သီပေါ မိုင်းထိ လူနာနှင့် ပျက်စီးသွားသည့်နေအိမ် ပြန်ပြင်ရန် အကူအညီ လိုအပ်နေ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် ယခုလ အစောပိုင်းက နေရပ်ပြန် စစ်ရှောင်များထဲမှ မိုင်းထိ ဒဏ်ရာရခဲ့သည့် လူနာ နှင့် နေအိမ်လက်နက်ထိမှန် ပျက်စီးခဲ့သည့် ဒေသခံများ အကူအညီ လိုအပ်နေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု တွန်ဆောက်ကျေးရွာမှ ဒေါ်ခင်ဌေး နှင့် ၄င်း၏ သားတစ်ဦး အပြင် မန်ဆိုင်းကျေးရွာမှ စိုင်းကော တို့ မိုင်းထိ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် လားရှိုးပြည့်သူ့ဆေးရုံ၌ တက်ရောက်ကုသနေကြောင်း သိရသည်။

“ဒဏ်ရာက သိပ်ပြီး မသက်သာသေးဘူး၊ ဒေါ်ခင်ဌေးဆို လက်တွေ မလုပ်နိုင်သေးဘူး၊ ပတ်တီးစည်းထား ရသေးတယ်။ သူတို့က လားရှိုးမှာ အသိတွေမရှိတော့ သွားဖို့လာဖို့လည်း ခက်တယ်။ ပြီးတော့ ပိုက်ဆံလည်း နည်းနေတာ” ဟု အဆိုပါ လူနာများကို ကူညီပေးနေသည့် သီပေါဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စုအနီးတဝိုက် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနှင့် RCSS တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံ ရာချီ ဘော်ကြိုဘုန်းကြီးကျောင်းတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလကုန်ပိုင်း တိုက်ပွဲငြိမ်သွားပြီးနောက် နေရပ်ပြန်သွားသည့် ဒေသခံပြည်သူများထဲမှ ဒေသခံ ၃ ဦး မြေမြုပ်မိုင်းထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်သည်။

ထို့အပြင် တွန်ဆောက်ကျေးရွာတွင် လက်နက်ထိမှန်ပျက်စီးသွားသည့် နေအိမ်လည်း ပြန်လည်ပြုပြင်ရန်အတွက် အခက်ခဲ ကြုံနေကြောင်း သိရသည်။

“လောင်ခွန်ရွာမှာ လက်နက်ထိမှန်တာကတော့ သူ့တို့ ပြန်ပြင်ထားပြီ။ တွန်ဆောက်ရွာက တစ်အိမ်ကတော့ တော်တော်ပျက်စီးသွားတယ်။ ခေါင်မိုးတွေ ဟောင်းလောင်းကို ဖြစ်နေတော့တာ။ အဲ့တာ ပြန်ပြင်ဖို့လည်း ငွေကြေးက မတတ်နိုင်ဘူးလို့ ပြောတယ်” ဟု နီးစပ်သူ အမျိုးသမီးတစ်ဦး က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း သီပေါမြို့နယ် ချောင်းဆုံကျေးရွာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ် တိုက်ပွဲကြောင့် ဒေသခံ နေအိမ်များ လက်နက်ထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...