သီပေါမှ နေရပ်ပြန်စစ်ရှောင် ၃ ဦး မိုင်းထိ ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် နေရပ်ပြန်သွားသည့် စစ်ရှောင်ပြည်သူ ၃ ဦး မိုင်းထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုစစ်ရှောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ လကုန်ပိုင်းက နေရပ်ပြန်သွားတာဖြစ်ကြောင်း၊ နေရပ်ပြန်ပြီး ရက်ပိုင်းအကြာ ယခုလ (ဖေဖော်ဝါရီ) ၃ ရက်နေ့တွင် မိုင်းထိခဲ့တာဖြစ်ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက် လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။

“ဘော်ကြိုဘုန်းကြီးကျောင်းမှာ စစ်ရှောင်လာပြီး ရွာပြန်သွားတာ မကြာသေးဘူး မိုင်းနင်းမိတာပဲ။ ခု လားရှိုးဆေးရုံကို ပို့ထားတယ်လို့ သိရတယ်။ ဒဏ်ရာအခြေနေ ဘယ်လိုရှိနေမလဲတော့ မသိဘူး” ဟု သီပေါမှ စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု တွန်ဆောက်ကျေးရွာမှ ဒေါ်ခင်ဌေး (အသက် ၅၄)နှစ်နှင့် အသက် (၃၀)အရွယ် ၄င်း၏ သားသည် ရွာနှင့် (၂)မိုင်ခန့်အကွာတွင် မိုင်းထိခဲ့တာဖြစ်ပြီး ဒေါ်ခင်ဌေးမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း၊ ထို့အပြင် မန်ဆိုင်းကျေးရွာမှ စိုင်းကော (၄၀)နှစ်သည် ၄င်း၏ တောင်ယာထဲတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တာကြောင်း သိရသည်။

ထိုကျေးရွာအနီးပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တပ် ဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစု(TNLA ၊ SSPP/SSA) တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် နယ်မြေဖြစ်ကြောင်း၊ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများ မိုင်းအန္တရာယ်ကင်းစွာ သွားလာနိုင်ဖို့အတွက် မိုင်းများကို ရှင်းလင်းပေးစေလိုကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဖြစ်နိုင်ရင်တော့ အဲ့ဒီကျေးရွာအနီးနား နယ်မြေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဒီ မြေမြုပ်မိုင်းတွေကို ရှင်းလင်းပေးစေချင်တယ်။ ပြည်သူတွေ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်အောင် ကူညီပေးစေချင်တယ်။ ဒီရက်ပိုင်း နေရပ်ပြန်တဲ့ စစ်ရှောင်တွေ မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တာဆိုတော့ ခုဆို ရွာကလူတွေလည်း စိတ်မချတော့ဘူး။ သွားလာဖို့ ကြောက်ရွံ့နေကြပြီ” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပုံဖမ်းနှင့် လောင်ခွန်ကျေးရွာမှ ပြည်သူနေအိမ် (၃)အိမ် လက်နက်ထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...