SSPP/SSA
သျှမ်းပြည်အတွင်း ကုန်စုံဆိုင်တစ်ချို့ အရောင်းဝယ် ရပ်ဆိုင်းထား
စစ်ကောင်စီသည် ဇူလိုင်လကုန် ၂ သောင်းတန် အသစ်ကို ထုတ်ဝေသွားမည်ဟု ကြေညာပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ဆေးဆိုင်၊ ကုန်စုံဆိုင်အချို့က အရောင်း၊ အဝယ် ရပ်တန့်ထားကြောင်း စုံစမ်း သိရှိရသည်။ လက်ရှိ သျှမ်းပြည် တောင်ကြီးမြို့နယ်အတွင်း ဆေးကုမ္ပဏီ ၊ အချိုရည်ကုမ္ပဏီ ၊ ကုန်စုံဆိုင်များ ကုန်တင်ပို့မှုမရှိတော့ဘဲ ဆိုင်များလည်း...
UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံနေ
သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့က...
လဲချားမြို့နယ် SSPP/SSA တပ်စခန်းရှိသည့်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ပျံဝဲ
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းရှိရာနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၆ ကြိမ်ထပ်မနည်း ပျံဝဲခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန် ၂၈) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်သည် လဲချားမြို့နယ် SSPP/SSA...
နမ့်လန်မြို့တွင်း SSPP/SSA တပ်ဖွဲ့ တပ်သားစုဆောင်းရာတွင် အမျိုးသားမတွေ့ပါက အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွား
သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့တွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့သည် တပ်သားသစ်စုဆောင်းရာ နေအိမ်ထဲ အမျိုးသား မတွေ့ရှိပါက အမျိုးသမီးကိုပါ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် နမ့်လန်မြို့ ပန်ဟိုက်ကျေးရွာထဲသို့ SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်လာရောက် ခေါ်ဆောင်ရာ နေအိမ်ထဲတွင်...
SSPP တပ်သားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ ၃ ဦးကို ဖမ်းဆီခေါ်ဆောင်သွား
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ၏ တပ်သား ၁ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ပြီး ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယကျေးရွာအုပ်စု၌ စခန်းချ...
မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံတစ်ဦး တောထဲသွားစဉ် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက် လွယ်ယန်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးသည် တောထဲ ကျွဲသွားကျောင်းချိန်တွင် လည်ပင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။ “ သူတောထဲမှာ ကျွဲသွားကျောင်းတာတဲ့။ အဲနေ့ကတည်းက ပြန်မလာတော့ဘူး။...
သွေးစွန်းလက်ကိုတွဲပြီး သွေးရင်းလက်ကိုချန်ခဲ့ပြီလား …..
ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လာခဲ့တာ ဒီကနေ့ (မေ ၂၁) ရက်ဆိုရင် (၆၅) နှစ် တိုင်ခဲ့ပါပြီ။ ဒီ (၆၅) နှစ်တိုင် သျှမ်းအမျိုးသားအရေး၊ သျှမ်းလူမျိုးအရေး လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းပြည်တပ်မတော်တွေဟာ လက်ရှိမှာရော သျှမ်းလူထုအကျိုးကို ဘယ်လိုတွေ ဆောင်ရွက်နေလဲဆိုတာ ပြန်လည် ဆန်းစစ်သုံးသပ်သင့်တဲ့အချိန်တိုင် ပါပြီ။ လက်ရှိ...
အရပ်သားကို မီးမြှိုက်ပြီး အမှုစစ်ခဲ့သည်ဟု SSPP ဝန်ခံပြော
အရပ်သားတစ်ဦးကို မီးမြှိုက်ပြီး အမှုစစ်ခဲ့သည့် ဗီဒီယိုဖိုင် ကိစ္စသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်မှ ဝန်ခံပြောဆိုလိုက်သည်။ ဗီဒီယိုဖိုင်ထဲတွင် SSPP/SSA စစ်ဝတ်စုံဖြင့် ဝတ်ဆင်ထားသည့် စစ်သား ၃ ဦးသည် အရပ်သား တစ်ဦးကို သစ်ပင်ပေါ်ကြိုးချည်ပြီး မီးမြှိုက်ထားသည်။ အဆိုပါ ဗီဒီယိုသည် ယမန်နေ့ (မေ ၉)...
လဲချားမြို့နယ် သျှမ်းတပ် (၂)တပ် ပစ်ခတ်သံကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရ
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာမှုကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးရပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းတပ် (၂) တပ် ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့်...
ဟိုပုံးမြို့နယ် စစ်ရှောင်ကလေးများ စာသင်ကြားရန် စာရေးကိရိယာများ လိုအပ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ပန်လုံရွာသစ်စစ်ရှောင်စခန်းအတွင်းနေထိုင်သည့် ကလေးများ စာသင်ရန်အတွက် စာရေးကိရိယာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ တိုက်ပွဲကြောင့် ၁ နှစ်ကျော်ကြာ ဟိုပုံးမြို့နယ် ပန်လုံရွာသစ်သို့ ပြောင်းရွှေ့နေထိုင်ရသည့် စစ်ရှောင်များသည် လက်ရှိမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်နိုင်ခဲ့သော်လည်း ကလေးငယ်များ စာသင်ကြားဖို့ရန်အတွက် စာအုပ်၊ ခဲတံနှင့် ဘောပင် များလိုအပ်နေကြောင်း...





