SSPP/SSA
သွေးစွန်းလက်ကိုတွဲပြီး သွေးရင်းလက်ကိုချန်ခဲ့ပြီလား …..
ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လာခဲ့တာ ဒီကနေ့ (မေ ၂၁) ရက်ဆိုရင် (၆၅) နှစ် တိုင်ခဲ့ပါပြီ။ ဒီ (၆၅) နှစ်တိုင် သျှမ်းအမျိုးသားအရေး၊ သျှမ်းလူမျိုးအရေး လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းပြည်တပ်မတော်တွေဟာ လက်ရှိမှာရော သျှမ်းလူထုအကျိုးကို ဘယ်လိုတွေ ဆောင်ရွက်နေလဲဆိုတာ ပြန်လည် ဆန်းစစ်သုံးသပ်သင့်တဲ့အချိန်တိုင် ပါပြီ။ လက်ရှိ...
အရပ်သားကို မီးမြှိုက်ပြီး အမှုစစ်ခဲ့သည်ဟု SSPP ဝန်ခံပြော
အရပ်သားတစ်ဦးကို မီးမြှိုက်ပြီး အမှုစစ်ခဲ့သည့် ဗီဒီယိုဖိုင် ကိစ္စသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်မှ ဝန်ခံပြောဆိုလိုက်သည်။ ဗီဒီယိုဖိုင်ထဲတွင် SSPP/SSA စစ်ဝတ်စုံဖြင့် ဝတ်ဆင်ထားသည့် စစ်သား ၃ ဦးသည် အရပ်သား တစ်ဦးကို သစ်ပင်ပေါ်ကြိုးချည်ပြီး မီးမြှိုက်ထားသည်။ အဆိုပါ ဗီဒီယိုသည် ယမန်နေ့ (မေ ၉)...
လဲချားမြို့နယ် သျှမ်းတပ် (၂)တပ် ပစ်ခတ်သံကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရ
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာမှုကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးရပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းတပ် (၂) တပ် ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့်...
ဟိုပုံးမြို့နယ် စစ်ရှောင်ကလေးများ စာသင်ကြားရန် စာရေးကိရိယာများ လိုအပ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ပန်လုံရွာသစ်စစ်ရှောင်စခန်းအတွင်းနေထိုင်သည့် ကလေးများ စာသင်ရန်အတွက် စာရေးကိရိယာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ တိုက်ပွဲကြောင့် ၁ နှစ်ကျော်ကြာ ဟိုပုံးမြို့နယ် ပန်လုံရွာသစ်သို့ ပြောင်းရွှေ့နေထိုင်ရသည့် စစ်ရှောင်များသည် လက်ရှိမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်နိုင်ခဲ့သော်လည်း ကလေးငယ်များ စာသင်ကြားဖို့ရန်အတွက် စာအုပ်၊ ခဲတံနှင့် ဘောပင် များလိုအပ်နေကြောင်း...
SSPP အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီ နေပြည်တော် တွင်တွေ့ဆုံ
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA အပါအဝင် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ကောင်စီ တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စုံစမ်း သိရသည်။ စစ်ကောင်စီ၏ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး...
SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ် တက်ရောက်ဖွင့်ပေး
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ရှိ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသတွင် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ လျှပ်စစ်ဓာတ်အားဖွင့်ပွဲကို စစ်ကောင်စီ လက်အောက်ခံ သျှမ်းပြည် ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ လျှပ်စစ်ဓာတ်အား...
မိုင်းရယ်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့နှင့် SSPP/SSA တိုက်ပွဲဖြစ်
သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၁၁) ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ စတင်ကာ မိုင်းရယ်မြို့ အမှတ်...
ကွန်ဟိန်းမြို့နယ် သျှမ်းတပ် ၂ တပ် တိုက်ပွဲကြောင့် ဒေသခံ စစ်ရှောင်နေရ
သျှမ်းပြည် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်အတွင်း ဖြစ်ပွားသည့် သျှမ်းတပ်နှစ်တပ်၏ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ ပြည်သူတချို့က စစ်ရှောင်ထွက်ပြေးရပြီး သျှမ်းတပ်နှစ်တပ်မှလည်း အပြန်အလှန် ပြစ်တင်ပြောဆို နေကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၂ ရက်) တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) နှင့်...
တစ်နှစ်နီးပါး ရပ်ထားသည့် သျှမ်းတပ်နှစ်တပ် တိုက်ပွဲပြန်ဖြစ်
တစ်နှစ်နီးပါး ရပ်ထားသည့် သျှမ်းတပ် (၂) တပ်သည် သျှမ်းပြည် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ကျေးရွာ အနီး ယနေ့ (ဖေဖော်ဝါရီ ၂) ရက် နံနက်ပိုင်း၌ တိုက်ပွဲပြန်ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။ သျှမ်းတပ် (၂) တပ်ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊...
အရပ်သား ပြည်သူကို SSPP ဟု စွပ်စွဲပစ်သတ်သည့် စစ်ကောင်စီသည် ရန်လိုနေသည်ဟု SSPP ပြော
သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်မှ အရပ်သား ပြည်သူများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ ပစ်သတ်သည့် စစ်ကောင်စီ တပ်ဖွဲ့သည် ရန်လိုနေသည်ဟု SSPP/SSA က ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၄ နာရီ...





