ်။ အလံ ၂၀ လောက် အကွာလောက်မှာ လက်နက်ကြီး လာကျပြီး ပေါက်ကွဲသွားတာရှိတယ်။ထိခိုက်တဲ့သူတွေတော့မရှိဘူး” ဟု နောင်ဝိုးဒေသခံ အမည်မဖော်လိုသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့ ဖေဖော်ဝါရီ (၈) ရက် မနက် (၁၀) နာရီခွဲတွင်လည်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စုဘက် ကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ ၁၀ နာရီလောက်ကလဲ ကျောက်ဂူ အင်တောဘက်က ကျေးရွာအနီးတွေမှာ တိုက်ပွဲဖြစ်သေးတယ်လို့ကြားတယ်။ နာရီဝက်လောက်ရှိမယ်ထင်တယ်” ဟု အမည်မဖော်လိုသူ တစ်ဦး ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲအချင်းချင်းကြောင့် စစ်ရှောင် (၄၀၀) ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းသို့ ပြောင်းရွေ့ခဲ့ရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...